စာခိုးချမှာကြောက်လို့ ဆိုင်ကယ်ဦးထုပ်ဆောင်းပြီး စာမေးပွဲဖြေခိုင်ခဲ့တဲ့ကျောင်း




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

လူလည်ကျတတ်တဲ့ကျောင်းသားတွေက အမြဲတမ်း နည်းလမ်းတစ်မျိုးမျိုးနဲ့ သူတို့ရဲ့စာမေးပွဲမှာ အမှတ်ကောင်းရဖို့အတွက် စာခိုးချတတ်ပါတယ် ။ ဥပမာ စာရွက်လေးတွေကနေကူးချတာတို့ ၊ သူငယ်ချင်းနားတိုးတိုးတိတ်တိတ်မေးမြန်းတာတို့ ၊ ထောင့်ကျတဲ့နေရာတွေမှာရွေးထိုင်တာတို့ စသည့်ပုံစံမျိုးတွေနဲ့ပြုလုပ်တတ်ကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း ထိုင်းနိုင်ငံက Rajamangala University of Technology Isan ဆိုတဲ့ကျောင်းတစ်ခုမှာ ကျောင်းသားတွေကို ဆိုင်ကယ်ဦးထုပ်ဆောင်းခိုင်းပြီး စာမေးပွဲဖြေဆိုခိုင်ခဲ့တဲ့အတွက် social media အသုံးပြုသူတွေအကြား အတော်လေးရေပန်းစားခဲ့ရပါတယ် ။ အဆိုပါလုပ်ရပ်မျိုးက ရယ်စရာဟာသတစ်ခုလိုဖြစ်နေပေမဲ့လည်းစာမေးပွဲဖြေဆိုနေချိန်အတွင်း စာမခိုးချအောင်ကြိုတင်စီစဉ်ခဲ့တာဖြစ်ကြောင်းလည်း သိရှိရပါတယ် ။ အဆိုပါ social media ကဓာတ်ပုံတွေနဲ့ပက်သက်ပြီး ကျောင်းဖက်ကပြန်လည်ဖြေရှင်းခဲ့ပုံကတော့ ကျောင်းသားတွေဟာ ” 100% Helmet AIT RMUTI ” ဆိုတဲ့ဆိုင်ကယ်တွေစီးကြတဲ့အချိန်မှာ ဆိုင်ကယ်ဦးထုပ်ဆောင်းကြဖို့ စတဲ့စည်းရုံးလှုံ့ဆော်ပွဲတွေမှာ ကျောင်းသားတွေကလည်း တစ်စိတ်တစ်ပိုင်းပါဝင်ပြီး အားပေးလှုပ်ဆောင်မှုတွေကို လုပ်ဆောင်းပေးနေကြတာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ် ။ ထို့အပြင် အဆိုပါအခြေအနေဟာရုတ်ရုတ်သဲသဲ ဖြစ်မသွားပါဘူး ။ ဘာလို့လည်းဆိုတဲ့ ကျောင်းသားတွေကိုစာမေးပွဲမဖြေခင် attendance ခေါ်တဲ့အချိန် 15 မိနစ်အတွင်းမှာသာ ဆိုင်ကယ်ဦးထုပ်ဆောင်းခိုင်းစေခဲ့တာဖြစ်ကြောင်း ပြန်လည်ဖြေရှင်းချက် ထုတ်ပြန်ခဲ့ပါတယ် ။

ထို့အပြင်ကျောင်းသားတွေက အဆိုပါလှုံ့ဆော်ချက်တွေကို တက်ညီလက်ညီပူးပေါင်းပါဝင်ခဲ့ကြကြောင်းလည်း သိရှိရပါတယ် ။ ” ကျွန်တော်တို့ဟာ လူအဖွဲ့အစည်တစ်ခုမှာနေထိုင်နေတာဖြစ်တဲ့အတွက် စည်းလုံးညီညွတ်မှုကိုပိုဦးစားပေးလုပ်ဆောင်ပါတယ် ။ ကွဲပြားခြားနားနေရင်တောင်မှ မခွဲခြားပါဘူး ။ ကျွန်တော်တို့လုပ်သင့်တဲ့ တာဝန်ဝတ္တရားတွေကို ကျွန်တော်တို့လုပ်တာပါ ။ နားလည်မှု လွဲသွားစေခဲ့တဲ့အတွက် တောင်းပန်ပါတယ် ” ဆိုပြီးရေးသားထားခဲ့ပါတယ် ။

သို့ပေမဲ့လည်း social media အသုံးပြုသူတွေကြားမှာတော့ ရယ်စရာဟာသလေးတစ်ခုဖြစ်နေဆဲပါပဲ ။ ထို့အပြင် လူအများက ” ယာဉ်မောင်လိုင်စင် ဖြေခိုင်းတယ် ထင်နေတာ ” ၊ ” ငါ့ခေါင်းကိုတောင် ငါပြန်ရှာလို့မတွေ့တော့ဘူး haha ” ၊” ကောင်းတယ် ၊ သက်တောင့်သက်သာ အိပ်နေလို့ရတယ် ” ဆိုပြီး အမျိုးမျိုးလောင်ပြောင်ကာ Comment တွေမှာရေးသားခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "စာခိုးချမှာကြောက်လို့ ဆိုင်ကယ်ဦးထုပ်ဆောင်းပြီး စာမေးပွဲဖြေခိုင်ခဲ့တဲ့ကျောင်း"

Leave a comment

Your email address will not be published.


*