အသက္ ၈၇ႏွစ္အရြယ္က်န္းမာေရးမေကာင္းတဲ့ အဘိုးျဖစ္သူနဲ႔ အႀကိဳမဂၤလာေဆာင္ဓာတ္ပုံရိုက္ကူးခဲ့တဲ့ ေျမးမေလး

တ႐ုတ္နိုင္ငံ Chengduၿမိဳ့ရွိ အသက္၂၅ႏွစ္အရြယ္ အမ်ိဳးသမီးတစ္ဦးဟာ အသက္၈၇ႏွစ္ရွိၿပီျဖစ္တဲ့ အဘိုးျဖစ္သူနဲ႔အတူ အႀကိဳမဂၤလာေဆာင္ဓာတ္ပုံရိုက္ကူးမွုကို ျပဳလုပ္ခဲ့ပါတယ္။အဲတာက သူမအတြက္ လူေတြ စိတ္ဝင္စားလာေအာင္ တမင္တကာ ျပဳလုပ္ခဲ့ျခင္းမဟုတ္ပါဘူး။အဘိုးေဘးမွာရပ္ေနတဲ့ သတို့သမီးဝတ္စုံနဲ႔ အဆိုပါ Fu Xuewei ဆိုတဲ့ သူမရဲ့ ဓာတ္ပုံဟာ လူသိမ်ားပ်ံ႕ႏွံ့သြားခဲ့ေၾကာင္း China Press သတင္းက ဆိုထားပါတယ္။ၿပီးခဲ့တဲ့ စက္တင္ဘာလက အဘိုးျဖစ္သူ Fu Qiquanေလျဖတ္ကာ ေဆး႐ုံတက္ခဲ့တုန္း သူမဟာ အဲဒီအႀကံအစည္ကို စိတ္ကူးမိခဲ့ေၾကာင္း Fuက ေဒသခံမီဒီယာမ်ားထံ ေျဖၾကားခဲ့ပါတယ္။လြန္ခဲ့တဲ့ ၂ႏွစ္တာကာလအတြင္း အဘိုးျဖစ္သူရဲ့ ဒုတိယအႀကိမ္ေလျဖတ္ျခင္းလည္းျဖစ္ေၾကာင္း Shanghaiistသတင္းက ေဖာ္ျပထားပါတယ္။Fuက အဘိုးျဖစ္သူရဲ့အေျခအေနဟာ ပိုမိုဆိုးရြားလာနိုင္ေၾကာင္းဆိုခဲ့ၿပီး သူမရဲ့မဂၤလာပြဲကိုလည္း မတက္ေရာက္နိုင္မွာကို စိုးရိမ္တာေၾကာင့္ အခုလို မဂၤလာေဆာင္ဓာတ္ပုံရိုက္ဖို့ စီစဥ္ခဲ့ရပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလက ရိုက္ကူးခဲ့တဲ့ အျဖဴေရာင္ဂါဝန္ရွည္နဲ႔ Fuက အဘိုးျဖစ္သူလက္ကို တြဲကာ လမ္းေလၽွာက္ေနတဲ့ သူတို့ေျမးအဘိုးႏွစ္ေယာက္တို့ရဲ့ ေနာက္ေက်ာပုံကို ၾကည္ႏူးဖြယ္ ေတြ႕ျမင္ရမွာပါ။ဓာတ္ပုံမရိုက္မီ Fuဟာ အဘိုးျဖစ္သူရဲ့ မ်က္ႏွာပုံတူတက္တူးကို သူမရဲ့ညာဘက္လက္ေမာင္းေပၚမွာ ထိုးခဲ့ပါေသးတယ္။Chengdu Business Daily သတင္းအရ Fuဟာ သူမမိဘေတြက အလုပ္မ်ားၿပီး အိမ္မွာ မရွိသေလာက္ရွားတာေၾကာင့္ အဘိုးအဘြားေတြနဲ႔သာ ႀကီးျပင္းလာခဲ့ရေၾကာင္း ဆိုထားပါတယ္။Fuကသူမရဲ့အဘိုးဟာ ၿခိဳးၿခံေခၽြတာတဲ့ဘဝမွာ ေနထိုင္ခဲ့ရေပမဲ့ သူမ ရသင့္တဲ့အခြင့္အေရးတိုင္းကို ရေအာင္လုယူေပးခဲ့ေၾကာင္း၊သူမရဲ့ အနာဂတ္သားသမီးေတြ အဘိုးျဖစ္သူရဲ့ မ်က္ႏွာကို သိရွိေအာင္ ျပဳလုပ္လိုေၾကာင္းလည္း ဆိုထားပါေသးတယ္။

