Sales Target မျပည့္လို႔ဆိုၿပီး ဝန္ထမ္းေတြကို ၾကက္ဟင္းခါးသီးႏွင့္ ၾကက္ဥအစိမ္း စားခိုင္းၿပီးအျပစ္ေပးခဲ့တဲ့ သူေ႒း

တ႐ုတ္ႏိုင္ငံ Ganzhou ၿမိဳ႕မွာ႐ွိတဲ့ Wedding photo studio ကသူေ႒းတစ္ေယာက္ဟာ သူ၏ဝန္ထမ္းမ်ားဟာ သတ္မွတ္ထားတဲ့ Sales Target ကိုေရာက္ေအာင္မစြမ္းေဆာင္ႏိုင္ခဲ့လို႔ဆိုၿပီး အျပစ္ေပးတဲ့အေနနဲ႔ ၾကက္ဟင္းခါးသီ နဲ႔ ၾကက္ဥအစိမ္းကို စားေသာက္ခိုင္းခဲ့ပါတယ္ ။ အဆိုပါ video ဟာ social media အသံုးျပဳသူေတြ အၾကားမွာအေတာ္ေလးကိုေပါက္ၾကားသြားခဲ့ပါတယ္ ။ Video ထဲမွာေတာ့ အမ်ိဳးသမီးဝန္ထမ္းတစ္ေယာက္ဟာ ၾကက္ဟင္းခါးသီး နဲ႔ ၾကက္ဥအစိမ္ရည္ကို မ်ိဳးခ်ဖို႔ႀကိဳးစားေနေပမဲ့လည္း ဆက္မမ်ိဳခ်ႏိုင္ေတာ့တဲ့အတြက္ ဒူးေထာက္ကာ ျပန္လည္အန္ထုတ္ေနခဲ့ပါတယ္ ။ သူတို႔ရဲ႕အလုပ္ပိုင္႐ွင္သူေ႒းကေတာ့ တ႐ုတ္ဘာသာလို ” ျမန္ျမန္ေလး ၊ ျမန္ျမန္ေလး ” ဆိုၿပီးေအာ္ဟစ္ေနခဲ့ပါတယ္ ။

သို႔ေပမဲ့လည္း အဆိုပါႏွိပ္ကြပ္လြန္းတဲ့နည္းလမ္းနဲ႔အျပစ္ေပးခဲ့တဲ့ သတင္းဟာေပါက္ၾကားသြားခဲ့ေပမဲ့လည္း ၎ဓာတ္ပံု studio ကေတာ့ ဘာမွမျဖစ္သလိုႏွင့္ သူေ႒းကလည္းေနာင္တရသြားျခင္းမ်ိဳး လံုးဝျဖစ္မသြားခဲ့ပါဘူး ။ သူတို႔ရဲ႕ျပန္လည္ေျဖ႐ွင္းခ်က္မွာေတာ့ Target မျပည့္ခဲ့ဘူးဆိုရင္ ပိတ္ရက္မွာ အလုပ္အေၾကာင္းသင္ယူေလ့လာဖို႔ အလုပ္ကိုလာမလား ဒါမွမဟုတ္ ၾကက္ဟင္းခါးသီး နဲ႔ ၾကက္ဥအစိမ္းနဲ႔ကို စားမလားဆိုၿပီးေမးခဲ့ေၾကာင္း ျပန္လည္ေျဖ႐ွင္းခ်က္ေပးခဲ့ပါတယ္ ။ ထို႔အျပင္ ၎တို႔အျပစ္ေပးခဲ့တဲ့ နည္းလမ္းဟာ မွန္ကန္ေၾကာင္းကိုလည္း တ႐ုတ္ဆို႐ိုးစကားျဖင့္ ” ေဆးဖက္ဝင္လြန္းတဲ့ ေဆးေတြက အရသာခါးတယ္ ” ဆိုၿပီးျပန္လည္ေျပာဆိုခဲ့ပါတယ္ ။

