ကားထဲမွာ ေခြးအေမြးေတြကြၽတ္က်မွာဆိုးလို႔ ေခြးကိုကားအေနာက္ဖက္ အတန္းေလးမွာႀကိဳးခ်ည္ၿပီး စီးခိုင္းခဲ့တဲ့ (႐ုပ္ /သံ)

တ႐ုတ္ႏိုင္ငံ ၊ Sichuan ျပည္နယ္မွာေနထိုင္တဲ့အမ်ိဳးသားတစ္ေယာက္ဟာ သူ၏ေခြးေလးရဲ႕အေမြးေတြ ကားထဲမွာ႐ွိတဲ့ထိုင္ခံုေတြေပၚကြၽတ္က်မွာဆိုးလို႔ဆိုၿပီး ဘယ္သူကမွ မေတြးထင္ထားခဲ့တဲ့အရာတစ္ခုကိုျပဳလုပ္ခဲ့ပါတယ္ ။ အဲတာကေတာ့ ေမာင္းႏွင္လာတဲ့ကားရဲ႕ အျပင္ဖက္အေနာက္တန္းအေသးေလးမွာ ေခြးကိုႀကိဳးခ်ည္ထားၿပီး လိုက္စီးေစခဲ့တာျဖစ္ပါတယ္ ။ထို႔ေၾကာင့္ ေဒသခံရဲအရာ႐ွိမ်ားက အဆိုပါယာဥ္ေမာင္းသမားကို ဖမ္းဆီးခဲ့ခ်ိန္မွာေတာ့ သူ၏ကားထိုင္ခံုေတြအေပၚမွာ ေခြးအေမြးေတြမကြၽတ္က်ေစလိုေသာေၾကာင့္ျဖစ္ေၾကာင္း အေၾကာင္းျပခ်က္ေပးခဲ့ပါတယ္ ။ အနည္းဆံုးေတာ့ ေခြးကိုကားနဲ႔ တရြတ္တိုက္ၿပီးဆြဲေခၚလာတာ မဟုတ္လို႔ေတာ္ေသးတယ္လို႔ေတာ့ ေျပာရမွာပါပဲ ။ သို႔ေပမဲ့လည္း ကိုယ့္ရဲ႕အိမ္ေမြးတိရစာၦန္ကို ကားအေနာက္မွာစီးႏွင္းလိုက္ပါေစခိုင္းခ်င္ဟာ အႏၱရာယ္မ်ားလြန္းတဲ့အတြက္ ေခြးအေမြးေတြကားထိုင္ခံုေပၚကြၽတ္က်မွာမလိုးလားလို႔ဆိုတဲ့အေၾကာင္းျပခ်က္နဲ႔ ေခြးေလးကိုအသက္အႏၱရာယ္ႏွင့္ ၾကံဳေတြ႔ေစတဲ့အတြက္ ယာဥ္ေမာင္းကို ရဲအရာ႐ွိမ်ားကဒဏ္ေငြ ေဆာင္ခိုင္းခဲ့ပါတယ္ ။ ထို႔အျပင္ ယာဥ္လမ္းေၾကာင္းေျပာင္းတာကိုပါ အခ်က္ျပမီးမျပပဲ ကူးေျပာင္းခဲ့တဲ့အတြက္ အာဏာပိုင္မ်ားကိုစုစုေပါင္းဒဏ္ေၾကးေငြ 50 yuan ( ျမန္မာေငြ 1ေသာင္းဝန္းက်င္) ေပးေဆာင္ခိုင္းခဲ့ပါတယ္ ။

ယာဥ္ေမာင္းအမ်ိဳးသားကေတာ့ ျဖစ္လာမည့္ျပသာနာေတြကိုမေတြးပဲ ေခြးအေမြးေတြမ႐ွင္းရရင္ရၿပီ ဆိုတဲ့အေတြးမ်ိဳးနဲ႔ အဆိုပါလုပ္ရပ္မ်ိဳး က်ဴ းလြန္ခဲ့ပံုရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တရုတ်နိုင်ငံ ၊ Sichuan ပြည်နယ်မှာနေထိုင်တဲ့အမျိုးသားတစ်ယောက်ဟာ သူ၏ခွေးလေးရဲ့အမွေးတွေ ကားထဲမှာရှိတဲ့ထိုင်ခုံတွေပေါ်ကျွတ်ကျမှာဆိုးလို့ဆိုပြီး ဘယ်သူကမှ မတွေးထင်ထားခဲ့တဲ့အရာတစ်ခုကိုပြုလုပ်ခဲ့ပါတယ် ။ အဲတာကတော့ မောင်းနှင်လာတဲ့ကားရဲ့ အပြင်ဖက်အနောက်တန်းအသေးလေးမှာ ခွေးကိုကြိုးချည်ထားပြီး လိုက်စီးစေခဲ့တာဖြစ်ပါတယ် ။ထို့ကြောင့် ဒေသခံရဲအရာရှိများက အဆိုပါယာဉ်မောင်းသမားကို ဖမ်းဆီးခဲ့ချိန်မှာတော့ သူ၏ကားထိုင်ခုံတွေအပေါ်မှာ ခွေးအမွေးတွေမကျွတ်ကျစေလိုသောကြောင့်ဖြစ်ကြောင်း အကြောင်းပြချက်ပေးခဲ့ပါတယ် ။ အနည်းဆုံးတော့ ခွေးကိုကားနဲ့ တရွတ်တိုက်ပြီးဆွဲခေါ်လာတာ မဟုတ်လို့တော်သေးတယ်လို့တော့ ပြောရမှာပါပဲ ။ သို့ပေမဲ့လည်း ကိုယ့်ရဲ့အိမ်မွေးတိရစ္ဆာန်ကို ကားအနောက်မှာစီးနှင်းလိုက်ပါစေခိုင်းချင်ဟာ အန္တရာယ်များလွန်းတဲ့အတွက် ခွေးအမွေးတွေကားထိုင်ခုံပေါ်ကျွတ်ကျမှာမလိုးလားလို့ဆိုတဲ့အကြောင်းပြချက်နဲ့ ခွေးလေးကိုအသက်အန္တရာယ်နှင့် ကြုံတွေ့စေတဲ့အတွက် ယာဉ်မောင်းကို ရဲအရာရှိများကဒဏ်ငွေ ဆောင်ခိုင်းခဲ့ပါတယ် ။ ထို့အပြင် ယာဉ်လမ်းကြောင်းပြောင်းတာကိုပါ အချက်ပြမီးမပြပဲ ကူးပြောင်းခဲ့တဲ့အတွက် အာဏာပိုင်များကိုစုစုပေါင်းဒဏ်ကြေးငွေ 50 yuan ( မြန်မာငွေ 1သောင်းဝန်းကျင်) ပေးဆောင်ခိုင်းခဲ့ပါတယ် ။

ယာဉ်မောင်းအမျိုးသားကတော့ ဖြစ်လာမည့်ပြသာနာတွေကိုမတွေးပဲ ခွေးအမွေးတွေမရှင်းရရင်ရပြီ ဆိုတဲ့အတွေးမျိုးနဲ့ အဆိုပါလုပ်ရပ်မျိုး ကျူ းလွန်ခဲ့ပုံရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ကားထဲမွာ ေခြးအေမြးေတြကြၽတ္က်မွာဆိုးလို႔ ေခြးကိုကားအေနာက္ဖက္ အတန္းေလးမွာႀကိဳးခ်ည္ၿပီး စီးခိုင္းခဲ့တဲ့ (႐ုပ္ /သံ)"

Leave a comment

Your email address will not be published.


*