1

2

3

4

5

6

7

8

9

10

Jasmine (Mckzone Daily)

Source: herworld

Unicode

တရုတ်နိုင်ငံ Chengduမြို့ရှိ အသက်၂၅နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ အသက်၈၇နှစ်ရှိပြီဖြစ်တဲ့ အဘိုးဖြစ်သူနဲ့အတူ အကြိုမင်္ဂလာဆောင်ဓာတ်ပုံရိုက်ကူးမှုကို ပြုလုပ်ခဲ့ပါတယ်။အဲတာက သူမအတွက် လူတွေ စိတ်ဝင်စားလာအောင် တမင်တကာ ပြုလုပ်ခဲ့ခြင်းမဟုတ်ပါဘူး။အဘိုးဘေးမှာရပ်နေတဲ့ သတို့သမီးဝတ်စုံနဲ့ အဆိုပါ Fu Xuewei ဆိုတဲ့ သူမရဲ့ ဓာတ်ပုံဟာ လူသိများပျံ့နှံ့သွားခဲ့ကြောင်း China Press သတင်းက ဆိုထားပါတယ်။ပြီးခဲ့တဲ့ စက်တင်ဘာလက အဘိုးဖြစ်သူ Fu Qiquanလေဖြတ်ကာ ဆေးရုံတက်ခဲ့တုန်း သူမဟာ အဲဒီအကြံအစည်ကို စိတ်ကူးမိခဲ့ကြောင်း Fuက ဒေသခံမီဒီယာများထံ ဖြေကြားခဲ့ပါတယ်။လွန်ခဲ့တဲ့ ၂နှစ်တာကာလအတွင်း အဘိုးဖြစ်သူရဲ့ ဒုတိယအကြိမ်လေဖြတ်ခြင်းလည်းဖြစ်ကြောင်း Shanghaiistသတင်းက ဖော်ပြထားပါတယ်။Fuက အဘိုးဖြစ်သူရဲ့အခြေအနေဟာ ပိုမိုဆိုးရွားလာနိုင်ကြောင်းဆိုခဲ့ပြီး သူမရဲ့မင်္ဂလာပွဲကိုလည်း မတက်ရောက်နိုင်မှာကို စိုးရိမ်တာကြောင့် အခုလို မင်္ဂလာဆောင်ဓာတ်ပုံရိုက်ဖို့ စီစဉ်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ရိုက်ကူးခဲ့တဲ့ အဖြူရောင်ဂါဝန်ရှည်နဲ့ Fuက အဘိုးဖြစ်သူလက်ကို တွဲကာ လမ်းလျှောက်နေတဲ့ သူတို့မြေးအဘိုးနှစ်ယောက်တို့ရဲ့ နောက်ကျောပုံကို ကြည်နူးဖွယ် တွေ့မြင်ရမှာပါ။ဓာတ်ပုံမရိုက်မီ Fuဟာ အဘိုးဖြစ်သူရဲ့ မျက်နှာပုံတူတက်တူးကို သူမရဲ့ညာဘက်လက်မောင်းပေါ်မှာ ထိုးခဲ့ပါသေးတယ်။Chengdu Business Daily သတင်းအရ Fuဟာ သူမမိဘတွေက အလုပ်များပြီး အိမ်မှာ မရှိသလောက်ရှားတာကြောင့် အဘိုးအဘွားတွေနဲ့သာ ကြီးပြင်းလာခဲ့ရကြောင်း ဆိုထားပါတယ်။Fuကသူမရဲ့အဘိုးဟာ ခြိုးခြံချွေတာတဲ့ဘဝမှာ နေထိုင်ခဲ့ရပေမဲ့ သူမ ရသင့်တဲ့အခွင့်အရေးတိုင်းကို ရအောင်လုယူပေးခဲ့ကြောင်း၊သူမရဲ့ အနာဂတ်သားသမီးတွေ အဘိုးဖြစ်သူရဲ့ မျက်နှာကို သိရှိအောင် ပြုလုပ်လိုကြောင်းလည်း ဆိုထားပါသေးတယ်။

Jasmine (Mckzone Daily)

Be the first to comment on "အသက္ ၈၇ႏွစ္အရြယ္က်န္းမာေရးမေကာင္းတဲ့ အဘိုးျဖစ္သူနဲ႔ အႀကိဳမဂၤလာေဆာင္ဓာတ္ပုံရိုက္ကူးခဲ့တဲ့ ေျမးမေလး"

Leave a comment

Your email address will not be published.


*