ေဝခြဲမရေတာ့တဲ့အဆံုး ခ်စ္သူမိန္းကေလးႏွစ္ေယာက္လံုးႏွင့္ လက္ထပ္ဖို႔ဆံုးျဖတ္ခဲ့တဲ့ အမ်ိဳးသား

မဂၤလာပြဲဆိုတာကို လူအမ်ားစုနားလည္ထားၾကတာကေတာ့ ခ်စ္ရသူႏွစ္ဦးတစ္သက္တာလက္တြဲေဖာ္အျဖစ္ အတူေပါင္းဖက္ၾကမဲ့ပြဲပါ ။ မေလး႐ွားႏိုင္ငံ ၊ Semporna ကြၽန္းမွာေနထိုင္တဲ့ အမ်ိဳးသားတစ္ေယာက္ဟာ ခ်စ္သူမိန္းကေလးႏွစ္ေယာက္လံုးႏွင့္မဂၤလာပြဲက်င္းပခဲ့ပံုကို သူ၏ Facebook မွာေဝမ်ွခဲ့တဲ့အတြက္ အေတာ္ေလးကိုလူေျပာမ်ားေနခဲ့ပါတယ္ ။တစ္ႀကိမ္တည္း မယားၿပိဳင္ယူတဲ့ဓေလ့မ်ိဳးကို ၾကားရေလ့မ႐ွိေပမဲ့လည္း သူတို႔ေတြကေတာ့ မဂၤလာပြဲအမွန္တကယ္ျဖစ္ေျမာက္ေအာင္ ျပဳလုပ္ႏိုင္ခဲ့ၾကပါတယ္ ။ ထို႔ေၾကာင့္ အမ်ိဳးသားတစ္ေယာက္ဟာ ခ်စ္သူမိန္းကေလးႏွစ္ေယာက္လံုးကို တစ္ၿပိဳင္နက္တည္းလက္ထပ္ယူခဲ့တဲ့အတြက္ အေတာ္ေလးကို လူအမ်ား၏အံ့ၾသထိတ္လန္႔မႈကို ရ႐ွိသြားခဲ့ၾကပါတယ္ ။ အဆိုပါအေၾကာင္းအရာကို ေဝမ်ွသြားခဲ့သူကေတာ့ သတို႔သား၏ ဝမ္းကြဲအစ္ကိုေတာ္စပ္သူ Jimmy Jim အမည္႐ွိတဲ့အမ်ိဳးသားက ၊ ႐ိုးရားဝတ္စံုဝတ္ဆင္ထားတဲ့သတို႔သားက သတို႔သမီးႏွစ္ေယာက္လံုးကိုဖတ္ၿပီးတြဲ႐ိုက္ထားတဲ့ ဓာတ္ပံုကိုေဝမ်ွသြားခဲ့ပါတယ္ ။ အဆိုပါမဂၤလာပြဲကို Semporna မွာပဲ ၿပီးခဲ့တဲ့ ေသာၾကာေန႔ စက္တင္ဘာလ 27 ရက္ေန႔က က်င္းပခဲ့တာျဖစ္ေၾကာင္းသိ႐ွိရပါတယ္ ။

ျဖစ္စဥ္ကေတာ့ သတို႔သားဟာ Kota Kinabalu ၿမိဳ႕ကအမ်ိဳးသမီးကို ခ်စ္ကြၽမ္းဝင္ခဲ့ၿပီး ေစ့စပ္ထားခဲ့ပါတယ္ ။ ထို႔ေနာက္ ခရီးသြားလုပ္ငန္းဌာနမွာတာဝန္က်လို႔ အလုပ္လုပ္ရင္းနဲ႔ ေနာက္ထပ္အမ်ိဳးသမီးတစ္ေယာက္ႏွင့္ထပ္ျပီးခ်စ္ႀကိဳက္သြားမိခဲ့ပါေတာ့တယ္ ။ သို႔ေပမဲ့လည္း အမ်ိဳးသမီးတစ္ေယာက္ကိုသာလက္ထပ္ဖို႔ ဆံုးျဖတ္ခ်က္ခ်ရမဲ့အစား ႏွစ္ေယာက္လံုးႏွင့္ လက္ထပ္ထိမ္းျမွားခဲ့ပါေတာ့တယ္ ။

