မူကြို မှာကတည်းက ချစ်ကြိုက်ခဲ့တဲ့ကောင်မလေးကို အမှန်တကယ်လက်ထပ်ယူနိုင်ခဲ့တဲ့ အမျိုးသား




Jasmine (Mckzone Daily)

Source:dailymail

Unicode

Matt Grodsky အမည်ရှိတဲ့အမျိုးသားဟာ သူမူကြိုစတက်ကတည်းက တစ်ဖက်သတ်ချစ်ကြိုက်ခဲ့ရတဲ့ကောင်မလေး Laura Scheel နဲ့ပြီးခဲ့တဲ့ 2016 ဒီဇင်ဘာလတုန်းက အမှန်တကယ်လက်ထပ်ယူနိုင်ခဲ့ပါတယ် ။ ထို့အပြင် သူတို့စတင်တွေ့ဆုံခဲ့ပုံလေးကို The Way We Met ဆိုတဲ့ခေါင်းစဉ်လေးနဲ့ ၎င်းတို့ရဲ့ Instagram မှာဝေမျှသွားခဲ့ပါတယ် ။ ” ကျွန်တော် ပထမဆုံးမှတ်မိတာကတော့ ကျွန်တော် 3နှစ်သားအရွယ်လောက်က မူကြိုခန်းရဲ့အရှေ့မှာ ရပ်နေပြီး Laura ကိုတစ်နေ့နေ့ကျရင် ရအောင်လက်ထပ်မယ်ဆိုပြီး ကြေညာခဲ့တာပါ ” ဆိုပြီး Matt ကပြောပြခဲ့ပါတယ် ။ ကလေးဘဝကတည်းက သူတို့ဟာ အတူတူဆော့ကစားလေ့ရှိကြပြီး Matt ဟာ Laura အထင်ကြီးအောင်မျိုးစုံ ဟာသတွေပြုလုပ်ပြလေ့ရှိပါတယ် ။ သူတို့ဟာငယ်ဘဝကို အတူတူဖြတ်ကျော်ခဲ့ကြပေမဲ့လည်း မူလတန်းကျောင်းစတက်တဲ့အချိန်မှာတော့ ကျောင်းကမတူတော့တဲ့အတွက် အချင်းချင်းအဆက်အသွယ်ပျက်သွားခဲ့ရပါတယ် ။ မိသားစုဝင်တွေ အချင်းချင်းကတော့ Christmas Card အပြန်အလှန်ပို့ကြပြီး အဆက်အသွယ်ရှိနေကြပေမဲ့လည်း Matt နဲ့ Laura ကတော့ အထက်တန်းကျောင်းတက်တဲ့အချိန်မှာမှ အနည်းငယ်စပြီး အဆက်အသွယ်ရှိလာခဲ့ပါတော့တယ် ။

အဲ့အချိန်မှာတော့ ကံအားလျော်စွာ အချင်းချင်းပြန်ပြီး အဆက်အသွယ်လုပ်ခဲ့ကြပြီး ၊ သူတို့ရဲ့ relationship ဟာအမှန်တကယ်ကိုစတင်လာခဲ့ပါတော့တယ် ။ အစပိုင်းမှာတော့ Laura ဟာ Matt နဲ့တွဲခုတ်ဖို့ကို တုံ့ဆိုင်းနေခဲ့ပေမဲ့လည်း နှစ်ပတ်အတွင်းမှာပဲ အမှန်တကယ် ချစ်သူရည်းစားတွေဖြစ်သွားခဲ့ကြပါတယ် ။ ” ကျွန်တော်တို့ အထက်တန်းကတည်းကနေ အခု အချိန်ထိ အချိန်အတော်ကြာတွဲခုတ်ခဲ့ကြတယ် ” ဆိုပြီး Matt ကရှင်းပြခဲ့ပါတယ် ။

ထို့အပြင် သူတို့ပထမဆုံးတွေ့ဆုံခဲ့ကြတဲ့ မူကြိုကျောင်းလေးရဲ့ရှေ့မှာပဲ Matt ဟာ Laura ကိုသူ၏ဇနီးသည်ဖြစ်ခွင့်ရဖို့အတွက် လက်ထပ်ခွင့်တောင်းခဲ့ပါတယ် ။ ထို့ကြောင့် Matt နှင့် Laura တို့ဟာ 2016 ဒီဇင်ဘာလမှာ အမှန်တကယ်လက်ထပ်ခဲ့ကြပြီး Matt ရဲ့ရည်မှန်းချက်တွေကလည်း အမှန်တကယ်အထမြောက်သွားခဲ့ပါတော့တယ် ။

Jasmine (Mckzone Daily)

Be the first to comment on "မူကြို မှာကတည်းက ချစ်ကြိုက်ခဲ့တဲ့ကောင်မလေးကို အမှန်တကယ်လက်ထပ်ယူနိုင်ခဲ့တဲ့ အမျိုးသား"

Leave a comment

Your email address will not be published.


*