ေတာင္ကိုရီးယားနိုင္ငံရွိ ဆင္းရဲသားတို႔ရဲ့ခက္ခဲတဲ့လူေနမႈအေျခအေနမ်ားကို ဖမ္းယူရိုက္ကူးထားခဲ့တဲ့ ဓာတ္ပုံဆရာတစ္ဦး

ေတာင္ကိုရီးယားနိုင္ငံရွိ “ goshiwon”ေခၚ အခန္းတစ္ခန္းမွာ ေျခခ်စရာ ေနရာအနည္းငယ္သာရွိတဲ့တိုက္ခန္းအိမ္ရာမ်ားတြင္သီးျခားေနထိုင္ၾကၿပီး အလြန္အလုပ္မ်ားတဲ့ဆင္းရဲသားတို့ရဲ့ လူေနမွုပုံစံမ်ားကို ေတာင္ကိုရီးယားဓာတ္ပုံဆရာတစ္ဦးကထုတ္ေဖာ္ျပသခဲ့ပါတယ္။ “ goshiwon” ဟာေသးငယ္တဲ့တိုက္ခန္းျဖစ္ၿပီး ပုံမွန္အားျဖင့္ကိုရီးယားတကၠသိုလ္ေက်ာင္းသားအမ်ားစု ေနထိုင္ၾကပါတယ္။တိုက္ခန္းရဲ့အတြင္းခန္းတစ္ခန္းမွာ စားပြဲတစ္လုံး၊ အိပ္ရာ၊မီးဖိုေခ်ာင္ႏွင့္ေရခ်ိဳးခန္းတို့ပါရွိၿပီးgoshiwon ကို goshitel လို့လည္းေခၚၾကပါတယ္။အဆိုပါ တိုက္ခန္းေတြဟာ ေတာင္ကိုရီးယားမွာေထာင္ေပါင္းမ်ားစြာရွိေနၿပီး အမ်ားစုကဆိုးလ္ၿမိဳ့မွာပါ။ goshiwon တို့ရဲ့ ေစ်းႏွုန္းဟာ တစ္လလၽွင္ ဝမ္၂၀၀,၀၀၀မွ၄၀၀,၀၀၀ (ေဒၚလာ ၁၇၅ မွ ၃၄၅ ေဒၚလာ) အထိရွိပါတယ္။ Gangwon ျပည္နယ္ Gangneung ၿမိဳ့ရွိ၂၉ ႏွစ္အရြယ္ဓာတ္ပုံဆရာ Sim Kyu-dong ဟာ အလုပ္ ရွာရန္ဆိုးလ္သို့ေျပာင္းေရႊ႕ခဲ့ၿပီး သူ ဟာ Sillim-dong ရွိ goshitel မွာသုံးႏွစ္ေက်ာ္ၾကာေနထိုင္ခဲ့ပါတယ္။Sim ရဲ့တိုက္ခန္းဟာ အမွန္စင္စစ္ဆင္းရဲသားမ်ားခိုလွုံရာေနရာတစ္ခုျဖစ္ေၾကာင္း သိလိုက္ရတဲ့အခါ Sim ဟာ goshiwon ရဲ့ျဖစ္စဥ္ကို ဓာတ္ပုံစီမံကိန္းတစ္ခုအျဖစ္ ျပဳလုပ္ရန္စိတ္ကူးစိတ္သန္းရခဲ့ပါတယ္။ Sim ဟာ ၁၀ လၾကာအတူေနထိုင္ခဲ့တဲ့ အမည္မေဖာ္ goshi-အိမ္နီးခ်င္းေတြကို ရိုက္ကူးကာ မွတ္တမ္းတင္ခဲ့ေၾကာင္း အင္တာဗ်ဴးတစ္ခုတြင္ သူရဲ့အေတြ႕အၾကဳံကိုမၽွေဝခဲ့ပါတယ္။

