သမီးျဖစ္သူရဲ့ ေဆးကုသမွုစရိတ္အတြက္ Pikachu ဝတ္စုံကိုဝတ္ဆင္ကာ အပူတျပင္းေငြရွာေနရတဲ့ ဖခင္

Liu Yuehu ဟာ ယခင္ကေဆာက္လုပ္ေရးလုပ္သားတစ္ဦးျဖစ္ၿပီး ယခုသူဟာ Pikachu ဝတ္စုံကိုဝတ္ဆင္ၿပီး Chengdu ရွိေျမေအာက္ရထားဘူတာမွာ သူရဲ့အခ်ိန္ေတြကိုကုန္လြန္ေစခဲ့ပါတယ္။ငယ္ရြယ္ တဲ့ဖခင္ဟာ သမီးျဖစ္သူေဆးကုသမွုအတြက္ ေငြအလုံအေလာက္စုေဆာင္းနိုင္ရန္ Pikachu ဓာတ္ပုံလက္ေဆာင္မ်ားႏွင့္အတူ အခေၾကးေငြအနည္းငယ္သာေတာင္းခံေနရပါတယ္။ၿပီးခဲ့တဲ့ ဇန္နဝါရီလက Chengdu ၿမိဳ့ရွိေဆး႐ုံတစ္ခုမွ သမီးျဖစ္သူYu Yan ဟာ ျပင္းထန္တဲ့ Lymphocytic ေသြးကင္ဆာ ေရာဂါလကၡဏာေတြ႕ၿပီးေနာက္ Liu Yuehu နဲ႔သူရဲ့ဇနီးတို့ ယူက်ဳံးမရျဖစ္ခဲ့ရပါတယ္။အသက္၁ႏွစ္ေအာက္အနည္းငယ္သာရွိတဲ့ ကေလးငယ္ဟာ အသက္ရွင္ရန္ ၇၀ ရာခိုင္ႏွုန္း အခြင့္အေရးရွိေၾကာင္းႏွင့္ ကေလးငယ္ရဲ့ကုသမွုဟာ မိသားစုကို ယြမ္ေထာင္ေပါင္းမ်ားစြာရာႏွင့္ခ်ီကုန္က်နိုင္ေၾကာင္း ဆရာဝန္မ်ားက ေျပာျပခဲ့ပါတယ္။အသက္ ၂၄ ႏွစ္အရြယ္ရွိဖခင္ဟာ သူ႔ရဲ့ကေလးငယ္ကို မစြန႔္လႊတ္နိုင္တာေၾကာင့္ ေဆာက္လုပ္ေရးလုပ္သားအျဖစ္မွအလုပ္ထြက္ခဲ့ပါတယ္။သူရဲ့ကုမၸဏီဟာ ယခုႏွစ္အကုန္မွသာသူ႔ကိုေငြေပးေခ်နိုင္ၿပီးသူဟာခ်က္ခ်င္းေငြလိုေနတဲ့ အတြက္အလုပ္ထြက္ခဲ့ရပါတယ္။

ေဆး႐ုံက်သင့္ေငြဟာ တစ္ေန႔လၽွင္ယြမ္ ၃၀၀၀ (ေဒၚလာ ၄၃၅) ကုန္က်ၿပီး သူဟာ ၀င္ေငြရရန္ အတြက္ ပိုမိုေကာင္းမြန္တဲ့နည္းလမ္းမ်ားရွာေဖြရမယ္ဟုသိရွိခဲ့ရၿပီး ခုခ်ိန္ထိေဆးဝါးမ်ားႏွင့္ေဆးကုသမွုစရိတ္ဟာ ယြမ္ ၁၆၀,၀၀၀ ေက်ာ္သုံးစြဲၿပီးျဖစ္ပါတယ္။ Liu ဟာသူရဲ့ Pikachu ဝတ္စုံကို အြန္လိုင္းမွမွာယူၿပီး ဝတ္စုံနဲ႔သူဘာလုပ္ရမယ္ဆိုတာကို ေလ့လာၿပီးေနာက္ Company ကလည္းသူ႔အား အခမဲ့ေပးရန္ ဆုံးျဖတ္ခဲ့ပါတယ္။ ဇနီးျဖစ္သူက Yu Yan ကိုေဆး႐ုံမွာ ေစာင့္ေရွာက္ေနစဥ္ Liu မွာေတာ့ သူ႔ရဲ့ Pikachu ဝတ္စုံကို Chengdu ၿမိဳ့ရွိ ေျမေအာက္ရထားဘူတာမွာ တစ္ပတ္ေက်ာ္အၾကာဝတ္ဆင္ေနခဲ့ပါတယ္။

