ဦးေႏွာက္ေသြးလြန္ေရာဂါခံစားေနရတဲ့မိခင္အားတဖန္ စာျပန္ေရးတတ္ ၊ ဖတ္တတ္​ေအာင္သင္ၾကားေပးခဲ့တဲ့ သမီးေလး

တ႐ုတ္နိုင္ငံ Sichuan ျပည္နယ္ Yibin ၿမိဳ့မွ အသက္ ၁၀ ႏွစ္အရြယ္မိန္းကေလးတစ္ဦးဟာ လြန္ခဲ့တဲ့၄ ႏွစ္က ဦးေႏွာက္ေသြးလြန္ေရာဂါခံစားခဲ့ရတဲ့ မိခင္အား ဘယ္လိုစာေရး၊ စာဖတ္ပုံကို ျပန္လည္ေလ့လာသင္ၾကားေပးျခင္းအတြက္ စံျပပုဂၢိဳလ္အျဖစ္ ခ်ီးက်ဴးဂုဏ္ျပဳခံခဲ့ရပါတယ္။အရင္ကမိခင္ျဖစ္သူဟာ သမီး Cai ကိုစာဖတ္တတ္ေအာင္သင္ေပးခဲ့ၿပီး အခုေတာ့ သမီးျဖစ္သူက မိခင္အား စာဘယ္လိုေရးဖတ္ရန္ ျပန္လည္သင္ၾကားေပးခဲ့ပါတယ္။ Cai ဟာ အေမျဖစ္သူစာကိုပို စိတ္ဝင္စားေစရန္အတြက္ တိရိစၧာန္မ်ား၊ သူမႀကိဳက္ႏွစ္သက္တဲ့အစားအစာမ်ားကို စကားလုံးေတြနဲ႔တြဲစပ္ၿပီး သင္ၾကားေပးခဲ့ပါတယ္။၄ ႏွစ္တာကာလအတြင္း Cai ဟာ သင္ၾကားေရးမွာအေထာက္အကူျပဳတဲ့ အရာဝတၳဳႏွင့္ကဒ္ျပားေတြကိုအသုံးျပဳခဲ့ပါတယ္။

“အေမက ဘီးတပ္ကုလားထိုင္နဲ႔ေနရၿပီး ဘယ္ဘက္မ်က္လုံးကပုံမွန္ျဖစ္ေပမဲ့ ညာဘက္မ်က္လုံးကမျမင္ရဘူး” ဟု မိခင္ေဆး႐ုံမွျပန္လာတဲ့ေန႔ႏွင့္ ပတ္သက္ၿပီးCai ကေျပာျပခဲ့ပါတယ္။Cai ရဲ့ဖခင္ Cai Yong ဟာ ဇနီးျဖစ္သူ Liရဲ့က်န္းမာေရးကုန္က်စရိတ္အတြက္လိုအပ္တဲ့ေငြေတြကိုရရွိရန္ မိသားစုဆိုင္မွာ တစ္ေနကုန္အလုပ္ လုပ္ေနရၿပီး Cai ရဲ့အစ္ကို Cai Ling ဟာလည္းအထက္တန္းေက်ာင္းစတက္တဲ့အတြက္ေၾကာင့္ သူရဲ့သင္ၾကားမွုေတြႏွင့္အလုပ္မ်ားေနခဲ့ပါတယ္။ဒါေၾကာင့္ Cai ဟာ မိခင္ျဖစ္သူကို အိမ္မွာေနကာျပဳစုေစာင့္ေရွာက္ရတဲ့တစ္ဦးတည္းေသာပုဂၢိဳလ္ျဖစ္ခဲ့ပါတယ္။

Cai ဟာ သူမရဲ့မိခင္ကို ေဆးအခ်ိန္မွန္မွန္ေသာက္နိုင္ရန္ႏွင့္အေၾကာအဆစ္မ်ားလွုပ္ရွားနိုင္ရန္ ကူညီေပးပါတယ္။အခ်ိန္အတန္ၾကာၿပီးေနာက္ Liဟာ ျပန္လည္ေကာင္းမြန္စြာ လွုပ္ရွားလာနိုင္ခဲ့ၿပီး ယခုအခါမွာေတာ့ မိသားစုဆိုင္ကိုကူဖြင့္ေပးၿပီးေသးငယ္တဲ့အလုပ္ေတြကိုလည္း ကူညီနိုင္ေနၿပီျဖစ္ပါတယ္။Cai ဟာ သူမရဲ့မိခင္ကို ၾကည့္ရွုေစာင့္ေရွာက္ရင္း အခ်ိန္ကုန္သြားခဲ့ေပမဲ့လည္း သူမဟာ သမီးတစ္ေယာက္ပီပီ သူမရဲ့တာ၀န္ေတြကို ေက်ပြန္စြာထမ္းေဆာင္နိုင္ခဲ့ပါတယ္။ေဒသခံအစိုးရက Cai ရဲ့ ကတိကဝတ္မ်ား၊ႀကိဳးစားအားထုတ္မွုႏွင့္ ဘာသာတရားကိုင္းရွိုင္းမွုအတြက္ သူမအား အသိအမွတ္ျပဳေအာင္ျမင္မွုဆုတစ္ဆုကိုလည္း ေပးအပ္ခဲ့ပါေသးတယ္။

