ကမ္းေျခတစ္ခုမွာ ၁၈ေပခန႔္ရွည္လ်ားတဲ့ အႀကီးစားမိေက်ာင္းကို အ႐ွင္လတ္လတ္ဖမ္းဆီးခဲ့ၾကသူမ်ား

လြန္ခဲ့တဲ့ ေအာက္တိုဘာ ၁၄ ဗုဒၶဟူးေန႔က ဖိလစ္ပိုင္နိုင္ငံ Tawi-Tawiကၽြန္းရွိကမ္းေျခတစ္ခုမွာ ႀကီးမားတဲ့ အင္ဒို-ပစိဖိတ္ မိေက်ာင္း သို့မဟုတ္ ေရငန္မိေက်ာင္းတစ္ေကာင္ကို ေဒသခံေတြေနာက္ထပ္ေတြ႕ရွိဖမ္းဆီးခဲ့တဲ့ သတင္းဟာ social media ေပၚ ပ်ံ႕ႏွံ့သြားခဲ့ပါတယ္။အဆိုပါမိေက်ာင္းဟာ ခန္႔မွန္းေျခအရ ၁၈ေပခန္႔ရွည္ၿပီး Simunulကမ္းရိုးတန္းရွိ Taytayကမ္းေျခမွာ ေတြ႕ရွိခဲ့ၾကပါတယ္။ေဒသခံေတြက အဆိုပါမိေက်ာင္းကို ဖိလစ္နိုင္ငံရဲ့ အႀကီးဆုံးဖမ္းဆီးရမိမွုတစ္ခုအျဖစ္ထင္ခဲ့ၾကပါတယ္။တရားဝင္မသိရေသးေပမဲ့ မိေက်ာင္းအသစ္ဟာ သူတို့ဖမ္းဆီးခဲ့ခ်ိန္မွာ ၁၆ေပခန္႔ရွိတဲ့ လက္ရွိစံခ်ိန္တင္ထားတဲ့ မိေက်ာင္းထပ္ကို ရွည္လ်ားေနခဲ့ပါတယ္။ဒါေပမဲ့ အဆိုပါမိေက်ာင္းဟာ ၂၀၁၃ခုႏွစ္ ေဖေဖာ္ဝါရီ ၁၀မွာေသဆုံးသြားခဲ့တဲ့ Lolong အမည္ရွိမိေက်ာင္း ကိုေတာ့ မမိေသးပါဘူး။

Lolongဟာ ေပ ၂၀နဲ႔၃လက္မအရွည္ရွိၿပီး ဂင္းနစ္ကမၻာ့စံခ်ိန္ကို သိမ္းယူနိုင္ခဲ့တဲ့ ကမၻာ့အႀကီးဆုံးေရငန္မိေက်ာင္းတစ္ေကာင္ဘဲျဖစ္ပါတယ္။ေဒသခံသတင္းအရ မိေက်ာင္းအသစ္ကို Simunulခရီးသြားလုပ္ငန္း႐ုံးသို့ လႊဲေျပာင္းေပးခဲ့ကာ Papa Bulls ေနထိုင္တဲ့ ရႊံႏြံထူထပ္တဲ့ေဒသသို့ ယူေဆာင္သြားေၾကာင္း သိရပါတယ္။အဲ့လို မိေက်ာင္းတစ္ေကာင္ဖမ္းဆီးရရွိျခင္းဟာ Simunulမွာ ပထမဆုံးအႀကိမ္မဟုတ္ပါဘူး။၂၀၁၇ခုႏွစ္စက္တင္ဘာလက လွည့္လည္သြားလာရင္း အစာရွာထြက္ေနခဲ့တဲ့Papa Bullsအား Simunulရွိကမ္းေျခတစ္ခုမွာဘဲ ဖမ္းဆီးခဲ့ၾကတာပါ။

သမိုင္းေၾကာင္းအရ ဆူတန္မင္းလက္ထက္က Simunulရွိ ရႊံ့ႏြံေတြဟာ မိေက်ာင္းေတြရဲ့စားက်က္ေျမျဖစ္ခဲ့ပါတယ္။Simunulကမ္းရိုးတန္းမွာ မိေက်ာင္းႏွင့္ပတ္သက္တဲ့ ရာဇဝင္ပုံျပင္မ်ားစြာလည္းရွိေနပါတယ္။လူသိမ်ားတဲ့ပုံျပင္တစ္ပုဒ္ကေတာ့ ၁၉၆၈ခုႏွစ္တုန္းကျဖစ္ၿပီး စပါးအုံးေႁမြႀကီးနဲ႔ ေရငန္မိေက်ာင္းတို့ အေသအေၾက တိုက္ခိုက္ၾကရင္း ႏွစ္ေကာင္လုံးေသဆုံးသြားခဲ့တဲ့ ပုံျပင္ဘဲျဖစ္ပါတယ္။ဒါ့အျပင္ Simunulကမ္းရိုးတန္းရာဇဝင္အေၾကာင္းေတြ ျပန္လည္ရိုက္ကူးေဖာ္ျပထားတဲ့ ႐ုပ္ရွင္ဇာတ္ကားမ်ားလည္း ရွိေနပါေသးတယ္။

