Covid-19 ေၾကာင့္ ပီ႐ူးနိုင္ငံမွာ ၇ လၾကာပိတ္မိေနတဲ့အမ်ိဳးသား ရ႐ွိခဲ့တဲ့ အထူးအခြင့္အေရးႀကီး (႐ုပ္သံ)

ဂ်ပန္ခရီးသြားတစ္ဦးဟာCOVID-19 ေၾကာင့္ ပီး႐ူးနိုင္ငံမွာ ၇လေက်ာ္ ေသာင္တင္ေနခဲ့ၿပီးေနာက္ ေဒသခံအစိုးရမ်ားက Machu Picchu ကိုဝင္ခြင့္ေပးခဲ့တာေၾကာင့္ တကိုယ္တည္း ခရီးသြားခဲ့ရပါတယ္။ဂ်ပန္နိုင္ငံ Osakaၿမိဳ့မွ အသက္ ၂၆ ႏွစ္အရြယ္ခရီးသြားတစ္ဦးျဖစ္တဲ့ Jesse Katayama ဟာ မတ္ ၁၆ရက္ေန႔မွာ UNESCO ကမၻာ့အေမြအႏွစ္ေနရာသို့ ဝင္ေရာက္ရန္ စီစဥ္ခဲ့ေသာ္လည္း ေရာဂါကူးစက္ေနခ်ိန္ေၾကာင့္ အစီအစဥ္ပ်က္သြားခဲ့ရပါတယ္။မတ္လ ၁၄ရက္ေန႔မွာေတာ့ ကမၻာလွည့္ခရီးသည္ေတာ္ေတာ္မ်ားမ်ားဟာ ကမၻာ့အေမြအႏွစ္ေနရာျဖစ္တဲ့ Machu Picchu မွ စတင္လည္ပတ္ၾကေပမဲ့ Katayamaမွာေတာ့ Aguas Calientesၿမိဳ့ကို ေရာက္ရွိေနခဲ့ပါတယ္။

ကံမေကာင္းစြာနဲ႔ပဲ Covid-19 ေၾကာင့္ ပီ႐ူးအစိုးရက ခရီးသြားဧည့္သည္မ်ား လုံျခဳံေစရန္ ထိုေန႔မွာဘဲ Machu Picchu ကို lockdown ျပဳလုပ္ခဲ့တာေၾကာင့္ Aguas Calientesၿမိဳ့မွာေသာင္တင္ေနတဲ့ Katuama ဟာ ၿမိဳ့ထဲရွိအခန္းငယ္တစ္ခန္းကိုငွါးရမ္းခဲ့ၿပီး နယ္နိမိတ္ ပိတ္ဆို့မွုေၾကာင့္ ေတာင္အေမရိကရွိ တျခားနိုင္ငံေတြကို လွည့္ပတ္မဲ့ သူ႔အစီအစဥ္ကလည္း ပ်က္သြားခဲ့ပါတယ္။သူဟာ အားလပ္ခ်ိန္ေတြမွာ ေဒသခံကေလးမ်ားအား လက္ေဝွ႕ထိုးသင္ၾကားေပးရင္း ေဒသခံေတြနဲ႔ မိတ္ေဆြဖြဲ႕ကာ လွပတဲ့ Putucusi ေတာင္တန္းႏွင့္ Calientes ေရတံခြန္ဆီသို့သြားေရာက္ခဲ့ပါေသးတယ္။”သူတို့ Machu Picchu ကို ဒီႏွစ္အတြင္းျပန္မဖြင့္မွာကို စိတ္ပူေနခဲ့တာ ဒါေပမယ့္ ဒီမွာေပ်ာ္စရာအခ်ိန္ေတြအမ်ားႀကီးရွိေနတဲ့အတြက္ ကၽြန္ေတာ္အဆင္ေျပပါတယ္” ဟု Katuama ကဆိုခဲ့ပါတယ္။

မၾကာမီမွာဘဲ Andean Roots Peru လို့ေခၚတဲ့ေဒသခံခရီးသြားကုမၸဏီတစ္ခုနဲ႔ပီး႐ူးအမ်ိဳးသားယဥ္ေက်းမွု၀န္ႀကီးဌာနတို့က Katayama အား Machu Picchu သို့ ၀င္ေရာက္ရန္အထူးခြင့္ျပဳခ်က္ေပးကာ အခမဲ့လည္ပတ္ေစခဲ့ၾကပါတယ္။Machu Picchu ရွိအေတြ႕အၾကဳံေတြကိုမွတ္တမ္းတင္ရန္ ထိုေနရာရဲ့အႀကီးအကဲJose Bastante ႏွင့္ဓာတ္ပုံဆရာႏွစ္ဦးတို့က Katayama ႏွင့္အတူလိုက္ပါသြားခဲ့ၾကပါတယ္။သူဟာ လူသူမရွိတဲ့ ကမၻာ့အေမြအႏွစ္ေနရာကို တကိုယ္တည္း ေလ့လာလည္ပတ္ခြင့္ရတဲ့ အထူးအခြင့္အေရးကို ရရွိခဲ့ရပါတယ္။အဆိုပါကဲသို့ခရီးသြားခဲ့ရတာကို ေပ်ာ္ရႊင္မိေၾကာင္းလည္းဆိုထားပါတယ္။ေအာက္တိုဘာ ၁၆ရက္ေန႔မွာေတာ့ သူဟာ ဂ်ပန္ကို ေကာင္းေကာင္းမြန္မြန္ျပန္ေရာက္ခဲ့ပါတယ္။