Liu ဟာ သူ႔သမီးရဲ့ေဆးေထာက္ခံစာရြက္မ်ားကိုပါ ယူေဆာင္သြားကာ သမီးအတြက္ ပိုက္ဆံရွာရန္ သူဟာ Pikachu ႏွင့္အတူ ဓာတ္ပုံတြဲရိုက္နိုင္ေၾကာင္းေၾကျငာခဲ့ၿပီး သူႏွင့္အတူဓာတ္ပုံတြဲရိုက္တဲ့ သူေတြကို ေစတနာရွိသေလာက္လွူဒါန္းရန္တိုက္တြန္းခဲ့ပါတယ္။ကေလးငယ္မ်ားအား ဓာတ္ပုံရိုက္ရန္ အခမဲ့ခြင့္ျပဳေပးတတ္တဲ့အခ်ိန္ေတြလည္းရွိပါတယ္။Liu ဟာ အဆိုပါေျမေအာက္ရထားအလုပ္အကိုင္မွ ယြမ္ ၁၃၀၀၀ (ေဒၚလာ ၁,၈၈၇) စုေဆာင္းနိုင္ခဲ့ၿပီး ေန႔လည္စာအတြက္ ေပါင္မုန႔္ႏွင့္ေရတစ္ဘူးကိုသာ စားျခင္းျဖင့္ထြက္ေငြကိုေလ်ာ့နည္းေစခဲ့ပါတယ္။ Liuဟာ သူရဲ့သမီးအတြက္ေငြတစ္လုံးတစ္ခဲလိုအပ္တာကို နားလည္ခဲ့ရပါတယ္။အလားတူ လြန္ခဲ့တဲ့အပတ္က တ႐ုတ္နိုင္ငံ Dezhou ျပည္နယ္ရွိ အသက္ ၇၀ အရြယ္အဘြားဟာ သူ႔ေခၽြးမ ေဆးကုန္က်စရိတ္အတြက္ Minnie Mouse ဝတ္စုံကိုဝတ္ဆင္ေနေၾကာင္း ဆိုရွယ္မီဒီယာေပၚတြင္ ပ်ံ႕ႏွံ့ေနခဲ့ပါေသးတယ္။

Jasmine (Mckzone Daily)

Source: nextshark

Unicode

Liu Yuehu ဟာ ယခင်ကဆောက်လုပ်ရေးလုပ်သားတစ်ဦးဖြစ်ပြီး ယခုသူဟာ Pikachu ဝတ်စုံကိုဝတ်ဆင်ပြီး Chengdu ရှိမြေအောက်ရထားဘူတာမှာ သူရဲ့အချိန်တွေကိုကုန်လွန်စေခဲ့ပါတယ်။ငယ်ရွယ် တဲ့ဖခင်ဟာ သမီးဖြစ်သူဆေးကုသမှုအတွက် ငွေအလုံအလောက်စုဆောင်းနိုင်ရန် Pikachu ဓာတ်ပုံလက်ဆောင်များနှင့်အတူ အခကြေးငွေအနည်းငယ်သာတောင်းခံနေရပါတယ်။ပြီးခဲ့တဲ့ ဇန်နဝါရီလက Chengdu မြို့ရှိဆေးရုံတစ်ခုမှ သမီးဖြစ်သူYu Yan ဟာ ပြင်းထန်တဲ့ Lymphocytic သွေးကင်ဆာ ရောဂါလက္ခဏာတွေ့ပြီးနောက် Liu Yuehu နဲ့သူရဲ့ဇနီးတို့ ယူကျုံးမရဖြစ်ခဲ့ရပါတယ်။အသက်၁နှစ်အောက်အနည်းငယ်သာရှိတဲ့ ကလေးငယ်ဟာ အသက်ရှင်ရန် ၇၀ ရာခိုင်နှုန်း အခွင့်အရေးရှိကြောင်းနှင့် ကလေးငယ်ရဲ့ကုသမှုဟာ မိသားစုကို ယွမ်ထောင်ပေါင်းများစွာရာနှင့်ချီကုန်ကျနိုင်ကြောင်း ဆရာဝန်များက ပြောပြခဲ့ပါတယ်။အသက် ၂၄ နှစ်အရွယ်ရှိဖခင်ဟာ သူ့ရဲ့ကလေးငယ်ကို မစွန့်လွှတ်နိုင်တာကြောင့် ဆောက်လုပ်ရေးလုပ်သားအဖြစ်မှအလုပ်ထွက်ခဲ့ပါတယ်။သူရဲ့ကုမ္ပဏီဟာ ယခုနှစ်အကုန်မှသာသူ့ကိုငွေပေးချေနိုင်ပြီးသူဟာချက်ချင်းငွေလိုနေတဲ့ အတွက်အလုပ်ထွက်ခဲ့ရပါတယ်။

