International London Tattoo ပြိုင်ပွဲမှာတွေ့ရဲ့ Tattoo ပုံစံမျိုးစုံများ





Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကမ္ဘာတစ်ဝန်းမှ ဆေးမင်ကြောင်ကိုကြိုက်နှစ်သက်ကြသူတွေအတွက် မနေ့က လန်ဒန်မြို့မှာကျင်းပတဲ့ Tattoo ပွဲမှာဆိုရင် ခန္ဓာကိုယ်တစ်ခုလုံးမှာ ဆေးမင်ကြောင်ထိုးပြီးအလှဆင်ထားကြတဲ့သူများကတော့ ကင်မရာရှေ့မှာ အင်္ကျီများချွတ်ပြီး ၎င်းတို့၏ခန္ဓာကိုယ်အပြည့်မှ Tattoo များကိုထုတ်ဖော်ပြသခဲ့ကြပါတယ် ။ အဆိုပါ 3ရက်ခန့်ကျင်းပတဲ့ပွဲမှာဆိုရင် Tattoo fan တစ်ယောက်အနေနဲ့ ကိုယ်ခန္ဓာအပြည့်Tattoo ထိုးထားကြတဲ့ အမျိုးသား နှင့် အမျိုးသမီးအုပ်စုများကို များစွာတွေ့ရှိရမှာပါ ။ အဆိုပါပွဲမျိုးကို ကျင်းပလာခဲ့တာ 15နှစ်တိုင်တိုင်ရှိခဲ့ပြီဖြစ်ပြီး ၊ ကမ္ဘာတစ်ဝန်းမှ နာမည်ကြီး Tattoo ဆရာအယောက်ပေါင်း 400 ခန့်တက်ရောက်လာခဲ့ကြပြီး ကိုးရီးယား ၊ ဂျာမနီ နှင့် စပိန်နိုင်ငံ များမှဖြစ်ကြောင်းလည်း သိရှိရပါတယ် ။

အဆိုပါပွဲကို စီစဉ်ကျင်းပပေးခဲ့တဲ့ပွဲစီစဉ်သူများကတော့ စိတ်လှုပ်ရှားတက်ကြွစေသည့်သီချင်းများဖြင့်စီစဉ်ပေးခဲ့ပြီး ” စိတ်လှုပ်ရှားဖို့အကောင်းဆုံး နှင့် မျှော်လင့်ထားသလို ကြိုတင်ပြင်ဆင်ပေးထားပြီး ကမ္ဘာပေါ်ရှိ Tattoo ဆရာများနှင့်တစ်ခမ်းတစ်နားကျင်းပ၍ ထင်ရှားကျော်ကြားသည့်ပွဲဖြစ်ကြောင်း ” လည်းသိရှိရပါတယ် ။

အဆိုပါ နာမည်ကြီးပုဂ္ဂိုလ်များထဲမှာ Zombie Punk ပုံစံတက်တူများ ၊ ကြောက်မက်ဖွယ်ကောင်းသည့်ရုပ်ပုံများဖြင့် တက်တူများ ၊ အဖြူ အမဲနှစ်ရောင်တည်းဖြင့်တက်တူးများ နှင့် စူးချွန်များဖြင့်ထိုးဖောက်ထားပြီး တက်တူများဖြင့်ပြန်အလှဆင်ထားသောတက်တူများ စသည်တို့နှင့် မျိုးစုံအလှဆင်ထားကြသည့် နာမည်ကြီးပုဂ္ဂိုလ်များကို တွေ့ရှိရမှာပါ ။

ဓာတ်ပုံများစွာထဲကမှ ခန္ဓာကိုယ်အနှံ့အသေးစိတ် ၊ အနုစိတ် ဒီဇိုင်ပုံဖော်ရေးသားထားခဲ့ကြတဲ့ David Milligan နှင့် Francieli Frankem ကဲ့သို့သော ပုဂ္ဂိုလ်များကိုလည်းတွေ့ရှိရမှာဖြစ်ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "International London Tattoo ပြိုင်ပွဲမှာတွေ့ရဲ့ Tattoo ပုံစံမျိုးစုံများ"

Leave a comment

Your email address will not be published.


*