ထို႔အျပင္ မၾကာေသးခင္ကတ႐ုတ္ကုမၸဏီတစ္ခုကလည္း ၎တို႔၏ဝန္ထမ္းမ်ားဟာ သတ္မွတ္ထားတဲ့စံခ်ိန္စံၫြန္းအတိုင္း မလုပ္ေဆာင္ႏိုင္ခဲ့တဲ့အတြက္ ငါးအ႐ွင္လတ္လတ္ ႏွင့္ ၾကက္ေသြး တို႔ကိုေသာက္ခိုင္းၿပီး အျပစ္ေပးခဲ့ေၾကာင္းသိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တရုတ်နိုင်ငံ Ganzhou မြို့မှာရှိတဲ့ Wedding photo studio ကသူဋ္ဌေးတစ်ယောက်ဟာ သူ၏ဝန်ထမ်းများဟာ သတ်မှတ်ထားတဲ့ Sales Target ကိုရောက်အောင်မစွမ်းဆောင်နိုင်ခဲ့လို့ဆိုပြီး အပြစ်ပေးတဲ့အနေနဲ့ ကြက်ဟင်းခါးသီ နဲ့ ကြက်ဥအစိမ်းကို စားသောက်ခိုင်းခဲ့ပါတယ် ။ အဆိုပါ video ဟာ social media အသုံးပြုသူတွေ အကြားမှာအတော်လေးကိုပေါက်ကြားသွားခဲ့ပါတယ် ။ Video ထဲမှာတော့ အမျိုးသမီးဝန်ထမ်းတစ်ယောက်ဟာ ကြက်ဟင်းခါးသီး နဲ့ ကြက်ဥအစိမ်ရည်ကို မျိုးချဖို့ကြိုးစားနေပေမဲ့လည်း ဆက်မမျိုချနိုင်တော့တဲ့အတွက် ဒူးထောက်ကာ ပြန်လည်အန်ထုတ်နေခဲ့ပါတယ် ။ သူတို့ရဲ့အလုပ်ပိုင်ရှင်သူဋ္ဌေးကတော့ တရုတ်ဘာသာလို ” မြန်မြန်လေး ၊ မြန်မြန်လေး ” ဆိုပြီးအော်ဟစ်နေခဲ့ပါတယ် ။

သို့ပေမဲ့လည်း အဆိုပါနှိပ်ကွပ်လွန်းတဲ့နည်းလမ်းနဲ့အပြစ်ပေးခဲ့တဲ့ သတင်းဟာပေါက်ကြားသွားခဲ့ပေမဲ့လည်း ၎င်းဓာတ်ပုံ studio ကတော့ ဘာမှမဖြစ်သလိုနှင့် သူဋ္ဌေးကလည်းနောင်တရသွားခြင်းမျိုး လုံးဝဖြစ်မသွားခဲ့ပါဘူး ။ သူတို့ရဲ့ပြန်လည်ဖြေရှင်းချက်မှာတော့ Target မပြည့်ခဲ့ဘူးဆိုရင် ပိတ်ရက်မှာ အလုပ်အကြောင်းသင်ယူလေ့လာဖို့ အလုပ်ကိုလာမလား ဒါမှမဟုတ် ကြက်ဟင်းခါးသီး နဲ့ ကြက်ဥအစိမ်းနဲ့ကို စားမလားဆိုပြီးမေးခဲ့ကြောင်း ပြန်လည်ဖြေရှင်းချက်ပေးခဲ့ပါတယ် ။ ထို့အပြင် ၎င်းတို့အပြစ်ပေးခဲ့တဲ့ နည်းလမ်းဟာ မှန်ကန်ကြောင်းကိုလည်း တရုတ်ဆိုရိုးစကားဖြင့် ” ဆေးဖက်ဝင်လွန်းတဲ့ ဆေးတွေက အရသာခါးတယ် ” ဆိုပြီးပြန်လည်ပြောဆိုခဲ့ပါတယ် ။

ထို့အပြင် မကြာသေးခင်ကတရုတ်ကုမ္ပဏီတစ်ခုကလည်း ၎င်းတို့၏ဝန်ထမ်းများဟာ သတ်မှတ်ထားတဲ့စံချိန်စံညွန်းအတိုင်း မလုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ငါးအရှင်လတ်လတ် နှင့် ကြက်သွေး တို့ကိုသောက်ခိုင်းပြီး အပြစ်ပေးခဲ့ကြောင်းသိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "Sales Target မျပည့္လို႔ဆိုၿပီး ဝန္ထမ္းေတြကို ၾကက္ဟင္းခါးသီးႏွင့္ ၾကက္ဥအစိမ္း စားခိုင္းၿပီးအျပစ္ေပးခဲ့တဲ့ သူေ႒း"

Leave a comment

Your email address will not be published.


*