Netizenေတြ အံ့အားသင့္ခဲ့ရတဲ့ အသက္ ၆၉ႏွစ္အရြယ္အဖိုးအိုရဲ့ တိုင္ပတ္အကကၽြမ္းက်င္မႈ (႐ုပ္သံ)

Pole Dancingလို့ေခၚတဲ့ တိုင္ပတ္အကဟာ လူအခ်ိဳ့အတြက္အလြန္ခဲယဥ္းေနေပမဲ့ တ႐ုတ္နိုင္ငံရွိ အသက္ ၆၉ ႏွစ္ရွိၿပီျဖစ္တဲ့အဖိုးတစ္ဦးမွာေတာ့ ကၽြမ္းက်င္စြာကျပနိုင္ၿပီး သူ႔အတြက္လည္းလြယ္ကူေနပါတယ္။တ႐ုတ္နိုင္ငံ Sichuan ျပည္နယ္ရဲ့ၿမိဳ့ေတာ္ Chengduၿမိဳ့ ရွိ အသက္၆၉ ႏွစ္အရြယ္အဖိုးZhang Xida ဟာ Pole Dancing နဲ႔အလြန္လိုက္ဖက္သူတစ္ဦးျဖစ္ၿပီး အခုသူဟာ သူ႔ထပ္အသက္၄၀ေလာက္ငယ္တဲ့အကသမားေတြကိုသင္ၾကားေပးေနတဲ့ နည္းျပဆရာတစ္ဦးလည္းျဖစ္ေနပါတယ္။Zhang ဟာစက္႐ုံရွိအလုပ္ကို အနားယူၿပီးေနာက္ ဝါသနာပါရာအကကိုႀကိဳးစားခ်င္ခဲ့ေၾကာင္း China Plus News သတင္းကေဖာ္ျပထားပါတယ္။တ႐ုတ္ျပည္ရွိ သက္ႀကီးရြယ္အိုမ်ားၾကား Square dancingဟာ လူႀကိဳက္မ်ားေနေပမဲ့ Zhangကေတာ့ ပိုမိုအားေကာင္းတဲ့ Pole Dancing ပုံစံကိုပိုကခ်င္ခဲ့တာေၾကာင့္ စတူဒီယိုရွိ မိန္းမငယ္မ်ားႏွင့္အတူ သုံးႏွစ္ၾကာေလ့က်င့္ခဲ့ပါတယ္။

Zhang ဟာ ေန႔စဥ္ေနတိုင္း ေလးနာရီမွငါးနာရီခန႔္ကိုအေသးစိတ္ေလ့က်င့္ၿပီးေနာက္ စတူဒီယိုရွိအမ်ိဳးသမီးအဖြဲ႕ဝင္ေတြကို နည္းျပဆရာအျဖစ္ သင္ၾကားေပးခဲ့ေၾကာင္း Shanghaiistသတင္းအရ သိရပါတယ္။Zhang က Pole Dancingဟာ သူ႔အားထာဝရလူငယ္ဘ၀ကိုရရွိေစတယ္ဟုဆိုထားပါေသးတယ္။Pole Dancing ဟာ Zhangအတြက္ သူ႔ရဲ့ၿပီးျပည့္စုံတဲ့ပုံသ႑န္၊က်န္းမာေရးႏွင့္အျခားအရာအားလုံးေတြထက္ သူရဲ့စိတ္ဓာတ္ကိုျမႇင့္တင္ရန္ကူညီေပးခဲ့ပါတယ္။အသက္အရြယ္အပိုင္းအျခားေတြကZhangအတြက္အမွန္တကယ္ကိန္းဂဏန္းတစ္ခုသတ္သတ္သာျဖစ္ပုံရေနတာကို ေတြ႕ျမင္ၾကရမွာပါ။

Jasmine (Mckzone Daily)

Source: nextshark

Unicode

Pole Dancingလို့ခေါ်တဲ့ တိုင်ပတ်အကဟာ လူအချို့အတွက်အလွန်ခဲယဉ်းနေပေမဲ့ တရုတ်နိုင်ငံရှိ အသက် ၆၉ နှစ်ရှိပြီဖြစ်တဲ့အဖိုးတစ်ဦးမှာတော့ ကျွမ်းကျင်စွာကပြနိုင်ပြီး သူ့အတွက်လည်းလွယ်ကူနေပါတယ်။တရုတ်နိုင်ငံ Sichuan ပြည်နယ်ရဲ့မြို့တော် Chengduမြို့ ရှိ အသက်၆၉ နှစ်အရွယ်အဖိုးZhang Xida ဟာ Pole Dancing နဲ့အလွန်လိုက်ဖက်သူတစ်ဦးဖြစ်ပြီး အခုသူဟာ သူ့ထပ်အသက်၄၀လောက်ငယ်တဲ့အကသမားတွေကိုသင်ကြားပေးနေတဲ့ နည်းပြဆရာတစ်ဦးလည်းဖြစ်နေပါတယ်။Zhang ဟာစက်ရုံရှိအလုပ်ကို အနားယူပြီးနောက် ဝါသနာပါရာအကကိုကြိုးစားချင်ခဲ့ကြောင်း China Plus News သတင်းကဖော်ပြထားပါတယ်။တရုတ်ပြည်ရှိ သက်ကြီးရွယ်အိုများကြား Square dancingဟာ လူကြိုက်များနေပေမဲ့ Zhangကတော့ ပိုမိုအားကောင်းတဲ့ Pole Dancing ပုံစံကိုပိုကချင်ခဲ့တာကြောင့် စတူဒီယိုရှိ မိန်းမငယ်များနှင့်အတူ သုံးနှစ်ကြာလေ့ကျင့်ခဲ့ပါတယ်။

Zhang ဟာ နေ့စဉ်နေတိုင်း လေးနာရီမှငါးနာရီခန့်ကိုအသေးစိတ်လေ့ကျင့်ပြီးနောက် စတူဒီယိုရှိအမျိုးသမီးအဖွဲ့ဝင်တွေကို နည်းပြဆရာအဖြစ် သင်ကြားပေးခဲ့ကြောင်း Shanghaiistသတင်းအရ သိရပါတယ်။Zhang က Pole Dancingဟာ သူ့အားထာဝရလူငယ်ဘဝကိုရရှိစေတယ်ဟုဆိုထားပါသေးတယ်။Pole Dancing ဟာ Zhangအတွက် သူ့ရဲ့ပြီးပြည့်စုံတဲ့ပုံသဏ္ဍန်၊ကျန်းမာရေးနှင့်အခြားအရာအားလုံးတွေထက် သူရဲ့စိတ်ဓာတ်ကိုမြှင့်တင်ရန်ကူညီပေးခဲ့ပါတယ်။အသက်အရွယ်အပိုင်းအခြားတွေကZhangအတွက်အမှန်တကယ်ကိန်းဂဏန်းတစ်ခုသတ်သတ်သာဖြစ်ပုံရနေတာကို တွေ့မြင်ကြရမှာပါ။

Jasmine (Mckzone Daily)

Be the first to comment on "Netizenေတြ အံ့အားသင့္ခဲ့ရတဲ့ အသက္ ၆၉ႏွစ္အရြယ္အဖိုးအိုရဲ့ တိုင္ပတ္အကကၽြမ္းက်င္မႈ (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*