သခင့်ရဲ့ အချစ်တွေအကုန်အရယူထားတဲ့ ကံအကောင်းဆုံးခွေးလေး


Jasmine (Mckzone Daily)

Source: 小回忆 Little Memories

Unicode

ဒီတစ်ခေါက်ဖော်ပြမဲ့ ခွေးလေးကတော့ အတော့်ကိုကံကောင်းတယ်လို့ပြောရမှာပါပဲ ။ အလုပ်သွားတဲ့သခင်နောက် လိုက်ပါခွင့်ရတဲ့အပြင် ၊ ကူးစက်ရောဂါကြောင့် လူတိုင်းလိုလို mask တပ်ရမဲ့အချိန်မှာ သခင်က ခွေးလေးကိုဦးစားပေးပြီး သူ့ရဲ့ mask ကို တပ်ထားခိုင်းလို့ပါပဲ ။ ခွေးလေးက သခင့်နောက်နေ့စဉ် လိုက်ပါခွင့်ရရှိပုံပါပဲ ။ ဘာလို့လည်းဆိုတော့ ဆိုင်ကယ်ကို ဟန်ချက်ညီညီထိန်းပြီး လိုက်စီးနိုင်လို့ပါ ။ အဆိုပါ ကြည်နူးဖွယ်ကောင်းလွန်းတဲ့မြင်ကွင်းကို လမ်းသွားလမ်းလာတစ်ဦးက ဖုန်းနဲ့ အမိအရဓာတ်ပုံရိုက်ကူးထားနိုင်ခဲ့တာဖြစ်ပြီး social media ပေါ်မှာ ပြန်လည်ဝေမျှပေးခဲ့တာဖြစ်ပါတယ် ။ အဆိုပါမြင်ကွင်းလေးဟာလည်း ကြည့်ရှုမိသူတိုင်းကို ရင်ထဲနွေးထွေးသွားစေမဲ့ ခံစားချက်လေး ပေးစွမ်းနိုင်ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment