ခြင်းထဲကြက်ဥတွေအပြည့်ထည့်ပြီး အိမ်ကနေ ၃၇မိုင်အကွာအဝေးမှာရှိတဲ့ မြေးဖြစ်သူထံ ခြေလျင်အလည်သွားခဲ့တဲ့ အဘိုးအို (ရုပ်သံ)



Jasmine (Mckzone Daily)

Source: nextshark.

Unicode

တရုတ်နိုင်ငံရှိ အဖိုးတစ်ဦးဟာ မြေးဖြစ်သူအတွက် ကြက်ဥတချို့ကိုသယ်ကာ ကိုယ်တိုင်ပို့ဆောင်နိုင်ရန် ခြေလျင်ခရီးဖြင့် ကီလို၆၀(၃၇မိုင်)အထိလမ်းလျှောက်ခဲ့တာကြောင့် လူသိများသွားခဲ့ပြီး တရုတ်ပြည်သူတွေရဲ့ နှလုံးသားကို နွေးထွေးသွားစေခဲ့ပါတယ်။Guizhouပြည်နယ်ရှိရဲများဟာ တင်္နလာနေ့က Zuniမြို့အနီးရှိ အဝေးပြေးလမ်းမကြီးဘေးမှာ ကြက်ဥတွေပါတဲ့ ပလပ်စတစ်ပုံးတစ်ခုကိုသယ်ကာ တရွေ့ရွေ့နဲ့ ဖြည်းဖြည်းချင်း လမ်းလျှောက်နေခဲ့တဲ့သက်ကြီးရွယ်အိုတစ်ဦးကို တွေ့ရှိခဲ့ကြောင်း Shanghaiist သတင်းကဖော်ပြထားပါတယ်။ဒေသခံအာဏာပိုင်များမေးမြန်းချက်အရ အသက်၈၀လောက်ယူဆရတဲ့အဆိုပါအဖိုးဟာ မြေးဖြစ်သူထံ သွားရောက်လည်ပတ်ရန်ဖြစ်ပြီး မြေးဖြစ်သူက အလုပ်အလွန်ကြိုးစားတာကြောင့် အစာကောင်းကောင်းမစားရမှာကို စိုးရိမ်ပူပန်တာကြောင့် ကြက်ဥတွေကိုပါ ယူဆောင်သွားကြောင်း ဆိုထားပါတယ်။

အဖိုးဟာ တနင်္လာနေ့မနက်၇နာရီလောက်က အိမ်မှထွက်လာပြီး ရဲများမြင်ကာ ရပ်ခိုင်းလိုက်ချိန်မှာတော့ သူဟာ ၁၂နာရီကြာအောင် လမ်းလျှောက်ခဲ့ပြီး အိမ်မှ ကီလို ၆၀အကွာမှာရောက်ရှိနေခဲ့ပါတယ်။အဖိုးဟာ ပိုက်ဆံကုန်သက်သာအောင် ဘတ်စ်ကားလည်းမစီးခဲ့ပါဘူး။ခရီးရှည်လာခဲ့ရတာကြောင့်ပုံးထဲရှိကြက်ဥတချို့တွေကလည်း ကွဲနေခဲ့ပါတယ်။ထို့နောက် ရဲဝန်ထမ်းများက အဖိုးအား သူရောက်ရင်အံ့ဩသွားစေမယ့် မြေးဖြစ်သူဆီသို့ ပို့ဆောင်ပေးခဲ့ကြပါတယ်။အဖိုးဖြစ်သူလာလည်မယ်လို့မထင်ထားကြောင်း၊အဖိုးရောက်တုန်းလေး အစားအသောက်ကောင်းတွေ စားနိုင်ရန် အဖိုးကို အပြင်ခေါ်သွားမယ်ဖြစ်ကြောင်း အဖိုးချစ်တဲ့မြေးက ဆိုခဲ့ပါတယ်။အဆိုပါ မြေးအဖိုးနှစ်ယောက်တို့ ပျော်ရွှင်စွာ ထမင်းလက်ဆုံစားဖြစ်ခဲ့ကြမယ်လို့လည်း မျှော်လင့်မိပါတယ်။

Jasmine (Mckzone Daily)

  • Leave a Comment