စကပ်နဲ့ဒေါက်ဖိနပ်တွေဟာ အမျိုးသမီးများအတွက် သီးသန့်မဟုတ်ကြောင်းကို သက်သေပြခဲ့တဲ့ အမျိုးသား
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
Jasmine (Mckzone Daily)
Source: .boredpanda
Unicode
ကျွန်တော့်တို့အများစုဟာ အဝတ်အစားမှာ ကျား၊မ လိင်ကွဲပြားမှုရှိတယ်လို့ မွေးကတည်းက ယုံကြည်ထားကြပါတယ်။ပွင့်လင်းမြင်သာတဲ့သူတွေကတော့ သူတို့ဖြစ်ချင်တဲ့ပုံပန်းသဏ္ဍာန်တွေကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုကာ ကျား၊မ မခွဲဘဲ သမားရိုးကျပုံစံအလား ဝတ်ဆင်နေထိုင်ကြပါတယ်။အမြင်မကြည်တတ်တဲ့လူတွေအတွက် ရွံရှာစရာကောင်းနေမှန်းသိပေမဲ့ ယနေ့ခေတ် လူငယ်တော်တော်များများဟာ ဆန့်ကျင်ဘက်လိင်ရဲ့ အဝတ်အစားတွေကို လွတ်လပ်စွာ ဝတ်ဆင်လာကြတာကို တွေ့ဖူးကြမှာပါ။တကယ်လည်း ဟုတ်ပါတယ် အထူးသဖြင့် အမျိုးသားတွေပါ။ Mark Bryan ဆိုတဲ့ဒီအမျိုးသားဟာ အဝတ်အစားမှာ ကျား၊မ လိင်ကွဲပြားမှုကို ဖယ်ရှားဖို့အချိန်တန်ပြီဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်။သူဟာ ယောကျ်ားစင်စစ်တစ်ဦးဖြစ်ပြီး အမျိုးသမီးဝတ်တွေက သူ့အတွက်သက်တောင့်သက်သာရှိစေတာကြောင့် နေ့စဉ်ဝတ်ဆင်သွားလာတတ်သူတစ်ယောက်လည်းဖြစ်ပါတယ်။ခုနောက်ပိုင်း မြန်မာနိုင်ငံမှာတော့ သိပ်မတွေ့ဖူးသေးပေမဲ့ တခြားနိုင်ငံကြီးတွေမှာ အထူးသဖြင့် ဖက်ရှင်ရှိုးပွဲတွေမှာ ပေါ်ထင်စွာ ဝတ်ဆင်လာကြပါတယ်။ကျား၊မ မခွဲခြားဘဲ ဝတ်စားတတ်တဲ့ Mark Bryanရဲ့ အပေါ်အောက်လိုက်ဖက်အောင် တွဲဖက်ထားတဲ့ဖက်ရှင်တချို့ကို စာဖတ်သူတို့အား မျှဝေပေးခဲ့လိုက်ပါတယ်။
Jasmine (Mckzone Daily)
Be the first to comment on "စကပ်နဲ့ဒေါက်ဖိနပ်တွေဟာ အမျိုးသမီးများအတွက် သီးသန့်မဟုတ်ကြောင်းကို သက်သေပြခဲ့တဲ့ အမျိုးသား"
Leave a comment
Your email address will not be published.
*