အလုပ်သွားရင်း တွေ့ခဲ့တဲ့သူစိမ်းတွေရဲ့ပုံရိပ်ကို iPhone တစ်လုံးထဲနဲ့ စွဲမက်ဖွယ်ကောင်းအောင် ဓာတ်ပုံရိုက်ယူပြခဲ့တဲ့ အမျိုးသမီး


1

2

3

4

5

6

8

9

10

11

12

13

14

15

16

17

18

19

20

21

22

23

24

25

Jasmine (Mckzone Daily)

Source: .boredpanda

Unicode

ကျွန်တော်တို့တွေထဲမှ အများစုဟာ အလုပ်ခွင်သို့သွားရန် အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးဖြစ်တဲ့ မီးရထား၊မြို့ပတ်ကားတို့ကိုသာ အသုံးပြုကြရပါတယ်။အဲဒီနေရာတွေမှာ ကွဲပြားခြားနားပြီး စိတ်ဝင်စားစရာကောင်းတဲ့ လူတွေများစွာကို မြင်တွေ့ကြရမှာပါ။သူတို့ထဲမှအများစုဟာ တစ်နေ့တာ အကြောင်းကို စိတ်ကူးယဉ်ဆန်စွာ ကြိုတွေးနေတတ်ကြပြီး သူတို့ရဲ့ ဖုန်း သို့မဟုတ် စာအုပ်တွေနဲ့လည်း အလုပ်များနေတတ်ကြပါတယ်။အသက်၁၅နှစ်အရွယ်ကလေးမိခင်တစ်ဦးဖြစ်ပြီး ဆေးရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ အစ္စရေး အင်ဂျင်နီယာတစ်ဦးလည်းဖြစ်တဲ့ Dina Alfasi ဆိုသူ အမျိုးသမီးဟာ ရိုးရှင်းပေမဲ့ လှပတဲ့ သူစိမ်းတွေရဲ့ အတွေးနွံနစ်နေတဲ့ ပုံရိပ်တွေကို ထင်ယပ်စေတဲ့ အဲဒီအချိန်တိုလေးကို သူမက အကျိုးရှိစွာ အသုံးချခဲ့ပါတယ်။သူမဟာ နေ့စဉ်အလုပ်သွားတဲ့ အချိန်တိုင်း ရိုးရှင်းလှပတဲ့ လူတွေရဲ့ ဘဝ အခိုက်အတန့်လေးတွေကို ဓာတ်ပုံရိုက်ရန်အတွက် သူမရဲ့ iPhoneကို အသုံးပြုခဲ့ပါတယ်။Dina ဟာ လက်တွေ့ကျတဲ့ဗိသုကာဆိုင်ရာအင်ဂျင်နီယာ တစ်ဦးဖြစ်သလို ကမ်းခြေ၊စကိတ်ကွင်းတို့မှာ ဓာတ်ပုံရိုက်ရင်း အချိန်ဖြုန်းရတာကိုလည်း ကြိုက်နှစ်သက်သူတစ်ဦးပါ။သူမဟာ ကမ္ဘာတစ်ဝှမ်းရှိ အထူးသဖြင့် ဖုန်းဖြင့်သာ ဓာတ်ပုံရိုက်ကြတဲ့ အံ့ဩစရာကောင်းတဲ့ ဓာတ်ပုံဆရာတို့ကို သဘောကျကြောင်း ဆိုထားပါတယ်။စာဖတ်သူတို့ ဓာတ်ပုံတွေကို ကြည့်ရှုသုံးသပ်နိုင်ရန် Dina ရဲ့ ဖုန်းဖြင့်သာ ရိုက်ကူးထားတဲ့ ရိုးရှင်းလှပတဲ့ ရိုက်ချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Jasmine (Mckzone Daily)

  • Leave a Comment