ဆေးရုံကျသင့်ငွေဟာ တစ်နေ့လျှင်ယွမ် ၃၀၀၀ (ဒေါ်လာ ၄၃၅) ကုန်ကျပြီး သူဟာ ဝင်ငွေရရန် အတွက် ပိုမိုကောင်းမွန်တဲ့နည်းလမ်းများရှာဖွေရမယ်ဟုသိရှိခဲ့ရပြီး ခုချိန်ထိဆေးဝါးများနှင့်ဆေးကုသမှုစရိတ်ဟာ ယွမ် ၁၆၀,၀၀၀ ကျော်သုံးစွဲပြီးဖြစ်ပါတယ်။ Liu ဟာသူရဲ့ Pikachu ဝတ်စုံကို အွန်လိုင်းမှမှာယူပြီး ဝတ်စုံနဲ့သူဘာလုပ်ရမယ်ဆိုတာကို လေ့လာပြီးနောက် Company ကလည်းသူ့အား အခမဲ့ပေးရန် ဆုံးဖြတ်ခဲ့ပါတယ်။ ဇနီးဖြစ်သူက Yu Yan ကိုဆေးရုံမှာ စောင့်ရှောက်နေစဉ် Liu မှာတော့ သူ့ရဲ့ Pikachu ဝတ်စုံကို Chengdu မြို့ရှိ မြေအောက်ရထားဘူတာမှာ တစ်ပတ်ကျော်အကြာဝတ်ဆင်နေခဲ့ပါတယ်။

Liu ဟာ သူ့သမီးရဲ့ဆေးထောက်ခံစာရွက်များကိုပါ ယူဆောင်သွားကာ သမီးအတွက် ပိုက်ဆံရှာရန် သူဟာ Pikachu နှင့်အတူ ဓာတ်ပုံတွဲရိုက်နိုင်ကြောင်းကြေငြာခဲ့ပြီး သူနှင့်အတူဓာတ်ပုံတွဲရိုက်တဲ့ သူတွေကို စေတနာရှိသလောက်လှူဒါန်းရန်တိုက်တွန်းခဲ့ပါတယ်။ကလေးငယ်များအား ဓာတ်ပုံရိုက်ရန် အခမဲ့ခွင့်ပြုပေးတတ်တဲ့အချိန်တွေလည်းရှိပါတယ်။Liu ဟာ အဆိုပါမြေအောက်ရထားအလုပ်အကိုင်မှ ယွမ် ၁၃၀၀၀ (ဒေါ်လာ ၁,၈၈၇) စုဆောင်းနိုင်ခဲ့ပြီး နေ့လည်စာအတွက် ပေါင်မုန့်နှင့်ရေတစ်ဘူးကိုသာ စားခြင်းဖြင့်ထွက်ငွေကိုလျော့နည်းစေခဲ့ပါတယ်။ Liuဟာ သူရဲ့သမီးအတွက်ငွေတစ်လုံးတစ်ခဲလိုအပ်တာကို နားလည်ခဲ့ရပါတယ်။အလားတူ လွန်ခဲ့တဲ့အပတ်က တရုတ်နိုင်ငံ Dezhou ပြည်နယ်ရှိ အသက် ၇၀ အရွယ်အဘွားဟာ သူ့ချွေးမ ဆေးကုန်ကျစရိတ်အတွက် Minnie Mouse ဝတ်စုံကိုဝတ်ဆင်နေကြောင်း ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့နေခဲ့ပါသေးတယ်။

Jasmine (Mckzone Daily)

  • Leave a Comment