စိတ်ကူးယဉ်အိမ်မက်ပုံစံ စာအုပ်အဖုံးမျိုးကို ထူးခြားစွာဖန်တီးပုံဖော်ခဲ့တဲ့ အမျိုးသမီး (ရုပ်သံ)


1

2

3

4

5

6

7

8

9

10

11

12

13

14

15

16

17

Jasmine (Mckzone Daily)

Source: boredpanda

Unicode

Aniko ဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ တစ်နေ့မှာ အောင်မြင်တဲ့ အနုပညာဖန်တီးသူတစ်ယောက်ဖြစ်ရမယ်လို့ ယုံကြည်ထားခဲ့ပေမဲ့ မိဘတွေက ဝါသနာကို စွန့်လွတ်စေကာ ဘဝအတွက် စိတ်ချရမယ့်အလုပ်ကိုရှာနိုင်အောင် ကျောင်းတက်ကာ သင်ကြားစေခဲ့ပါတယ်။၆နှစ်အကြာမှာတော့ သူမဟာ ဒီဇိုင်နာဘွဲ့တစ်ခုရခဲ့ပြီး UK နိုင်ငံ Londonမြို့သို့ ပြောင်းရွေ့ခဲ့ပါတယ်။အဲဒီကို ရောက်တော့ ရခဲ့တဲ့ဘွဲ့နဲ့သက်ဆိုင်တဲ့အလုပ်ကို မလုပ်ဘဲ သူမ ၁၄ နှစ်အရွယ်ကတည်းက ဝါသနာပါခဲ့တဲ့ ထူးခြားတဲ့အနုပညာဖန်တီးမှုနဲ့ဓာတ်ပုံများ ဖြတ်ညှပ်ကပ်လုပ်ခြင်းနှင့် သက်ဆိုင်တဲ့ ကုမ္ပဏီတစ်ခုမှာသာ အလုပ်ဝင်လုပ်ခဲ့ပါတယ်။သူမဖန်တီးတဲ့ အနုပညာလက်ရာတွေကို လူတွေက သတိမထားမိခဲ့ကြပါဘူး။၂၀၁၅ ခုနှစ် မေလလောက်မှာတော့ Bored Pandaဆိုတဲ့Wesitbe က သူမရဲ့ ဓာတ်ပုံတွေကို မျှဝေပေးခဲ့တာကြောင့် လူသိများလာခဲ့ပါတယ်။အခုဆိုရင်တော့ သူမအလုပ်ကနေထွက်ကာ ထူးခြားတဲ့အနုပညာဖန်တီးမှုများစွာကို ကိုယ်တိုင်စိတ်ကြိုက်ဖန်တီးရေးဆွဲနေပြီဖြစ်ပါတယ်။၂၀၁၅ခုနှစ်တုန်းက ဖော်ပြခြင်းခံခဲ့ရတဲ့ Anikoရဲ့ ပြောင်မြောက်တဲ့အနုပညာလက်ရာဖန်တီးမှုတချို့ကို စာဖတ်သူတွေအတွက် မျှဝေပေးခဲ့လိုက်ပါတယ်။

Jasmine (Mckzone Daily)

Be the first to comment on "စိတ်ကူးယဉ်အိမ်မက်ပုံစံ စာအုပ်အဖုံးမျိုးကို ထူးခြားစွာဖန်တီးပုံဖော်ခဲ့တဲ့ အမျိုးသမီး (ရုပ်သံ)"

Leave a comment

Your email address will not be published.


*