အဂၤလန္ဘုရင္မႀကီး Elizabeth IIႏွင့္ဆင္တူျပီးစတိုင္က်လြန္းတဲ့ဓာတ္ပုံေတြေၾကာင့္ နာမည္ႀကီးခဲ့တဲ့ ၈၅ႏွစ္အရြယ္အဖြား

တ႐ုတ္နိုင္ငံရွိ အဖြားတစ္ဦးဟာ ဘုရင္မႀကီး Elizabeth ll ႏွင့္ ဆင္တဲ့ သူမရဲ့ ဓာတ္ပုံေတြ onlineေပၚ မၽွေဝခံလိုက္ရၿပီးေနာက္ ခ်က္ခ်င္းပင္ အင္တာနက္ခ်စ္သူ အျဖစ္ တင္စားခံလိုက္ရပါတယ္။Zheng Suzhen ဆိုသူ အသက္၈၅ ႏွစ္အရြယ္ အဖြားရဲ့ ဓာတ္ပုံေတြကို သူမရဲ့ ျမစ္သမက္ျဖစ္သူ Ding Guoliang က တ႐ုတ္မီဒီယာ ပလက္ေဖာင္းတစ္ခုျဖစ္တဲ့ Weibo မွာ တင္ခဲ့ကာ netizenေတြရဲ့ အာ႐ုံကို ဖမ္းစားေစခဲ့ပါတယ္။ၿပီးခဲ့တဲ့ စေနေန႔က ပေရာ္ဖက္ရွင္နယ္ဓာတ္ပုံဆရာတစ္ဦးဟာ Jesse Xiao Ye ဆိုတဲ့ အမည္နဲ႔ ဓာတ္ပုံစီးရီးတစ္ခုကို တင္ခဲ့ေၾကာင္း Daily Mail သတင္းအရ သိရပါတယ္။”သူမဟာ အဂၤလန္ဘုရင္မ မဟုတ္ဘူး၊သူမဟာ ကၽြန္မရဲ့အဖြားပါ”ဆိုတဲ့ အယ္လ္ဘမ္မွာ သူ႔ရဲ့ဇနီးျဖစ္သူ၊Zheng ရဲ့ေျမးမေလး Qian Qian လည္း ပါဝင္ပါတယ္။မၾကာခင္မွာဘဲ netizen ေတြဟာ Zhengနဲ႔ ဘုရင္မႀကီး Elizabeth II တို့အၾကား တူညီမွုေတြ အထူးသျဖင့္ သူမရဲ့ ဖက္ရွင္သေဘာသဘာဝေတြကို သတိထားမိလာၾကပါတယ္။

Zhengဟာ Fujianျပည္နယ္ Xiamenၿမိဳ့ရွိ ဆင္းရဲတဲ့ အိမ္ေထာင္စုတစ္စုမွႀကီးျပင္းလာခဲ့ရၿပီး ဖခင္ျဖစ္သူက သူမအသက္၉ႏွစ္မွာကြယ္လြန္သြားၿပီး ခင္ပြန္းျဖစ္သူရဲ့ထားခဲ့ျခင္းကိုလည္း ခံခဲ့ရကာ အမ်ိဳးမ်ိဳးေသာ ေလာကဒဏ္အျဖစ္ဆိုးေတြကို ရင္ဆိုင္ခဲ့ရပါတယ္။ကေလး၇ေယာက္ကိုလည္း ဝက္ေမြးျမဴေရးတစ္ေယာက္အလား သူမကိုယ္တိုင္ ေကၽြးေမြးေစာင့္ေရွာက္ခဲ့ရပါတယ္။သူမဟာ ခက္ခဲၾကမ္းတမ္းခဲ့ရေပမဲ့ သားသမီး ၇ေယာက္၊ေျမး ၁၅ေယာက္၊ျမစ္ ၁၇ေယာက္တို့ႏွင့္အတူ အေရာင္အေသြးစုံလင္တဲ့ ဘဝကို ရရွိခဲ့ရၿပီး သားသမီးေတြ အရြယ္ေရာက္လာေတာ့ သူမဟာ ခရီးသြားတစ္ဦးျဖစ္လာကာ ေဟာင္ေကာင္၊ထိုင္ဝမ္ႏွင့္ တ႐ုတ္ၿမိဳျပႀကီးေတြဆီသို့ သူမကိုယ္တိုင္ စတင္ ခရီးဆန္႔ခဲ့ပါတယ္။

1

2

3

Queen lookalike?

