ေက်ာင္းမ်ားရွိဆရာမ်ားအား မယုံၾကည္တဲ့မိဘမ်ားအတြက္ Live-Streaming အတန္းမ်ားဖြင့္လွစ္

တ႐ုတ္နိုင္ငံရွိ တ႐ုတ္စာသင္ေက်ာင္းမ်ားဟာအျငင္းပြါးဖြယ္စနစ္တစ္ခုကိုစတင္ခဲ့ပါတယ္။စာသင္ခန္းထဲမွာတိုက္ရိုက္ထုတ္လႊင့္မွုျပဳလုပ္ကာ မိဘမ်ားဟာသူတို့ရဲ့ကေလးမ်ားေက်ာင္းတက္ေနခ်ိန္အတြင္း ဘာလုပ္ေနလဲဆိုတာကို ၾကည့္ရွုနိုင္တဲ့စနစ္ဘဲျဖစ္ပါတယ္။ Shuidi Zhibo လို့ေခၚတဲ့ကုမၸဏီကေပးတဲ့ အဆိုပါ၀န္ေဆာင္မွုဟာ ယခုအခ်ိန္ထိတ႐ုတ္နိုင္ငံရွိ အင္တာနက္အသုံးျပဳသူေတြဆီက တုံ႔ျပန္မွုအမ်ိဳးမ်ိဳးကိုရရွိေနခဲ့ပါတယ္။ ထိုအစီအစဥ္ကိုေဝဖန္သူမ်ားက ေစာင့္ၾကည့္ျခင္းဟာေက်ာင္းသားမ်ားရဲ့သီးသန႔္အခ်ိန္ကိုခ်ိဳးေဖာက္ျခင္းျဖစ္ေၾကာင္းေထာက္ျပေျပာဆိုထားပါတယ္။ Shuidi Zhibo ကုမၸဏီဟာ တစ္နိုင္ငံလုံးရွိသူငယ္တန္း၊ မူလတန္းေက်ာင္းႏွင့္ အထက္တန္းေက်ာင္းမ်ားမွာရာႏွင့္ခ်ီတဲ့ တိုက္ရိုက္ထုတ္လႊင့္သည့္လိုင္းမ်ားတပ္ဆင္ထားၿပီးျဖစ္ေၾကာင္း၊အခ်ိဳ့ေက်ာင္းမ်ားရဲ့စႀကႍလမ္းမ်ား၊စားေသာက္ဆိုင္ႏွင့္အေဆာင္မ်ားတြင္လည္း တပ္ဆင္ထားၿပီးျဖစ္ေၾကာင္း Daily Mail မွေဖာ္ျပခ်က္အရ သိရွိရပါတယ္။

ကေလးမ်ားအေပၚ အလြဲသုံးစားျပဳတဲ့ဆရာမ်ားကို မၾကာေသးမီက အစီရင္ခံစာထုတ္ျပန္ခဲ့တဲ့အတြက္ ထိုအစီအစဥ္ဟာ မိဘမ်ားအားအႀကိဳက္ေတြ႕ေစခဲ့ပါတယ္။”ေက်ာင္းမွအျဖစ္အပ်က္တစ္ခုဟာ လူမွုကြန္ရက္ေပၚ မေပၚလာသင့္ေၾကာင္း၊၎ဟာပုဂၢိဳလ္ေရးသီးသန႔္တည္ရွိမွု၊ပုဂၢိဳလ္ေရးလုံျခဳံမွုကိုတရားဝင္ခ်ိဳးေဖာက္ျခင္းျဖစ္တယ္” ဟုရွန္ဟိုင္းဥပေဒကုမၸဏီမွေရွ႕ေန Zhou Ming ကေျပာၾကားခဲ့ပါၿပီး “ေက်ာင္းမွာ CCTVမ်ားတပ္ဆင္ျခင္းဟာ ကၽြန္ေတာ္ခြင့္လြတ္နားလည္နိုင္ေပမဲ့ တိုက္ရိုက္လႊင့္ထုတ္မွုအထိေတာ့မျပဳလုပ္သင့္ေၾကာင္း၊ မိဘမ်ားဟာ ကေလးေတြကို ဂ႐ုစိုက္ခ်င္ရင္ေက်ာင္းကိုသြားၿပီး CCTV ကိုၾကည့္နိုင္ေၾကာင္း”မွတ္ခ်က္ေပးသူတစ္ ဦး ကေရးသားခဲ့ပါတယ္။

အခုအေတာအတြင္း Shuidi Zhibo ဟာသူတို့ရဲ့တာဝန္ကိုအြန္လိုင္းမွတဆင့္ေျဖရွင္းခ်က္တစ္ခု ထုတ္ျပန္ခဲ့ပါတယ္။မိဘေတြဟာ သူတို့ရဲ့ကေလးမ်ားရဲ့စာသင္ခန္းအတြင္းစြမ္းေဆာင္ရည္ႏွင့္သင္ယူမွုအေျခအေနေတြကို နားလည္လိုၾကၿပီး ဆရာမ်ားဟာလည္း မိဘမ်ားရဲ့ေတာင္းဆိုခ်က္မ်ားကိုလက္ခံၾကပါတယ္။ဒီကေန႔အခ်ိန္ထိ မိဘေတြ၊ေက်ာင္းသားေတြဆီက တိုင္ၾကားခ်က္ေတြ မရေသးေၾကာင္း တုံ႔ျပန္ေျပာဆိုခဲ့ပါတယ္။