“ပတ္၀န္းက်င္ကလူေတြက ကၽြန္ေတာ့္ကို စာေမးပြဲအတြက္ျပင္ဆင္ေနတာလားလို့ေမးၾကတယ္။ ဒီ goshitel ကို ကၽြန္ေတာ္စေရာက္လာကတည္းက အဲ့လို ေမးခြန္းေတြ အမ်ားႀကီး အေမးခံခဲ့ရတယ္”ဟုSimက ဆိုထားပါတယ္။goshitel ရွိေနထိုင္သူတို့ရဲ့ လူေနမွုအေျခအေနအဆင့္အတန္းမ်ားဟာ Sim အားနက္နက္ရွိုင္းရွိုင္းအက်ိဳးသက္ေရာက္ေစခဲ့ပါတယ္။လူအမ်ားစုအတြက္ goshitel မွာေနထိုင္ျခင္းဟာ ဆင္းရဲျခင္း၊ အလုပ္မ်ားျခင္း၊ လူ႔အဖြဲ႕အစည္းႏွင့္ေဝးကြာျခင္းတို့ႏွင့္အဓိပၸာယ္တူေနေၾကာင္းကိုလည္း သိရွိခဲ့ရပါတယ္။”သာမန္လူလတ္တန္းစားေတြက အျခားေရြးခ်ယ္စရာလမ္းရွိတဲ့အတြက္ goshitel မွာေနထိုင္တဲ့လူေတြရဲ့အဆုံးသတ္ကို တကယ္နားမလည္ၾကဘူး” ဟု Sim ကရွင္းျပခဲ့တယ္။

သုံးႏွစ္တာ goshitel မွာရွိတဲ့အေတြ႕အၾကဳံအေပၚ Sim ဟာစိတ္ဓာတ္က်ခဲ့ရၿပီး goshitel ရွိေနထိုင္သူတို့ရဲ့ ေန႔စဥ္ၾကဳံေတြ႕ေနရတဲ့ အခက္အခဲမ်ားစြာပါကို သိရွိခဲ့ရပါတယ္။ေက်းဇူးတင္စရာေကာင္းတာက Sim ဟာ Gangneung ၿမိဳ့ကို ျပန္လာၿပီး သူကိုယ္တိုင္စားေသာက္ေဖ်ာ္ေျဖမွုျပဳလုပ္ရင္း သူရဲ့စိတ္ကို ျပန္လည္တက္ႂကြေအာင္ အတတ္နိုင္ဆုံးႀကိဳးစားခဲ့ပါတယ္။”အရင္က ကၽြန္ေတာ္ဟာေတာ္ေတာ္ေရွးရိုးစြဲၿပီး အိုးမဲ့အိမ္မဲ့ သို့မဟုတ္ ဆင္းရဲတဲ့လူေတြအေပၚ စာနာမွုမေပးတတ္ခဲ့ပါဘူး။ဒါေပမဲ့ goshitel မွာ ေနထိုင္ခဲ့ၿပီးေနာက္ ကၽြန္ေတာ္ရဲ့အျမင္ ကိုေျပာင္းလဲပစ္နိုင္ခဲ့တယ္။သူတို့ရဲဇာတ္လမ္းေတြကို ထုတ္လႊင့္ဖို့ဆိုတာသိပ္ခက္ခဲလြန္းတယ္။”ဟု Simက ထပ္မံေျပာဆိုထားပါတယ္။

1

2

3

4

5

6

Jasmine (Mckzone Daily)

Source: nextshark.

Unicode

တောင်ကိုရီးယားနိုင်ငံရှိ “ goshiwon”ခေါ် အခန်းတစ်ခန်းမှာ ခြေချစရာ နေရာအနည်းငယ်သာရှိတဲ့တိုက်ခန်းအိမ်ရာများတွင်သီးခြားနေထိုင်ကြပြီး အလွန်အလုပ်များတဲ့ဆင်းရဲသားတို့ရဲ့ လူနေမှုပုံစံများကို တောင်ကိုရီးယားဓာတ်ပုံဆရာတစ်ဦးကထုတ်ဖော်ပြသခဲ့ပါတယ်။ “ goshiwon” ဟာသေးငယ်တဲ့တိုက်ခန်းဖြစ်ပြီး ပုံမှန်အားဖြင့်ကိုရီးယားတက္ကသိုလ်ကျောင်းသားအများစု နေထိုင်ကြပါတယ်။တိုက်ခန်းရဲ့အတွင်းခန်းတစ်ခန်းမှာ စားပွဲတစ်လုံး၊ အိပ်ရာ၊မီးဖိုချောင်နှင့်ရေချိုးခန်းတို့ပါရှိပြီးgoshiwon ကို goshitel လို့လည်းခေါ်ကြပါတယ်။အဆိုပါ တိုက်ခန်းတွေဟာ တောင်ကိုရီးယားမှာထောင်ပေါင်းများစွာရှိနေပြီး အများစုကဆိုးလ်မြို့မှာပါ။ goshiwon တို့ရဲ့ ဈေးနှုန်းဟာ တစ်လလျှင် ဝမ်၂၀၀,၀၀၀မှ၄၀၀,၀၀၀ (ဒေါ်လာ ၁၇၅ မှ ၃၄၅ ဒေါ်လာ) အထိရှိပါတယ်။ Gangwon ပြည်နယ် Gangneung မြို့ရှိ၂၉ နှစ်အရွယ်ဓာတ်ပုံဆရာ Sim Kyu-dong ဟာ အလုပ် ရှာရန်ဆိုးလ်သို့ပြောင်းရွှေ့ခဲ့ပြီး သူ ဟာ Sillim-dong ရှိ goshitel မှာသုံးနှစ်ကျော်ကြာနေထိုင်ခဲ့ပါတယ်။Sim ရဲ့တိုက်ခန်းဟာ အမှန်စင်စစ်ဆင်းရဲသားများခိုလှုံရာနေရာတစ်ခုဖြစ်ကြောင်း သိလိုက်ရတဲ့အခါ Sim ဟာ goshiwon ရဲ့ဖြစ်စဉ်ကို ဓာတ်ပုံစီမံကိန်းတစ်ခုအဖြစ် ပြုလုပ်ရန်စိတ်ကူးစိတ်သန်းရခဲ့ပါတယ်။ Sim ဟာ ၁၀ လကြာအတူနေထိုင်ခဲ့တဲ့ အမည်မဖော် goshi-အိမ်နီးချင်းတွေကို ရိုက်ကူးကာ မှတ်တမ်းတင်ခဲ့ကြောင်း အင်တာဗျူးတစ်ခုတွင် သူရဲ့အတွေ့အကြုံကိုမျှဝေခဲ့ပါတယ်။

