အမ်ိဳးသမီးတစ္ဦးရဲ့ ဖုန္းကိုခိုးယူၿပီးေနာက္ အနီးအနားရွိရဲစခန္းသို႔ မရပ္မနားေျပးဝင္သြားခဲ့တဲ့ သူခိုး (႐ုပ္သံ)

တ႐ုတ္နိုင္ငံရွိ အမ်ိဳးသမီးတစ္ဦးရဲ့ ဖုန္းကိုျဖတ္ခနဲ ဆြဲယူသြားတဲ့ သူခိုးတစ္ဦးကို စကၠန႔္ပိုင္းအတြင္း ဖမ္းဆီးခဲ့ၾကပါတယ္။အဆိုပါ အျဖစ္အပ်က္ဟာ မတ္လ ၃၁ ရက္ေန႔ Guangdong ျပည္နယ္၊ Shenzhen ၿမိဳ့ရွိ မိုးရြာတဲ့မနက္ခင္းပိုင္းမွာ ျဖစ္ပြါးခဲ့ပါတယ္။အမ်ိဳးသမီးတစ္ဦးဟာ ယာဥ္ေတြသြားလာေနတဲ့လမ္းစုံလမ္းခြတစ္ခုမွာ ရပ္ေနခ်ိန္ သူမရဲ့ဖုန္းကိုလူတစ္ေယာက္ကဆြဲယူၿပီးထြက္ေျပးသြားခဲ့ေၾကာင္းကို CCTV ဗီဒီယိုအရ သိရွိရပါတယ္။အဆိုပါ အမ်ိဳးသမီးဟာ သူခိုးေနာက္ကိုလိုက္ရင္း ခလုတ္တိုက္ကာေခ်ာ္လဲခဲ့ၿပီး သူခိုးဟာ အနီးအနားရွိရဲစခန္းသို့ မရပ္မနားေျပးသြားခဲ့ပါတယ္။”ကၽြန္မက အဲဒီလူကၽြန္မဖုန္းကိုခိုးသြားတယ္လို့ေအာ္ဟစ္ၿပီးလိုက္ဖမ္းေနတာကို ေဆးလိပ္ဖြာေနတဲ့ရဲတစ္ေယာက္က ျမင္ေတာ့အဲဒီလူေနာက္ကိုလိုက္ခဲ့တယ္။ရလဒ္အေနနဲ႔ သူခိုးကိုထိခိုက္မွုမရွိဘဲဖမ္းဆီးနိုင္ခဲ့တယ္”ဟု အမ်ိဳးသမီးက ဆိုပါတယ္။

ဒီအျဖစ္အပ်က္ဟာ ဆိုရွယ္မီဒီယာအသုံးျပဳသူေတြအၾကား ရယ္စရာဟာသတစ္ခုျဖစ္ခဲ့ရၿပီး ရဲအရာရွိမ်ားက ၎ဟာ ရွားပါးတဲ့ျဖစ္စဥ္လို့ သုံးသပ္ခဲ့ၾကပါတယ္။သူခိုးဟာ ရဲစခန္းသို့ေျပးသြားတဲ့လမ္းတစ္ေလၽွာက္လုံးမွာ သူရဲ့မ်က္ႏွာအမူအရာဟာ အလြန္ထိတ္လန႔္တုန္လွုပ္ေနခဲ့ပါတယ္။ပုံမွန္အားျဖင့္ သူခိုးေတြဟာ အေတာ္အသင့္ေလာက္ေတာ့လွည့္ျဖားတတ္ၾကပါတယ္။ဒါေပမဲ့ ဒီသူခိုးကေတာ့ တစ္မ်ိဳးပါ။”သံသယရွိသူဟာ ဒီေဒသႏွင့္ အကၽြမ္းတဝင္မရွိတဲ့အတြက္ ကၽြန္ေတာ္တို့ရဲစခန္းကိုသူေျပးလာခဲ့တယ္။ဒါက အလြန္ရွားပါးျဖစ္ပ်က္မွုျဖစ္ေၾကာင္း” ရဲဝန္ထမ္းကဆိုထားပါတယ္။စုံစမ္းစစ္ေဆးမွုအရ အဆိုပါအမ်ိဳးသားဟာShenzhenၿမိဳ့ ကို ေရာက္ရွိလာတာမၾကာေသးဘဲ အလုပ္ႏွင့္ အျမဲတမ္းေနထိုင္ရန္ေနရာတစ္ခု ရွာေဖြေနခဲ့ေၾကာင္း သိရွိရပါတယ္။