Jasmine (Mckzone Daily)

Source: .elitereaders

Unicode

လွန်ခဲ့တဲ့ အောက်တိုဘာ ၁၄ ဗုဒ္ဓဟူးနေ့က ဖိလစ်ပိုင်နိုင်ငံ Tawi-Tawiကျွန်းရှိကမ်းခြေတစ်ခုမှာ ကြီးမားတဲ့ အင်ဒို-ပစိဖိတ် မိကျောင်း သို့မဟုတ် ရေငန်မိကျောင်းတစ်ကောင်ကို ဒေသခံတွေနောက်ထပ်တွေ့ရှိဖမ်းဆီးခဲ့တဲ့ သတင်းဟာ social media ပေါ် ပျံ့နှံ့သွားခဲ့ပါတယ်။အဆိုပါမိကျောင်းဟာ ခန့်မှန်းခြေအရ ၁၈ပေခန့်ရှည်ပြီး Simunulကမ်းရိုးတန်းရှိ Taytayကမ်းခြေမှာ တွေ့ရှိခဲ့ကြပါတယ်။ဒေသခံတွေက အဆိုပါမိကျောင်းကို ဖိလစ်နိုင်ငံရဲ့ အကြီးဆုံးဖမ်းဆီးရမိမှုတစ်ခုအဖြစ်ထင်ခဲ့ကြပါတယ်။တရားဝင်မသိရသေးပေမဲ့ မိကျောင်းအသစ်ဟာ သူတို့ဖမ်းဆီးခဲ့ချိန်မှာ ၁၆ပေခန့်ရှိတဲ့ လက်ရှိစံချိန်တင်ထားတဲ့ မိကျောင်းထပ်ကို ရှည်လျားနေခဲ့ပါတယ်။ဒါပေမဲ့ အဆိုပါမိကျောင်းဟာ ၂၀၁၃ခုနှစ် ဖေဖော်ဝါရီ ၁၀မှာသေဆုံးသွားခဲ့တဲ့ Lolong အမည်ရှိမိကျောင်း ကိုတော့ မမိသေးပါဘူး။

Lolongဟာ ပေ ၂၀နဲ့၃လက်မအရှည်ရှိပြီး ဂင်းနစ်ကမ္ဘာ့စံချိန်ကို သိမ်းယူနိုင်ခဲ့တဲ့ ကမ္ဘာ့အကြီးဆုံးရေငန်မိကျောင်းတစ်ကောင်ဘဲဖြစ်ပါတယ်။ဒေသခံသတင်းအရ မိကျောင်းအသစ်ကို Simunulခရီးသွားလုပ်ငန်းရုံးသို့ လွှဲပြောင်းပေးခဲ့ကာ Papa Bulls နေထိုင်တဲ့ ရွှံနွံထူထပ်တဲ့ဒေသသို့ ယူဆောင်သွားကြောင်း သိရပါတယ်။အဲ့လို မိကျောင်းတစ်ကောင်ဖမ်းဆီးရရှိခြင်းဟာ Simunulမှာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။၂၀၁၇ခုနှစ်စက်တင်ဘာလက လှည့်လည်သွားလာရင်း အစာရှာထွက်နေခဲ့တဲ့Papa Bullsအား Simunulရှိကမ်းခြေတစ်ခုမှာဘဲ ဖမ်းဆီးခဲ့ကြတာပါ။

သမိုင်းကြောင်းအရ ဆူတန်မင်းလက်ထက်က Simunulရှိ ရွှံ့နွံတွေဟာ မိကျောင်းတွေရဲ့စားကျက်မြေဖြစ်ခဲ့ပါတယ်။Simunulကမ်းရိုးတန်းမှာ မိကျောင်းနှင့်ပတ်သက်တဲ့ ရာဇဝင်ပုံပြင်များစွာလည်းရှိနေပါတယ်။လူသိများတဲ့ပုံပြင်တစ်ပုဒ်ကတော့ ၁၉၆၈ခုနှစ်တုန်းကဖြစ်ပြီး စပါးအုံးမြွေကြီးနဲ့ ရေငန်မိကျောင်းတို့ အသေအကြေ တိုက်ခိုက်ကြရင်း နှစ်ကောင်လုံးသေဆုံးသွားခဲ့တဲ့ ပုံပြင်ဘဲဖြစ်ပါတယ်။ဒါ့အပြင် Simunulကမ်းရိုးတန်းရာဇဝင်အကြောင်းတွေ ပြန်လည်ရိုက်ကူးဖော်ပြထားတဲ့ ရုပ်ရှင်ဇာတ်ကားများလည်း ရှိနေပါသေးတယ်။

Jasmine (Mckzone Daily)

  • Leave a Comment