ေရလိႈင္းစီးရင္း ျပဳတ္က်ခဲ့တာေၾကာင့္ နားထဲ ငါးအ႐ွင္တစ္ေကာင္ ညႇပ္ခံေနခဲ့တဲ့ ေကာင္ေလးရဲ႕အျဖစ္ (႐ုပ္သံ)

ဖိလစ္ပိုင္နိုင္ငံ Davaoၿမိဳ့ရွိ အိမ္ရာေတြထဲမွ အိမ္တစ္အိမ္ဟာ ဆူညံပြေလာရိုက္ေနခဲ့ပါတယ္။ေကာင္ေလးတစ္ဦးဟာ ခုံတန္းရွည္တစ္ခုမွာ ထိုင္ကာ ေခါင္းခါရင္း ငိုေနတာေၾကာင့္ အိမ္နီးခ်င္းေတြက ေကာင္ေလးအား အထူးသျဖင့္ သူ႔နားကို ၾကည့္ေပးရန္ ေရာက္လာခဲ့ၾကပါတယ္။ေကာင္ေလး ဘာေၾကာင့္ငိုေနခဲ့လဲဆိုေတာ့ ငါးတစ္ေကာင္ဟာ သူ႔နားမွာ ကပ္ေနခဲ့လို့ပါ။ငါးက ဘာေၾကာင့္ နားမွာတက္ကပ္ရတာလဲ၊စဥ္းစားစရာပါဘဲ။Noe ဆိုတဲ့ ေကာင္ေလးဟာ ကမ္းေျခမွာ သူငယ္ခ်င္းေတြနဲ႔ ေရလွိုင္းစီးတန္းကစားေနရင္း ေသးငယ္တဲ့ငါးအမ်ိဳးအစားျဖစ္တဲ့ Ibis ငါးေတြနဲ႔ျပည့္ေနတဲ့ ေနရာကို က်သြားခဲ့ၿပီးေနာက္ အိမ္တန္းျပန္ကာ ေရခ်ိဳးခဲ့ပါတယ္။ဒါေပမဲ့ ေကာင္ေလးဟာ နားထဲမွာ တစ္ခုခုရွိေနတယ္လို့ ခံစားရတာေၾကာင့္ အဖြားျဖစ္သူအား ၾကည့္ေပးရန္ ေျပာခဲ့ကာ နားထဲမွ ငါးအၿမီးကိုေတြ႕ခဲ့ၾကၿပီး အိမ္ျပန္ေရာက္လာတဲ့ ဖခင္က သားျဖစ္သူရဲ့ နားရွိ ကပ္ေနတဲ့ငါးကို ဖယ္ရွားရန္ ေဆး႐ုံသို့ ေခၚသြားခဲ့ပါေတာ့တယ္။

အင္တာဗ်ဴးတစ္ခုမွာေတာ့ Noeက ငါးကို ထုတ္လိုက္ေတာ့ ယားယံေနေသးေပမဲ့ နာက်င္မွုက ခ်က္ခ်င္းေပ်ာက္သြားေၾကာင္း၊မိသားစုက ေဆးတခ်ိဳ့တိုက္ေကၽြးေၾကာင္း ဆိုထားပါတယ္။ဆရာဝန္ေတြကေတာ့ စိတ္ပူစရာမလိုဘူးလို့လည္း ဆိုထားပါတယ္။ဒါေၾကာင့္ ကေလးေတြ ဘာဘဲလုပ္လုပ္ ဂ႐ုတစိုက္လိုက္ၾကည့္သင့္ပါတယ္။

Jasmine (Mckzone Daily)

Source: elitereaders

Unicode

ဖိလစ်ပိုင်နိုင်ငံ Davaoမြို့ရှိ အိမ်ရာတွေထဲမှ အိမ်တစ်အိမ်ဟာ ဆူညံပွလောရိုက်နေခဲ့ပါတယ်။ကောင်လေးတစ်ဦးဟာ ခုံတန်းရှည်တစ်ခုမှာ ထိုင်ကာ ခေါင်းခါရင်း ငိုနေတာကြောင့် အိမ်နီးချင်းတွေက ကောင်လေးအား အထူးသဖြင့် သူ့နားကို ကြည့်ပေးရန် ရောက်လာခဲ့ကြပါတယ်။ကောင်လေး ဘာကြောင့်ငိုနေခဲ့လဲဆိုတော့ ငါးတစ်ကောင်ဟာ သူ့နားမှာ ကပ်နေခဲ့လို့ပါ။ငါးက ဘာကြောင့် နားမှာတက်ကပ်ရတာလဲ၊စဉ်းစားစရာပါဘဲ။Noe ဆိုတဲ့ ကောင်လေးဟာ ကမ်းခြေမှာ သူငယ်ချင်းတွေနဲ့ ရေလှိုင်းစီးတန်းကစားနေရင်း သေးငယ်တဲ့ငါးအမျိုးအစားဖြစ်တဲ့ Ibis ငါးတွေနဲ့ပြည့်နေတဲ့ နေရာကို ကျသွားခဲ့ပြီးနောက် အိမ်တန်းပြန်ကာ ရေချိုးခဲ့ပါတယ်။ဒါပေမဲ့ ကောင်လေးဟာ နားထဲမှာ တစ်ခုခုရှိနေတယ်လို့ ခံစားရတာကြောင့် အဖွားဖြစ်သူအား ကြည့်ပေးရန် ပြောခဲ့ကာ နားထဲမှ ငါးအမြီးကိုတွေ့ခဲ့ကြပြီး အိမ်ပြန်ရောက်လာတဲ့ ဖခင်က သားဖြစ်သူရဲ့ နားရှိ ကပ်နေတဲ့ငါးကို ဖယ်ရှားရန် ဆေးရုံသို့ ခေါ်သွားခဲ့ပါတော့တယ်။

အင်တာဗျူးတစ်ခုမှာတော့ Noeက ငါးကို ထုတ်လိုက်တော့ ယားယံနေသေးပေမဲ့ နာကျင်မှုက ချက်ချင်းပျောက်သွားကြောင်း၊မိသားစုက ဆေးတချို့တိုက်ကျွေးကြောင်း ဆိုထားပါတယ်။ဆရာဝန်တွေကတော့ စိတ်ပူစရာမလိုဘူးလို့လည်း ဆိုထားပါတယ်။ဒါကြောင့် ကလေးတွေ ဘာဘဲလုပ်လုပ် ဂရုတစိုက်လိုက်ကြည့်သင့်ပါတယ်။

Jasmine (Mckzone Daily)

  • Leave a Comment