1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
Jasmine (Mckzone Daily)
Source: .boredpanda
Unicode
ဥယျာဉ်ခြံစိုက်ပျိုးခြင်းဟာ ယနေ့ခေတ် လူငယ်မျိုးဆက်သစ်တွေအတွက် ဇိမ်ခံစေမဲ့ပစ္စည်းတစ်ခုတဖွယ် ဖြစ်လာနေပါတယ်။မြို့ထဲရှိ အိမ်ရာ၊တိုက်ခန်းတွေများလာတာနှင့်အမျှ အပင်စိုက်ပျိုးရန် မြေနေရာလပ်တို့ မရှိသလောက် နည်းလာပါတယ်။ဒါပေမဲ့ ဥယျာဉ်ရူခင်းဖန်တီးရှင်တို့ကတော့ အဲဒီပြဿနာကို ဖြေရှင်းနိုင်ကြောင်း သက်သေပြနေကြပါတယ်။ဂျပန်နိုင်ငံရှိ Landscape Contractors Federation မှာ ပြုလုပ်ကျင်းပတဲ့ Kei Truck Garden ဥယျာဉ်ပြိုင်ပွဲကို နိုင်ငံတစ်ဝှမ်းရှိ ရပ်နီးရပ်ဝေးမှ ဥယျာဉ်ရူခင်းဖန်တီးရှင်တို့ဟာ သူတို့ဖန်တီးထားတဲ့ ဥယျာဉ်ခြံTruckကားလေးတွေကို အလှပြကာ ယှဉ်ပြိုင်ရန် နှစ်စဉ်နှစ်တိုင်း ရောက်လာကြပါတယ်။ဟိုဟိုဒီဒီသယ်သွားလို့ရတဲ့ အဆိုပါကားလေးတွေကိုတော့ သဘာဝအလှတရားနှင့်အညီ မီးအလင်းရောင်၊ရေတံခွန်တို့ကို ထပ်မံဖြည့်စွက်ကာ မယုံနိုင်စရာကောင်းအောင် ရှုပ်ထွေးလှပနေတဲ့ ဒီဇိုင်းပေါင်းများစွာကို စုံလင်စွာ တွေ့မြင်ကြရမှာပါ။ဒါကြောင့် စာဖတ်သူတို့အိမ်မှာလည်း ထိုကဲ့သို့ လှပတဲ့ ဥယျာဉ်ခြံလေးတွေဖန်တီးနိုင်စေရန် သူတို့ရဲ့ ဖန်တီးမှုတချို့ကို မျှဝေပေးခဲ့လိုက်ပါတယ်။
Jasmine (Mckzone Daily)
Be the first to comment on "ကိုယ့်အိမ်မှာဥယျာဉ်ခြံထားရန် မြေနေရာလပ်မရှိတဲ့သူတွေအတွက် ဥယျာဉ်ခြံကားလေးတွေအဖြစ် ဖန်တီးပြောင်းလဲထားတဲ့ ဓာတ်ပုံလေးများ"