ပိုင္ရွင္ျဖစ္သူ ကေလးငယ္ကိုဆူဆဲေနတဲ့မိခင္ထံမွ ကာကြယ္ေပးေနခဲ့တဲ့ သစၥာရွိလြန္းတဲ့ ေခြးေလး (႐ုပ္သံ)

တ႐ုတ္နိုင္ငံရွိ Harry အမည္ရွိတဲ့ Golden retriever ေခြးေလးဟာ ပိုင္ရွင္ျဖစ္သူကေလးမေလးအား သူမကိုဆူဆဲေနတဲ့မိခင္ထံမွ ကာကြယ္ေပးေနတဲ့ဗီဒီယိုဟာ social media ေပၚမွာပ်ံ႕ႏွံ့ေနခဲ့ပါတယ္။တ႐ုတ္နိုင္ငံရွိ Xuzhou ၿမိဳ့မွာေနထိုင္တဲ့တ႐ုတ္အမ်ိဳးသမီး Ms Sun ကို Mail Online မွေတြ႕ဆုံေမးျမန္းခဲ့ရာ သူမဟာ ေဒါသထြက္ေနသလို ရယ္စရာလည္းေကာင္းေနတဲ့အတြက္ေၾကာင့္ အဆိုပါဗီဒီယိုကိုမွတ္တမ္းတင္ခဲ့ေၾကာင္းေျပာၾကားခဲ့ပါတယ္။Ms Sunဟာ မီးဖိုေခ်ာင္တြင္ေန႔လည္စာခ်က္ျပဳတ္ေနခ်ိန္ သမီးျဖစ္သူက သူမဝယ္ထားတဲ့မ်က္ႏွာလိမ္းခရိမ္းအသစ္ကို ေဖာက္ကာ ကစားေနခဲ့ပါတယ္။ထိုအျဖစ္အပ်က္ကို သူမျမင္လိုက္ေတာ့ ေဒါသထြက္ကာ သမီးျဖစ္သူကိုဆူဆဲေနခဲ့ေပမဲ့ Harry လို့ေခၚတဲ့ Golden retriever ေခြးေလးဟာ သူမသမီးကိုကာကြယ္ေပးေနတာကိုေတြ႕လိုက္ရေတာ့ သူမေဒါသေတြဟာအရည္ေပ်ာ္သြားခဲ့ရပါတယ္။

Ms Sunဟာသူမသမီးကိုဆက္ဆူဆဲေနတာေၾကာင့္ ေခြးေလးဟာ သမီးေရွ႕ရပ္ကာ သူမအား အစြယ္ထုတ္မာန္ဖီျပေနတဲ့ပုံကို ေတြ႕ၾကရမွာပါ။ဆူဆဲတာရပ္သြားေတာ့ Harryဟာ သူ႔ပိုင္ရွင္ေလးရဲ့အနားမွာေနကာ အကာအကြယ္ေပးေနခဲ့ပါတယ္။ဒီအျဖစ္အပ်က္ေလးဟာ လူေတြအတြက္အားရၾကည္ႏူးဖြယ္ေကာင္းေနခဲ့ပါတယ္။အကယ္လို့ သင္ဟာသူတို့ကိုေကာင္းေကာင္းမြန္မြန္ဆက္ဆံေပးေနရင္ေတာ့ ေခြးေလးေတြကလည္း သူတို့ရဲ့ခ်စ္ျခင္းေမတၱာကိုျပန္လည္ျပသနိုင္ဖို့ အခုလိုနည္းလမ္းႏွင့္အတူ တျခားနည္းလမ္းေပါင္းမ်ားစြာကို ရွာေဖြေနပါလိမ့္မယ္။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တရုတ်နိုင်ငံရှိ Harry အမည်ရှိတဲ့ Golden retriever ခွေးလေးဟာ ပိုင်ရှင်ဖြစ်သူကလေးမလေးအား သူမကိုဆူဆဲနေတဲ့မိခင်ထံမှ ကာကွယ်ပေးနေတဲ့ဗီဒီယိုဟာ social media ပေါ်မှာပျံ့နှံ့နေခဲ့ပါတယ်။တရုတ်နိုင်ငံရှိ Xuzhou မြို့မှာနေထိုင်တဲ့တရုတ်အမျိုးသမီး Ms Sun ကို Mail Online မှတွေ့ဆုံမေးမြန်းခဲ့ရာ သူမဟာ ဒေါသထွက်နေသလို ရယ်စရာလည်းကောင်းနေတဲ့အတွက်ကြောင့် အဆိုပါဗီဒီယိုကိုမှတ်တမ်းတင်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်။Ms Sunဟာ မီးဖိုချောင်တွင်နေ့လည်စာချက်ပြုတ်နေချိန် သမီးဖြစ်သူက သူမဝယ်ထားတဲ့မျက်နှာလိမ်းခရိမ်းအသစ်ကို ဖောက်ကာ ကစားနေခဲ့ပါတယ်။ထိုအဖြစ်အပျက်ကို သူမမြင်လိုက်တော့ ဒေါသထွက်ကာ သမီးဖြစ်သူကိုဆူဆဲနေခဲ့ပေမဲ့ Harry လို့ခေါ်တဲ့ Golden retriever ခွေးလေးဟာ သူမသမီးကိုကာကွယ်ပေးနေတာကိုတွေ့လိုက်ရတော့ သူမဒေါသတွေဟာအရည်ပျော်သွားခဲ့ရပါတယ်။

Ms Sunဟာသူမသမီးကိုဆက်ဆူဆဲနေတာကြောင့် ခွေးလေးဟာ သမီးရှေ့ရပ်ကာ သူမအား အစွယ်ထုတ်မာန်ဖီပြနေတဲ့ပုံကို တွေ့ကြရမှာပါ။ဆူဆဲတာရပ်သွားတော့ Harryဟာ သူ့ပိုင်ရှင်လေးရဲ့အနားမှာနေကာ အကာအကွယ်ပေးနေခဲ့ပါတယ်။ဒီအဖြစ်အပျက်လေးဟာ လူတွေအတွက်အားရကြည်နူးဖွယ်ကောင်းနေခဲ့ပါတယ်။အကယ်လို့ သင်ဟာသူတို့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံပေးနေရင်တော့ ခွေးလေးတွေကလည်း သူတို့ရဲ့ချစ်ခြင်းမေတ္တာကိုပြန်လည်ပြသနိုင်ဖို့ အခုလိုနည်းလမ်းနှင့်အတူ တခြားနည်းလမ်းပေါင်းများစွာကို ရှာဖွေနေပါလိမ့်မယ်။

Jasmine (Mckzone Daily)

  • Leave a Comment