Jasmine (Mckzone Daily)

Source: nextshark

Unicode

တရုတ်နိုင်ငံ Sichuan ပြည်နယ် Yibin မြို့မှ အသက် ၁၀ နှစ်အရွယ်မိန်းကလေးတစ်ဦးဟာ လွန်ခဲ့တဲ့၄ နှစ်က ဦးနှောက်သွေးလွန်ရောဂါခံစားခဲ့ရတဲ့ မိခင်အား ဘယ်လိုစာရေး၊ စာဖတ်ပုံကို ပြန်လည်လေ့လာသင်ကြားပေးခြင်းအတွက် စံပြပုဂ္ဂိုလ်အဖြစ် ချီးကျူးဂုဏ်ပြုခံခဲ့ရပါတယ်။အရင်ကမိခင်ဖြစ်သူဟာ သမီး Cai ကိုစာဖတ်တတ်အောင်သင်ပေးခဲ့ပြီး အခုတော့ သမီးဖြစ်သူက မိခင်အား စာဘယ်လိုရေးဖတ်ရန် ပြန်လည်သင်ကြားပေးခဲ့ပါတယ်။ Cai ဟာ အမေဖြစ်သူစာကိုပို စိတ်ဝင်စားစေရန်အတွက် တိရိစ္ဆာန်များ၊ သူမကြိုက်နှစ်သက်တဲ့အစားအစာများကို စကားလုံးတွေနဲ့တွဲစပ်ပြီး သင်ကြားပေးခဲ့ပါတယ်။၄ နှစ်တာကာလအတွင်း Cai ဟာ သင်ကြားရေးမှာအထောက်အကူပြုတဲ့ အရာဝတ္ထုနှင့်ကဒ်ပြားတွေကိုအသုံးပြုခဲ့ပါတယ်။

“အမေက ဘီးတပ်ကုလားထိုင်နဲ့နေရပြီး ဘယ်ဘက်မျက်လုံးကပုံမှန်ဖြစ်ပေမဲ့ ညာဘက်မျက်လုံးကမမြင်ရဘူး” ဟု မိခင်ဆေးရုံမှပြန်လာတဲ့နေ့နှင့် ပတ်သက်ပြီးCai ကပြောပြခဲ့ပါတယ်။Cai ရဲ့ဖခင် Cai Yong ဟာ ဇနီးဖြစ်သူ Liရဲ့ကျန်းမာရေးကုန်ကျစရိတ်အတွက်လိုအပ်တဲ့ငွေတွေကိုရရှိရန် မိသားစုဆိုင်မှာ တစ်နေကုန်အလုပ် လုပ်နေရပြီး Cai ရဲ့အစ်ကို Cai Ling ဟာလည်းအထက်တန်းကျောင်းစတက်တဲ့အတွက်ကြောင့် သူရဲ့သင်ကြားမှုတွေနှင့်အလုပ်များနေခဲ့ပါတယ်။ဒါကြောင့် Cai ဟာ မိခင်ဖြစ်သူကို အိမ်မှာနေကာပြုစုစောင့်ရှောက်ရတဲ့တစ်ဦးတည်းသောပုဂ္ဂိုလ်ဖြစ်ခဲ့ပါတယ်။

Cai ဟာ သူမရဲ့မိခင်ကို ဆေးအချိန်မှန်မှန်သောက်နိုင်ရန်နှင့်အကြောအဆစ်များလှုပ်ရှားနိုင်ရန် ကူညီပေးပါတယ်။အချိန်အတန်ကြာပြီးနောက် Liဟာ ပြန်လည်ကောင်းမွန်စွာ လှုပ်ရှားလာနိုင်ခဲ့ပြီး ယခုအခါမှာတော့ မိသားစုဆိုင်ကိုကူဖွင့်ပေးပြီးသေးငယ်တဲ့အလုပ်တွေကိုလည်း ကူညီနိုင်နေပြီဖြစ်ပါတယ်။Cai ဟာ သူမရဲ့မိခင်ကို ကြည့်ရှုစောင့်ရှောက်ရင်း အချိန်ကုန်သွားခဲ့ပေမဲ့လည်း သူမဟာ သမီးတစ်ယောက်ပီပီ သူမရဲ့တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့ပါတယ်။ဒေသခံအစိုးရက Cai ရဲ့ ကတိကဝတ်များ၊ကြိုးစားအားထုတ်မှုနှင့် ဘာသာတရားကိုင်းရှိုင်းမှုအတွက် သူမအား အသိအမှတ်ပြုအောင်မြင်မှုဆုတစ်ဆုကိုလည်း ပေးအပ်ခဲ့ပါသေးတယ်။

Jasmine (Mckzone Daily)

  • Leave a Comment