Jasmine (Mckzone Daily)

Source: nextshark

Unicode

တရုတ်နိုင်ငံရှိ အမျိုးသမီးတစ်ဦးရဲ့ ဖုန်းကိုဖြတ်ခနဲ ဆွဲယူသွားတဲ့ သူခိုးတစ်ဦးကို စက္ကန့်ပိုင်းအတွင်း ဖမ်းဆီးခဲ့ကြပါတယ်။အဆိုပါ အဖြစ်အပျက်ဟာ မတ်လ ၃၁ ရက်နေ့ Guangdong ပြည်နယ်၊ Shenzhen မြို့ရှိ မိုးရွာတဲ့မနက်ခင်းပိုင်းမှာ ဖြစ်ပွါးခဲ့ပါတယ်။အမျိုးသမီးတစ်ဦးဟာ ယာဉ်တွေသွားလာနေတဲ့လမ်းစုံလမ်းခွတစ်ခုမှာ ရပ်နေချိန် သူမရဲ့ဖုန်းကိုလူတစ်ယောက်ကဆွဲယူပြီးထွက်ပြေးသွားခဲ့ကြောင်းကို CCTV ဗီဒီယိုအရ သိရှိရပါတယ်။အဆိုပါ အမျိုးသမီးဟာ သူခိုးနောက်ကိုလိုက်ရင်း ခလုတ်တိုက်ကာချော်လဲခဲ့ပြီး သူခိုးဟာ အနီးအနားရှိရဲစခန်းသို့ မရပ်မနားပြေးသွားခဲ့ပါတယ်။”ကျွန်မက အဲဒီလူကျွန်မဖုန်းကိုခိုးသွားတယ်လို့အော်ဟစ်ပြီးလိုက်ဖမ်းနေတာကို ဆေးလိပ်ဖွာနေတဲ့ရဲတစ်ယောက်က မြင်တော့အဲဒီလူနောက်ကိုလိုက်ခဲ့တယ်။ရလဒ်အနေနဲ့ သူခိုးကိုထိခိုက်မှုမရှိဘဲဖမ်းဆီးနိုင်ခဲ့တယ်”ဟု အမျိုးသမီးက ဆိုပါတယ်။

ဒီအဖြစ်အပျက်ဟာ ဆိုရှယ်မီဒီယာအသုံးပြုသူတွေအကြား ရယ်စရာဟာသတစ်ခုဖြစ်ခဲ့ရပြီး ရဲအရာရှိများက ၎င်းဟာ ရှားပါးတဲ့ဖြစ်စဉ်လို့ သုံးသပ်ခဲ့ကြပါတယ်။သူခိုးဟာ ရဲစခန်းသို့ပြေးသွားတဲ့လမ်းတစ်လျှောက်လုံးမှာ သူရဲ့မျက်နှာအမူအရာဟာ အလွန်ထိတ်လန့်တုန်လှုပ်နေခဲ့ပါတယ်။ပုံမှန်အားဖြင့် သူခိုးတွေဟာ အတော်အသင့်လောက်တော့လှည့်ဖြားတတ်ကြပါတယ်။ဒါပေမဲ့ ဒီသူခိုးကတော့ တစ်မျိုးပါ။”သံသယရှိသူဟာ ဒီဒေသနှင့် အကျွမ်းတဝင်မရှိတဲ့အတွက် ကျွန်တော်တို့ရဲစခန်းကိုသူပြေးလာခဲ့တယ်။ဒါက အလွန်ရှားပါးဖြစ်ပျက်မှုဖြစ်ကြောင်း” ရဲဝန်ထမ်းကဆိုထားပါတယ်။စုံစမ်းစစ်ဆေးမှုအရ အဆိုပါအမျိုးသားဟာShenzhenမြို့ ကို ရောက်ရှိလာတာမကြာသေးဘဲ အလုပ်နှင့် အမြဲတမ်းနေထိုင်ရန်နေရာတစ်ခု ရှာဖွေနေခဲ့ကြောင်း သိရှိရပါတယ်။

Jasmine (Mckzone Daily)

  • Leave a Comment