ႀကိဳတင္ခန္႔မွန္ထားသလိုပါပဲ မဂၤလာပြဲဟာ လူအမ်ားစိတ္ဝင္စားမႈ့ကိုအေတာ္ေလးရ႐ွိခဲ့ပါတယ္ ။ တစ္ခ်ိဳ႕ေသာသူမ်ားကလည္း မဂၤလာပြဲဟာ အတုျဖစ္ၿပီး လူ3ေယာက္ကိုေခၚထားၿပီး ဓာတ္ပံု႐ိုက္ကာ Facebook ေပၚတင္ထားခဲ့ျခင္းျဖစ္ေၾကာင္း ေျပာဆိုခဲ့ၾကပါတယ္ ။ သို႔ေပမဲ့လည္း အျခားေသာသူမ်ားကေတာ့ မဂၤလာပြဲမွာ သတို႔သမီးေတြက ေပ်ာ္ရႊင္ပံုမရပါဘူး ၊ ၿပီးေတာ့ သတို႔သားရဲ႕ေဘးတစ္ဖက္တစ္ျခမ္းဆီမွာ ထိုင္ေနရတာ အေတာ္ေလးကိုသက္ေတာင့္သက္သာမျဖစ္သလိုပဲ ဆိုၿပီးေတာ့လည္း ေဝဖန္ခဲ့ၾကပါေသးတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မင်္ဂလာပွဲဆိုတာကို လူအများစုနားလည်ထားကြတာကတော့ ချစ်ရသူနှစ်ဦးတစ်သက်တာလက်တွဲဖော်အဖြစ် အတူပေါင်းဖက်ကြမဲ့ပွဲပါ ။ မလေးရှားနိုင်ငံ ၊ Semporna ကျွန်းမှာနေထိုင်တဲ့ အမျိုးသားတစ်ယောက်ဟာ ချစ်သူမိန်းကလေးနှစ်ယောက်လုံးနှင့်မင်္ဂလာပွဲကျင်းပခဲ့ပုံကို သူ၏ Facebook မှာဝေမျှခဲ့တဲ့အတွက် အတော်လေးကိုလူပြောများနေခဲ့ပါတယ် ။တစ်ကြိမ်တည်း မယားပြိုင်ယူတဲ့ဓလေ့မျိုးကို ကြားရလေ့မရှိပေမဲ့လည်း သူတို့တွေကတော့ မင်္ဂလာပွဲအမှန်တကယ်ဖြစ်မြောက်အောင် ပြုလုပ်နိုင်ခဲ့ကြပါတယ် ။ ထို့ကြောင့် အမျိုးသားတစ်ယောက်ဟာ ချစ်သူမိန်းကလေးနှစ်ယောက်လုံးကို တစ်ပြိုင်နက်တည်းလက်ထပ်ယူခဲ့တဲ့အတွက် အတော်လေးကို လူအများ၏အံ့သြထိတ်လန့်မှုကို ရရှိသွားခဲ့ကြပါတယ် ။ အဆိုပါအကြောင်းအရာကို ဝေမျှသွားခဲ့သူကတော့ သတို့သား၏ ဝမ်းကွဲအစ်ကိုတော်စပ်သူ Jimmy Jim အမည်ရှိတဲ့အမျိုးသားက ၊ ရိုးရားဝတ်စုံဝတ်ဆင်ထားတဲ့သတို့သားက သတို့သမီးနှစ်ယောက်လုံးကိုဖတ်ပြီးတွဲရိုက်ထားတဲ့ ဓာတ်ပုံကိုဝေမျှသွားခဲ့ပါတယ် ။ အဆိုပါမင်္ဂလာပွဲကို Semporna မှာပဲ ပြီးခဲ့တဲ့ သောကြာနေ့ စက်တင်ဘာလ 27 ရက်နေ့က ကျင်းပခဲ့တာဖြစ်ကြောင်းသိရှိရပါတယ် ။

ဖြစ်စဉ်ကတော့ သတို့သားဟာ Kota Kinabalu မြို့ကအမျိုးသမီးကို ချစ်ကျွမ်းဝင်ခဲ့ပြီး စေ့စပ်ထားခဲ့ပါတယ် ။ ထို့နောက် ခရီးသွားလုပ်ငန်းဌာနမှာတာဝန်ကျလို့ အလုပ်လုပ်ရင်းနဲ့ နောက်ထပ်အမျိုးသမီးတစ်ယောက်နှင့်ထပ်ပြီးချစ်ကြိုက်သွားမိခဲ့ပါတော့တယ် ။ သို့ပေမဲ့လည်း အမျိုးသမီးတစ်ယောက်ကိုသာလက်ထပ်ဖို့ ဆုံးဖြတ်ချက်ချရမဲ့အစား နှစ်ယောက်လုံးနှင့် လက်ထပ်ထိမ်းမြှားခဲ့ပါတော့တယ် ။

ကြိုတင်ခန့်မှန်ထားသလိုပါပဲ မင်္ဂလာပွဲဟာ လူအများစိတ်ဝင်စားမှု့ကိုအတော်လေးရရှိခဲ့ပါတယ် ။ တစ်ချို့သောသူများကလည်း မင်္ဂလာပွဲဟာ အတုဖြစ်ပြီး လူ3ယောက်ကိုခေါ်ထားပြီး ဓာတ်ပုံရိုက်ကာ Facebook ပေါ်တင်ထားခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း အခြားသောသူများကတော့ မင်္ဂလာပွဲမှာ သတို့သမီးတွေက ပျော်ရွှင်ပုံမရပါဘူး ၊ ပြီးတော့ သတို့သားရဲ့ဘေးတစ်ဖက်တစ်ခြမ်းဆီမှာ ထိုင်နေရတာ အတော်လေးကိုသက်တောင့်သက်သာမဖြစ်သလိုပဲ ဆိုပြီးတော့လည်း ဝေဖန်ခဲ့ကြပါသေးတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ေဝခြဲမရေတာ့တဲ့အဆံုး ခ်စ္သူမိန္းကေလးႏွစ္ေယာက္လံုးႏွင့္ လက္ထပ္ဖို႔ဆံုးျဖတ္ခဲ့တဲ့ အမ်ိဳးသား"

Leave a comment

Your email address will not be published.


*