ဂ်ပန္နိုင္ငံရွိကလပ္တစ္ခုတြင္လူငယ္ေတြအတြက္ အသက္ႀကီးသြားေပမဲ့ DJပြတ္ေပးေနတဲ့ အသက္၈၂ႏွစ္အရြယ္ အဖြားအို ( ႐ုပ္သံ)

သင္ဟာ Kabukichoခရိုင္ Tokyoၿမိဳ့ရွိ Decabarz ကလပ္အတြင္းကို ေျခလွမ္း လွမ္းမိသြားခဲ့ပါက စားပြဲေနာက္မွာ စည္းခ်က္တခ်ိဳ့ကို ညီေအာင္ထိန္းကာ DJပြတ္ေနတဲ့ ၈၂ႏွစ္အရြယ္အဖြားကို ေနာက္ဆုံးျမင္ခ်င္တဲ့အရာတစ္ခုအျဖစ္ သတ္မွတ္ထားသင့္ပါတယ္။အဲဒါကလည္း သင္ကို အမွန္တကယ္ျဖစ္လာေစမွာပါ။DJ Sumirock လို့လူသိမ်ားတဲ့ Sumiko Iwamuro ဆိုသူအဖြားဟာ သင္ေတြ႕ဖူးသမၽွေတြထဲမွာမွ အမိုက္ဆုံးအဖြားတစ္ဦးျဖစ္ေနပါလိမ့္မယ္။သူမလို ရြယ္တူေတြဟာ ညမွာ ႏွစ္ၿခိဳက္စြာ အိပ္ေမာက်ေနခ်ိန္ Iwamuroမွာေတာ့ ကလပ္သို့ တစ္လတစ္ႀကိမ္မကသြားကာ သူမထက္ ဆယ္စုႏွစ္ငါးခုစာငယ္တဲ့ လူငယ္ေတြအတြက္ DJပြတ္ေပးေနပါတယ္။ဒါေပမဲ့ Iwamuroဟာ DJတစ္ဦး အျမဲျဖစ္မေနခဲ့ပါဘူး။Times UK သတင္းအရ ဂ်ပန္အဖြားတစ္ဦးဟာ သူ႔သားေမြးေန႔ပါတီအတြက္ သီခ်င္းေရြးရင္း ေနာက္မွာေတာ့ သူမရဲ့စိတ္အားထက္သန္မွုတစ္ခုကို ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း သိရပါတယ္။ဒါေၾကာင့္ Iwamuro ဟာအသက္၇၀အရြယ္မွာ DJေက်ာင္းမွာ တက္ေရာက္သင္ၾကားခဲ့ၿပီး သူမရဲ့ဝါသနာသစ္ကို စတင္ရန္ လုပ္ခဲ့ပါတယ္။

ဘာက ပိုစိတ္ဝင္စားစရာေကာင္းလည္းဆိုရင္ေတာ့ လြန္ခဲ့တဲ့ အႏွစ္၆၀အတြင္း Iwamuro ရဲ့တစ္ေန႔တာ အလုပ္ဟာ အခု သူမလုပ္ေနတဲ့အရာနဲ႔ လုံးဝမသက္ဆိုင္ခဲ့ဘဲ သူမရဲ့ အခ်ိန္ေတာ္ေတာ္မ်ားမ်ားဟာ ခ်က္ျပဳတ္ၿပီး မိသားစုရဲ့စားေသာက္ဆိုင္မွာ ဖက္ထုပ္ထုပ္ခဲ့ရေၾကာင္း NTD TVအရသိရွိရပါတယ္။ဒါေပမဲ့ ကလပ္ထဲရွိ ျမင္ကြင္းအရ Iwamuro ဟာ သူမရဲ့ဝါသနာအစစ္ကို ရွာေတြ႕သြားပုံရပါတယ္။”ငါ DJ ပြတ္တဲ့အခါ ပြဲနဲ႔ကိုက္ညီမယ့္သီခ်င္းကို ေရြးၿပီး စည္းခ်က္ညီေအာင္ထိန္းရေပမဲ့ အဓိကရည္ရြယ္ခ်က္က ငါ့ပရိသတ္ေတြကို သူတို့ကိုယ္သူတို့ လြတ္လပ္စြာ ေပ်ာ္နိုင္ဖို့ပါဘဲ”ဟု ဆိုထားပါတယ္။

