ဗီယက္နမ္မွာ အေတာ္ေလးကိုနာမည္ႀကီးေနတဲ့ ” ထမင္းပူပူေလးနဲ႔ အိမ္ေျမႇာင္ေၾကာ္ “

ဗီယက္နမ္ႏိုင္ငံကေတာ့ ကမာၻေပၚမွာ အထူးဆန္းဆံုးနဲ႔ အထူးျခားဆံုးဟင္းပြဲေတြျမည္းစမ္းၾကည့္ဖို႔ အေကာင္းဆံုးႏိုင္ငံတစ္ႏိုင္ငံလို႔ဆိုရမွာပါ ။ ဒါေပမဲ့အဲ့လိုဟင္းပြဲမ်ိဳးကိုျမည္းစမ္းခ်င္တယ္ဆိုရင္ေတာ့ 5 star hotel ေတြ ၊ စားေသာက္ဆိုင္အႀကီးစားေတြသြားစရာမလိုပါဘူး ။ သက္ေတာင့္သက္သာ႐ွိၿပီး ေစ်းသက္သာတဲ့လမ္းေဘးစားေသာက္ဆိုင္ေတြမွာ ေဒသခံတစ္ေယာက္လိုကိုယ့္ကိုသေဘာထားၿပီး သြားေရာက္စားေသာက္ၾကည့္ပါ ။ ဗီယက္နမ္ေကာ္ျပန္ေၾကာ္ေတြ ၊ ေကာ္ျပန္စိမ္းေၾကာ္ေတြေတာ့ အေတာ္ေလးနာမည္ႀကီးပါတယ္ ။ ဒါေပမဲ့ ထမင္းျဖဴ နဲ႔အိမ္ေျမႇာင္ေၾကာ္ ေလးကိုေကာမွာစားဖူးၾကရဲ႕လား ။ social media ေပၚမွာေတာ့ ဓာတ္ပံုေတြနဲ႔တင္ထားတာျဖစ္တဲ့အတြက္ အေတာ္ေလးေတာ့ ေရပန္းစားေနပါတယ္ ။ အခ်ိဳ႕ကလည္း အဆိုပါဟင္းပြဲမ်ိဳးကိုလက္မခံႏိုင္ၾကတဲ့သူေတြကေတာ့ ” အိမ္မွာ အိမ္ေျမႇာင္ေတြအမ်ားႀကီး႐ွိတဲ့သူေတြ ဗီယက္နမ္မွာသြားေရာင္းရင္ အေတာ္ေလးကိုအျမတ္ရေလာက္တယ္ ” ဆိုၿပီးေနာက္ေျပာင္ေရးသားခဲ့ၾကပါတယ္ ။

အိမ္ေျမႇာင္ ေမြးျမဴတဲ့သူေတြ ၊ ေရာင္ဝယ္ၾကတဲ့သူေတြရဲ႕ အိမ္ေျမႇာင္ထုပ္ပိုးေနပံု ၊ ေရာင္းခ်ေနပံု ၊ ၿပီးေတာ့ ခ်က္ျပဳတ္ေနၾကပံုကို ေတြ႔႐ွိရမွာပါ ။ ေနာက္တစ္ေခါက္ကိုယ့္အိမ္ကေၾကာင္ အိမ္ေျမႇာင္ဖမ္းလာခဲ့ရင္ မဆူေတာ့ပဲ ညစာအတြက္ဟင္းရၿပီဆိုၿပီးေတာ့လည္း ျဖစ္မသြားၾကနဲ႔ေနာ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဗီယက်နမ်နိုင်ငံကတော့ ကမ္ဘာပေါ်မှာ အထူးဆန်းဆုံးနဲ့ အထူးခြားဆုံးဟင်းပွဲတွေမြည်းစမ်းကြည့်ဖို့ အကောင်းဆုံးနိုင်ငံတစ်နိုင်ငံလို့ဆိုရမှာပါ ။ ဒါပေမဲ့အဲ့လိုဟင်းပွဲမျိုးကိုမြည်းစမ်းချင်တယ်ဆိုရင်တော့ 5 star hotel တွေ ၊ စားသောက်ဆိုင်အကြီးစားတွေသွားစရာမလိုပါဘူး ။ သက်တောင့်သက်သာရှိပြီး ဈေးသက်သာတဲ့လမ်းဘေးစားသောက်ဆိုင်တွေမှာ ဒေသခံတစ်ယောက်လိုကိုယ့်ကိုသဘောထားပြီး သွားရောက်စားသောက်ကြည့်ပါ ။ ဗီယက်နမ်ကော်ပြန်ကြော်တွေ ၊ ကော်ပြန်စိမ်းကြော်တွေတော့ အတော်လေးနာမည်ကြီးပါတယ် ။ ဒါပေမဲ့ ထမင်းဖြူ နဲ့အိမ်မြှောင်ကြော် လေးကိုကောမှာစားဖူးကြရဲ့လား ။ social media ပေါ်မှာတော့ ဓာတ်ပုံတွေနဲ့တင်ထားတာဖြစ်တဲ့အတွက် အတော်လေးတော့ ရေပန်းစားနေပါတယ် ။ အချို့ကလည်း အဆိုပါဟင်းပွဲမျိုးကိုလက်မခံနိုင်ကြတဲ့သူတွေကတော့ ” အိမ်မှာ အိမ်မြှောင်တွေအများကြီးရှိတဲ့သူတွေ ဗီယက်နမ်မှာသွားရောင်းရင် အတော်လေးကိုအမြတ်ရလောက်တယ် ” ဆိုပြီးနောက်ပြောင်ရေးသားခဲ့ကြပါတယ် ။

အိမ်မြှောင် မွေးမြူတဲ့သူတွေ ၊ ရောင်ဝယ်ကြတဲ့သူတွေရဲ့ အိမ်မြှောင်ထုပ်ပိုးနေပုံ ၊ ရောင်းချနေပုံ ၊ ပြီးတော့ ချက်ပြုတ်နေကြပုံကို တွေ့ရှိရမှာပါ ။ နောက်တစ်ခေါက်ကိုယ့်အိမ်ကကြောင် အိမ်မြှောင်ဖမ်းလာခဲ့ရင် မဆူတော့ပဲ ညစာအတွက်ဟင်းရပြီဆိုပြီးတော့လည်း ဖြစ်မသွားကြနဲ့နော် ။

Jasmine (Mckzone Daily)

Be the first to comment on "ဗီယက္နမ္မွာ အေတာ္ေလးကိုနာမည္ႀကီးေနတဲ့ ” ထမင္းပူပူေလးနဲ႔ အိမ္ေျမႇာင္ေၾကာ္ “"

Leave a comment

Your email address will not be published.


*