4

5

Jasmine (Mckzone Daily)

Source: nextshark

Unicode

တရုတ်နိုင်ငံရှိ အဖွားတစ်ဦးဟာ ဘုရင်မကြီး Elizabeth ll နှင့် ဆင်တဲ့ သူမရဲ့ ဓာတ်ပုံတွေ onlineပေါ် မျှဝေခံလိုက်ရပြီးနောက် ချက်ချင်းပင် အင်တာနက်ချစ်သူ အဖြစ် တင်စားခံလိုက်ရပါတယ်။Zheng Suzhen ဆိုသူ အသက်၈၅ နှစ်အရွယ် အဖွားရဲ့ ဓာတ်ပုံတွေကို သူမရဲ့ မြစ်သမက်ဖြစ်သူ Ding Guoliang က တရုတ်မီဒီယာ ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Weibo မှာ တင်ခဲ့ကာ netizenတွေရဲ့ အာရုံကို ဖမ်းစားစေခဲ့ပါတယ်။ပြီးခဲ့တဲ့ စနေနေ့က ပရော်ဖက်ရှင်နယ်ဓာတ်ပုံဆရာတစ်ဦးဟာ Jesse Xiao Ye ဆိုတဲ့ အမည်နဲ့ ဓာတ်ပုံစီးရီးတစ်ခုကို တင်ခဲ့ကြောင်း Daily Mail သတင်းအရ သိရပါတယ်။”သူမဟာ အင်္ဂလန်ဘုရင်မ မဟုတ်ဘူး၊သူမဟာ ကျွန်မရဲ့အဖွားပါ”ဆိုတဲ့ အယ်လ်ဘမ်မှာ သူ့ရဲ့ဇနီးဖြစ်သူ၊Zheng ရဲ့မြေးမလေး Qian Qian လည်း ပါဝင်ပါတယ်။မကြာခင်မှာဘဲ netizen တွေဟာ Zhengနဲ့ ဘုရင်မကြီး Elizabeth II တို့အကြား တူညီမှုတွေ အထူးသဖြင့် သူမရဲ့ ဖက်ရှင်သဘောသဘာဝတွေကို သတိထားမိလာကြပါတယ်။

Zhengဟာ Fujianပြည်နယ် Xiamenမြို့ရှိ ဆင်းရဲတဲ့ အိမ်ထောင်စုတစ်စုမှကြီးပြင်းလာခဲ့ရပြီး ဖခင်ဖြစ်သူက သူမအသက်၉နှစ်မှာကွယ်လွန်သွားပြီး ခင်ပွန်းဖြစ်သူရဲ့ထားခဲ့ခြင်းကိုလည်း ခံခဲ့ရကာ အမျိုးမျိုးသော လောကဒဏ်အဖြစ်ဆိုးတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ကလေး၇ယောက်ကိုလည်း ဝက်မွေးမြူရေးတစ်ယောက်အလား သူမကိုယ်တိုင် ကျွေးမွေးစောင့်ရှောက်ခဲ့ရပါတယ်။သူမဟာ ခက်ခဲကြမ်းတမ်းခဲ့ရပေမဲ့ သားသမီး ၇ယောက်၊မြေး ၁၅ယောက်၊မြစ် ၁၇ယောက်တို့နှင့်အတူ အရောင်အသွေးစုံလင်တဲ့ ဘဝကို ရရှိခဲ့ရပြီး သားသမီးတွေ အရွယ်ရောက်လာတော့ သူမဟာ ခရီးသွားတစ်ဦးဖြစ်လာကာ ဟောင်ကောင်၊ထိုင်ဝမ်နှင့် တရုတ်မြိုပြကြီးတွေဆီသို့ သူမကိုယ်တိုင် စတင် ခရီးဆန့်ခဲ့ပါတယ်။

Jasmine (Mckzone Daily)

  • Leave a Comment