Jasmine (Mckzone Daily)

Source: nextshark

Unicode

ဂျပန်ခရီးသွားတစ်ဦးဟာCOVID-19 ကြောင့် ပီးရူးနိုင်ငံမှာ ၇လကျော် သောင်တင်နေခဲ့ပြီးနောက် ဒေသခံအစိုးရများက Machu Picchu ကိုဝင်ခွင့်ပေးခဲ့တာကြောင့် တကိုယ်တည်း ခရီးသွားခဲ့ရပါတယ်။ဂျပန်နိုင်ငံ Osakaမြို့မှ အသက် ၂၆ နှစ်အရွယ်ခရီးသွားတစ်ဦးဖြစ်တဲ့ Jesse Katayama ဟာ မတ် ၁၆ရက်နေ့မှာ UNESCO ကမ္ဘာ့အမွေအနှစ်နေရာသို့ ဝင်ရောက်ရန် စီစဉ်ခဲ့သော်လည်း ရောဂါကူးစက်နေချိန်ကြောင့် အစီအစဉ်ပျက်သွားခဲ့ရပါတယ်။မတ်လ ၁၄ရက်နေ့မှာတော့ ကမ္ဘာလှည့်ခရီးသည်တော်တော်များများဟာ ကမ္ဘာ့အမွေအနှစ်နေရာဖြစ်တဲ့ Machu Picchu မှ စတင်လည်ပတ်ကြပေမဲ့ Katayamaမှာတော့ Aguas Calientesမြို့ကို ရောက်ရှိနေခဲ့ပါတယ်။

ကံမကောင်းစွာနဲ့ပဲ Covid-19 ကြောင့် ပီရူးအစိုးရက ခရီးသွားဧည့်သည်များ လုံခြုံစေရန် ထိုနေ့မှာဘဲ Machu Picchu ကို lockdown ပြုလုပ်ခဲ့တာကြောင့် Aguas Calientesမြို့မှာသောင်တင်နေတဲ့ Katuama ဟာ မြို့ထဲရှိအခန်းငယ်တစ်ခန်းကိုငှါးရမ်းခဲ့ပြီး နယ်နိမိတ် ပိတ်ဆို့မှုကြောင့် တောင်အမေရိကရှိ တခြားနိုင်ငံတွေကို လှည့်ပတ်မဲ့ သူ့အစီအစဉ်ကလည်း ပျက်သွားခဲ့ပါတယ်။သူဟာ အားလပ်ချိန်တွေမှာ ဒေသခံကလေးများအား လက်ဝှေ့ထိုးသင်ကြားပေးရင်း ဒေသခံတွေနဲ့ မိတ်ဆွေဖွဲ့ကာ လှပတဲ့ Putucusi တောင်တန်းနှင့် Calientes ရေတံခွန်ဆီသို့သွားရောက်ခဲ့ပါသေးတယ်။”သူတို့ Machu Picchu ကို ဒီနှစ်အတွင်းပြန်မဖွင့်မှာကို စိတ်ပူနေခဲ့တာ ဒါပေမယ့် ဒီမှာပျော်စရာအချိန်တွေအများကြီးရှိနေတဲ့အတွက် ကျွန်တော်အဆင်ပြေပါတယ်” ဟု Katuama ကဆိုခဲ့ပါတယ်။

မကြာမီမှာဘဲ Andean Roots Peru လို့ခေါ်တဲ့ဒေသခံခရီးသွားကုမ္ပဏီတစ်ခုနဲ့ပီးရူးအမျိုးသားယဉ်ကျေးမှုဝန်ကြီးဌာနတို့က Katayama အား Machu Picchu သို့ ဝင်ရောက်ရန်အထူးခွင့်ပြုချက်ပေးကာ အခမဲ့လည်ပတ်စေခဲ့ကြပါတယ်။Machu Picchu ရှိအတွေ့အကြုံတွေကိုမှတ်တမ်းတင်ရန် ထိုနေရာရဲ့အကြီးအကဲJose Bastante နှင့်ဓာတ်ပုံဆရာနှစ်ဦးတို့က Katayama နှင့်အတူလိုက်ပါသွားခဲ့ကြပါတယ်။သူဟာ လူသူမရှိတဲ့ ကမ္ဘာ့အမွေအနှစ်နေရာကို တကိုယ်တည်း လေ့လာလည်ပတ်ခွင့်ရတဲ့ အထူးအခွင့်အရေးကို ရရှိခဲ့ရပါတယ်။အဆိုပါကဲသို့ခရီးသွားခဲ့ရတာကို ပျော်ရွှင်မိကြောင်းလည်းဆိုထားပါတယ်။အောက်တိုဘာ ၁၆ရက်နေ့မှာတော့ သူဟာ ဂျပန်ကို ကောင်းကောင်းမွန်မွန်ပြန်ရောက်ခဲ့ပါတယ်။

Jasmine (Mckzone Daily)

  • Leave a Comment