Jasmine (Mckzone Daily)

Source: nextshark

Unicode

တရုတ်နိုင်ငံရှိ တရုတ်စာသင်ကျောင်းများဟာအငြင်းပွါးဖွယ်စနစ်တစ်ခုကိုစတင်ခဲ့ပါတယ်။စာသင်ခန်းထဲမှာတိုက်ရိုက်ထုတ်လွှင့်မှုပြုလုပ်ကာ မိဘများဟာသူတို့ရဲ့ကလေးများကျောင်းတက်နေချိန်အတွင်း ဘာလုပ်နေလဲဆိုတာကို ကြည့်ရှုနိုင်တဲ့စနစ်ဘဲဖြစ်ပါတယ်။ Shuidi Zhibo လို့ခေါ်တဲ့ကုမ္ပဏီကပေးတဲ့ အဆိုပါဝန်ဆောင်မှုဟာ ယခုအချိန်ထိတရုတ်နိုင်ငံရှိ အင်တာနက်အသုံးပြုသူတွေဆီက တုံ့ပြန်မှုအမျိုးမျိုးကိုရရှိနေခဲ့ပါတယ်။ ထိုအစီအစဉ်ကိုဝေဖန်သူများက စောင့်ကြည့်ခြင်းဟာကျောင်းသားများရဲ့သီးသန့်အချိန်ကိုချိုးဖောက်ခြင်းဖြစ်ကြောင်းထောက်ပြပြောဆိုထားပါတယ်။ Shuidi Zhibo ကုမ္ပဏီဟာ တစ်နိုင်ငံလုံးရှိသူငယ်တန်း၊ မူလတန်းကျောင်းနှင့် အထက်တန်းကျောင်းများမှာရာနှင့်ချီတဲ့ တိုက်ရိုက်ထုတ်လွှင့်သည့်လိုင်းများတပ်ဆင်ထားပြီးဖြစ်ကြောင်း၊အချို့ကျောင်းများရဲ့စင်္ကြံလမ်းများ၊စားသောက်ဆိုင်နှင့်အဆောင်များတွင်လည်း တပ်ဆင်ထားပြီးဖြစ်ကြောင်း Daily Mail မှဖော်ပြချက်အရ သိရှိရပါတယ်။

ကလေးများအပေါ် အလွဲသုံးစားပြုတဲ့ဆရာများကို မကြာသေးမီက အစီရင်ခံစာထုတ်ပြန်ခဲ့တဲ့အတွက် ထိုအစီအစဉ်ဟာ မိဘများအားအကြိုက်တွေ့စေခဲ့ပါတယ်။”ကျောင်းမှအဖြစ်အပျက်တစ်ခုဟာ လူမှုကွန်ရက်ပေါ် မပေါ်လာသင့်ကြောင်း၊၎င်းဟာပုဂ္ဂိုလ်ရေးသီးသန့်တည်ရှိမှု၊ပုဂ္ဂိုလ်ရေးလုံခြုံမှုကိုတရားဝင်ချိုးဖောက်ခြင်းဖြစ်တယ်” ဟုရှန်ဟိုင်းဥပဒေကုမ္ပဏီမှရှေ့နေ Zhou Ming ကပြောကြားခဲ့ပါပြီး “ကျောင်းမှာ CCTVများတပ်ဆင်ခြင်းဟာ ကျွန်တော်ခွင့်လွတ်နားလည်နိုင်ပေမဲ့ တိုက်ရိုက်လွှင့်ထုတ်မှုအထိတော့မပြုလုပ်သင့်ကြောင်း၊ မိဘများဟာ ကလေးတွေကို ဂရုစိုက်ချင်ရင်ကျောင်းကိုသွားပြီး CCTV ကိုကြည့်နိုင်ကြောင်း”မှတ်ချက်ပေးသူတစ် ဦး ကရေးသားခဲ့ပါတယ်။

အခုအတောအတွင်း Shuidi Zhibo ဟာသူတို့ရဲ့တာဝန်ကိုအွန်လိုင်းမှတဆင့်ဖြေရှင်းချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။မိဘတွေဟာ သူတို့ရဲ့ကလေးများရဲ့စာသင်ခန်းအတွင်းစွမ်းဆောင်ရည်နှင့်သင်ယူမှုအခြေအနေတွေကို နားလည်လိုကြပြီး ဆရာများဟာလည်း မိဘများရဲ့တောင်းဆိုချက်များကိုလက်ခံကြပါတယ်။ဒီကနေ့အချိန်ထိ မိဘတွေ၊ကျောင်းသားတွေဆီက တိုင်ကြားချက်တွေ မရသေးကြောင်း တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

Jasmine (Mckzone Daily)

  • Leave a Comment