“ပတ်ဝန်းကျင်ကလူတွေက ကျွန်တော့်ကို စာမေးပွဲအတွက်ပြင်ဆင်နေတာလားလို့မေးကြတယ်။ ဒီ goshitel ကို ကျွန်တော်စရောက်လာကတည်းက အဲ့လို မေးခွန်းတွေ အများကြီး အမေးခံခဲ့ရတယ်”ဟုSimက ဆိုထားပါတယ်။goshitel ရှိနေထိုင်သူတို့ရဲ့ လူနေမှုအခြေအနေအဆင့်အတန်းများဟာ Sim အားနက်နက်ရှိုင်းရှိုင်းအကျိုးသက်ရောက်စေခဲ့ပါတယ်။လူအများစုအတွက် goshitel မှာနေထိုင်ခြင်းဟာ ဆင်းရဲခြင်း၊ အလုပ်များခြင်း၊ လူ့အဖွဲ့အစည်းနှင့်ဝေးကွာခြင်းတို့နှင့်အဓိပ္ပာယ်တူနေကြောင်းကိုလည်း သိရှိခဲ့ရပါတယ်။”သာမန်လူလတ်တန်းစားတွေက အခြားရွေးချယ်စရာလမ်းရှိတဲ့အတွက် goshitel မှာနေထိုင်တဲ့လူတွေရဲ့အဆုံးသတ်ကို တကယ်နားမလည်ကြဘူး” ဟု Sim ကရှင်းပြခဲ့တယ်။

သုံးနှစ်တာ goshitel မှာရှိတဲ့အတွေ့အကြုံအပေါ် Sim ဟာစိတ်ဓာတ်ကျခဲ့ရပြီး goshitel ရှိနေထိုင်သူတို့ရဲ့ နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲများစွာပါကို သိရှိခဲ့ရပါတယ်။ကျေးဇူးတင်စရာကောင်းတာက Sim ဟာ Gangneung မြို့ကို ပြန်လာပြီး သူကိုယ်တိုင်စားသောက်ဖျော်ဖြေမှုပြုလုပ်ရင်း သူရဲ့စိတ်ကို ပြန်လည်တက်ကြွအောင် အတတ်နိုင်ဆုံးကြိုးစားခဲ့ပါတယ်။”အရင်က ကျွန်တော်ဟာတော်တော်ရှေးရိုးစွဲပြီး အိုးမဲ့အိမ်မဲ့ သို့မဟုတ် ဆင်းရဲတဲ့လူတွေအပေါ် စာနာမှုမပေးတတ်ခဲ့ပါဘူး။ဒါပေမဲ့ goshitel မှာ နေထိုင်ခဲ့ပြီးနောက် ကျွန်တော်ရဲ့အမြင် ကိုပြောင်းလဲပစ်နိုင်ခဲ့တယ်။သူတို့ရဲဇာတ်လမ်းတွေကို ထုတ်လွှင့်ဖို့ဆိုတာသိပ်ခက်ခဲလွန်းတယ်။”ဟု Simက ထပ်မံပြောဆိုထားပါတယ်။

Jasmine (Mckzone Daily)

  • Leave a Comment