စနောက်လွန်းတဲ့သခင်ကို အစာခွက်ပစ်ပေါက်ပြီး ဒေါသတကြီး တုံ့ပြန်ခဲ့တဲ့ ခွေးလေး (ရုပ်သံ)


1

2

3

4

5

6

Jasmine (Mckzone Daily)

Source: elitereaders

Unicode

ထိုင်းနိုင်ငံရှိ Janeizaအမည်ရှိတဲ့အမျိုးသမီးတစ်ဦးတင်ထားတဲ့ pomeranianခွေးအမျိုးအစား ဖြစ်ပြီးPaoလို့ခေါ်တဲ့သူမရဲ့ဆာလောင်နေတဲ့ခွေးလေးကို နောက်ပြောင်ကျီစယ်ထားတဲ့ ဗီဒီယိုဟာ Tiktok မှာ ကြည့်ရှုသူ ၁၉.၅ သန်းရှိခဲ့ပါတယ်။Janeiza ဟာ ခွေးစာတွေရှိတဲ့ပလတ်စတစ်ဘူးကိုဖွင့်လိုက်တဲ့အခါ Pao က စားချင်ဇောနဲ့အားရပါးရစောင့်မျှော်နေခဲ့တာပါ။ဒါပေမဲ့Janeizaက ခွေးစာတွေကို ပလတ်စတစ်ခွက်ထဲလုံလုံလောက်လောက်ခပ်ယူပြီး အစာတုံးနှစ်ခုကျန်တဲ့အထိအစာတွေကို ပြန်ထည့်ခဲ့ပါတယ်။အဆိုပါအစာတုံးသေးသေးလေးနှစ်ခုကို Paoရဲ့ပန်းကန်ထဲထည့်ပေးပြီးနောက် သူမကို Paoက မယုံကြည်စွာစိုက်ကြည့်နေခဲ့ပြီး ဒေါသထွက်ကာ ပန်းကန်လုံးကိုခြေဖြင့် မထီမဲ့မြင်ပြုလုပ်ခဲ့ပါတယ်။ခွေးလေးဟာ သူမကို ဒေါသတကြီးဟောင်ကာ ထွက်သွားလိုက်ပြီး ထိန်းမနိုင်သိမ်းမနိုင်တုံ့ပြန်နေတဲ့ ခွေးလေးကို Janeiza က ရယ်မောနေခဲ့ပါတယ်။Janeizaဟာ အဆိုပါ ဗွီဒီယိုကို Tiktokပေါ်မျှဝေပြီးနောက် ကြည့်ရှုသူ သန်းပေါင်းများစွာရှိခဲ့ပြီး Pao ရဲ့အပြုအမူကိုလူအများက သဘောကျနှစ်သက်ခဲ့ကြပါတယ်။ပိုင်ရှင်ကိုဒေါသထွက်ကာ ပြန်ဆန့်ကျင်နေတဲ့ခွေးလေးရဲ့ ဗွီဒီယိုကို ကြည့်ရှုနိုင်ရန် အောက်မှာ မျှဝေပေးခဲ့လိုက်ပါတယ်။

Jasmine (Mckzone Daily)

  • Leave a Comment