1

2

3

4

5

6

7

8

Jasmine (Mckzone Daily)

Source: nextshark

Unicode

သင်ဟာ Kabukichoခရိုင် Tokyoမြို့ရှိ Decabarz ကလပ်အတွင်းကို ခြေလှမ်း လှမ်းမိသွားခဲ့ပါက စားပွဲနောက်မှာ စည်းချက်တချို့ကို ညီအောင်ထိန်းကာ DJပွတ်နေတဲ့ ၈၂နှစ်အရွယ်အဖွားကို နောက်ဆုံးမြင်ချင်တဲ့အရာတစ်ခုအဖြစ် သတ်မှတ်ထားသင့်ပါတယ်။အဲဒါကလည်း သင်ကို အမှန်တကယ်ဖြစ်လာစေမှာပါ။DJ Sumirock လို့လူသိများတဲ့ Sumiko Iwamuro ဆိုသူအဖွားဟာ သင်တွေ့ဖူးသမျှတွေထဲမှာမှ အမိုက်ဆုံးအဖွားတစ်ဦးဖြစ်နေပါလိမ့်မယ်။သူမလို ရွယ်တူတွေဟာ ညမှာ နှစ်ခြိုက်စွာ အိပ်မောကျနေချိန် Iwamuroမှာတော့ ကလပ်သို့ တစ်လတစ်ကြိမ်မကသွားကာ သူမထက် ဆယ်စုနှစ်ငါးခုစာငယ်တဲ့ လူငယ်တွေအတွက် DJပွတ်ပေးနေပါတယ်။ဒါပေမဲ့ Iwamuroဟာ DJတစ်ဦး အမြဲဖြစ်မနေခဲ့ပါဘူး။Times UK သတင်းအရ ဂျပန်အဖွားတစ်ဦးဟာ သူ့သားမွေးနေ့ပါတီအတွက် သီချင်းရွေးရင်း နောက်မှာတော့ သူမရဲ့စိတ်အားထက်သန်မှုတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရပါတယ်။ဒါကြောင့် Iwamuro ဟာအသက်၇၀အရွယ်မှာ DJကျောင်းမှာ တက်ရောက်သင်ကြားခဲ့ပြီး သူမရဲ့ဝါသနာသစ်ကို စတင်ရန် လုပ်ခဲ့ပါတယ်။

ဘာက ပိုစိတ်ဝင်စားစရာကောင်းလည်းဆိုရင်တော့ လွန်ခဲ့တဲ့ အနှစ်၆၀အတွင်း Iwamuro ရဲ့တစ်နေ့တာ အလုပ်ဟာ အခု သူမလုပ်နေတဲ့အရာနဲ့ လုံးဝမသက်ဆိုင်ခဲ့ဘဲ သူမရဲ့ အချိန်တော်တော်များများဟာ ချက်ပြုတ်ပြီး မိသားစုရဲ့စားသောက်ဆိုင်မှာ ဖက်ထုပ်ထုပ်ခဲ့ရကြောင်း NTD TVအရသိရှိရပါတယ်။ဒါပေမဲ့ ကလပ်ထဲရှိ မြင်ကွင်းအရ Iwamuro ဟာ သူမရဲ့ဝါသနာအစစ်ကို ရှာတွေ့သွားပုံရပါတယ်။”ငါ DJ ပွတ်တဲ့အခါ ပွဲနဲ့ကိုက်ညီမယ့်သီချင်းကို ရွေးပြီး စည်းချက်ညီအောင်ထိန်းရပေမဲ့ အဓိကရည်ရွယ်ချက်က ငါ့ပရိသတ်တွေကို သူတို့ကိုယ်သူတို့ လွတ်လပ်စွာ ပျော်နိုင်ဖို့ပါဘဲ”ဟု ဆိုထားပါတယ်။

Jasmine (Mckzone Daily)

  • Leave a Comment