အိမ္ေမြးတိရိစၧာန္ေလးေတြနဲ႔တစ္ပံုစံတည္းဆင္တူတဲ့ အိမ္တြင္းစီးဖိနပ္ေလးေတြ

အိမ္ေမြးတိရိစၧာန္ေလးေတြဟာ လူသားေတြရဲ့ဘဝအတြက္ ေသခ်ာေပါက္ အေကာင္းဆုံးက႑တစ္ခုအျဖစ္ပါဝင္ေနၾကပါတယ္။သူတို့ဟာ အဆင္မေျပတဲ့ေန႔ေတြမွာ သင္ရဲ့ေဘးနား အတူတူထိုင္ေပးျခင္း၊သင့္အား တာဝန္ယူတတ္တဲ့ ပိုင္ရွင္တစ္ေယာက္ျဖစ္ေအာင္ လွုံ႔ေဆာ္ေပးျခင္းႏွင့္ သူတို့ရဲ့ ဗ႐ုတ္က်မွုေတြနဲ႔ သင္အား ေပ်ာ္ရႊင္ေစျခင္းတို့ကို ျပဳလုပ္နိုင္ရန္ သင့္အနား အျမဲရွိေနတတ္ၾကပါတယ္။ဒါေၾကာင့္ ကၽြန္ေတာ္တို့အမ်ားစုဟာလည္း မိမိတို့ရဲ့ ခ်စ္ျခင္းေမတၱာတို့ကို သူတို့အား ျပသနိုင္ရန္ ကိစၥႀကီးသည္ျဖစ္ေစ၊ငယ္သည္ျဖစ္ေစ ဘယ္အရာမဆို သူတို့သိရွိနိုင္မယ့္နည္းလမ္းမ်ားစြာကို ရွာေဖြၾကရပါတယ္။တခ်ိဳ့ေတြဆို ကစားစရာအ႐ုပ္ေလးေတြ ဝယ္ေပးၿပီး သူတို့အိမ္ေမြးတိရိစၧာန္ေလးရဲ့ တုံ႔ျပန္မွုေတြကို social media ေပၚ မၽွေဝကာ မွတ္တမ္းတင္ထားတတ္ၾကပါတယ္။ Cuddle Clonesဆိုတဲ့ အိမ္ေမြးတိရိစၧာန္ေလးေတြနဲ႔ သက္ဆိုင္တဲ့ ပစၥည္းေတြကို ထုတ္လုပ္တဲ့ ကုမၸဏီဟာ သူတို့ရဲ့ ထုတ္ကုန္ပစၥည္းအသစ္ကိုမိတ္ဆက္ခဲ့ၿပီး “Plush Slippers”ဆိုတဲ့ ထုတ္ကုန္အသစ္ဟာ သင္တို့အိမ္ေမြးတိရိစၧာန္ေလးရဲ့ေခါင္းပိုင္းကို ပုံစံတူကူးယူကာ ျပဳလုပ္ထားျခင္းျဖစ္ပါတယ္။လက္လုပ္ျဖစ္တာေၾကာင့္ ေစ်းမ်ားၿပီး(ဖိနပ္တစ္ဖက္စာကို ေဒၚလာ ၁၉၉)မွာၿပီး ၈ပတ္အၾကာေစာင့္ရပါတယ္။ဒါေၾကာင့္ ခ်စ္စရာေကာင္းတဲ့အိမ္ေမြးတိရိစၧာန္ေလးနဲ႔ သူတို့ရဲ့ကိုယ္ပြါးဖိနပ္ေလးတို့ရဲ့ ဓာတ္ပုံတခ်ိဳ့ကို စာဖတ္သူတို့အား မၽွေဝေပးလိုက္ပါတယ္။

1

2

3

4

5

6

7

8

9

10

11

12

13

14

15

16

17

Jasmine (Mckzone Daily)

Source: boredpanda

Unicode

အိမ်မွေးတိရိစ္ဆာန်လေးတွေဟာ လူသားတွေရဲ့ဘဝအတွက် သေချာပေါက် အကောင်းဆုံးကဏ္ဍတစ်ခုအဖြစ်ပါဝင်နေကြပါတယ်။သူတို့ဟာ အဆင်မပြေတဲ့နေ့တွေမှာ သင်ရဲ့ဘေးနား အတူတူထိုင်ပေးခြင်း၊သင့်အား တာဝန်ယူတတ်တဲ့ ပိုင်ရှင်တစ်ယောက်ဖြစ်အောင် လှုံ့ဆော်ပေးခြင်းနှင့် သူတို့ရဲ့ ဗရုတ်ကျမှုတွေနဲ့ သင်အား ပျော်ရွှင်စေခြင်းတို့ကို ပြုလုပ်နိုင်ရန် သင့်အနား အမြဲရှိနေတတ်ကြပါတယ်။ဒါကြောင့် ကျွန်တော်တို့အများစုဟာလည်း မိမိတို့ရဲ့ ချစ်ခြင်းမေတ္တာတို့ကို သူတို့အား ပြသနိုင်ရန် ကိစ္စကြီးသည်ဖြစ်စေ၊ငယ်သည်ဖြစ်စေ ဘယ်အရာမဆို သူတို့သိရှိနိုင်မယ့်နည်းလမ်းများစွာကို ရှာဖွေကြရပါတယ်။တချို့တွေဆို ကစားစရာအရုပ်လေးတွေ ဝယ်ပေးပြီး သူတို့အိမ်မွေးတိရိစ္ဆာန်လေးရဲ့ တုံ့ပြန်မှုတွေကို social media ပေါ် မျှဝေကာ မှတ်တမ်းတင်ထားတတ်ကြပါတယ်။ Cuddle Clonesဆိုတဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေနဲ့ သက်ဆိုင်တဲ့ ပစ္စည်းတွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီဟာ သူတို့ရဲ့ ထုတ်ကုန်ပစ္စည်းအသစ်ကိုမိတ်ဆက်ခဲ့ပြီး “Plush Slippers”ဆိုတဲ့ ထုတ်ကုန်အသစ်ဟာ သင်တို့အိမ်မွေးတိရိစ္ဆာန်လေးရဲ့ခေါင်းပိုင်းကို ပုံစံတူကူးယူကာ ပြုလုပ်ထားခြင်းဖြစ်ပါတယ်။လက်လုပ်ဖြစ်တာကြောင့် ဈေးများပြီး(ဖိနပ်တစ်ဖက်စာကို ဒေါ်လာ ၁၉၉)မှာပြီး ၈ပတ်အကြာစောင့်ရပါတယ်။ဒါကြောင့် ချစ်စရာကောင်းတဲ့အိမ်မွေးတိရိစ္ဆာန်လေးနဲ့ သူတို့ရဲ့ကိုယ်ပွါးဖိနပ်လေးတို့ရဲ့ ဓာတ်ပုံတချို့ကို စာဖတ်သူတို့အား မျှဝေပေးလိုက်ပါတယ်။

Jasmine (Mckzone Daily)

  • Leave a Comment