သားျဖစ္သူႏွင့္စကားမ်ားရန္ျဖစ္ၿပီးေနာက္ တံတားေပၚကေနခုန္ခ်ကာ ကိုယ့္ကိုအဆံုးစီရင္ခဲ့တဲ့ မိခင္

မေလး႐ွားႏိုင္ငံ ၊ Selangor ျပည္နယ္မွာ႐ွိတဲ့ ကုန္တိုက္ႀကီးတစ္ခုမွာ အလုပ္လုပ္ေနခဲ့တဲ့အမ်ိဳးသမီးတစ္ေယာက္ဟာ မေန႔ညက သူမ၏သားျဖစ္သူႏွင့္ စကားမ်ားကာအျငင္းအခံုျဖစ္ၾကၿပီးေနာက္ အေတာ္ေလးကိုစိတ္ဒုကၡေရာက္ခဲ့ၿပီး တံတားေပၚကေနခုန္ခ်ကာ ကိုယ့္ကိုအဆံုးစီရင္ခဲ့ေၾကာင္း သိ႐ွိရပါတယ္ ။ အဆိုပါအမ်ိဳးသမီးဟာ အေတာ္ေလးကို စိတ္ထိခိုက္ေနခဲ့ၿပီးေနာက္ Selangor ျပည္နယ္မွာ႐ွိတဲ့ Banting Bridge တံတားႀကီးရဲ႕ ေဘးဖက္ေဘာင္ေပၚသို႔ တက္ခဲ့ပါတယ္ ။ ထို႔ေနာက္သူမဟာ အႏၱရာယ္မ်ားလြန္းတဲ့တံတားရဲ႕အစြန္းေပၚတြင္ ရပ္ေနခဲ့သျဖင့္ ကားလမ္းတစ္ေလ်ွာက္ျဖတ္ေမာင္းလာခဲ့ၾကတဲ့ ယာဥ္ေမာင္းေတြကို အေတာ္ေလးစိတ္တုန္လႈပ္အံ့ၾသေစခဲ့ပါတယ္ ။ Video ကိုေတာ့ရပ္ၾကည့္ေနခဲ့သူတစ္ဦးက ႐ိုက္ယူမွတ္တမ္းတင္ခဲ့တာျဖစ္ၿပီး ၊ video ထဲမွာေတာ့ အမ်ိဳးသားတစ္ဦးဟာ အဆိုပါအမ်ိဳးသမီးကို ကိုယ့္ကိုသတ္ေသတဲ့ဆံုးျဖတ္ခ်က္မ်ိဳးမခ်ရန္ ႀကိဳးစားၿပီးေဖ်ာင္းဖ်ေနခဲ့ပါတယ္ ။ ထို႔အျပင္ အဆိုပါအမ်ိဳးမ်ိဳးသမီးအနားသို႔ ခ်ဥ္ကပ္သြားခဲ့ၿပီးေနာက္ တံတားေဘာင္ေပၚကေနဆင္းလာရန္အတြက္ သိမ္းသြင္းစည္းရံုးခဲ့ပါေသးတယ္ ။

ကံဆိုးစြာနဲ႔ပဲ ဘယ္အရာကမွသူမရဲ႕စိတ္ကို မေျပာင္းလဲေပးႏိုင္ခဲ့ပါဘူး ။ သူမကိုရပ္ၾကည့္ေနၾကတဲ့ လူအုပ္ႀကီးရဲ႕ေ႐ွ႕မွာတင္ပဲ သူမဟာစိတ္ခံစားခ်က္ဒဏ္ရာအျပည့္နဲ႔ တံတားေပၚကေနခုန္ခ်ကာ ကိုယ့္ကိုအဆံုးစီရင္ခဲ့ပါေတာ့တယ္ ။ အဆိုပါအမ်ိဳးသမီးကို သတိႏွင့္ေစာင့္ၾကည့္ေနၾကေသာ ရဲအရာ႐ွိမ်ား ၊ ကယ္ဆယ္ေရးဝန္ထမ္းမ်ားကလည္း အစြမ္းကုန္သူမကိုကယ္တယ္ႏိုင္ဖို႔ႀကိဳးစားခဲ့ေပမဲ့လည္း မမွီခဲ့ပါဘူး ။ တံတားေအာက္မွာ ႂကြင္းက်န္ရစ္ခဲ့တဲ့ သူမရဲ႕႐ုပ္အေလာင္းကို ဆယ္ယူရံုမ်ွအပ ဘားမွမလုပ္ေပးႏိုင္ခဲ့ပါဘူး ။

အဆိုပါအမ်ိဳးသမီးဟာ သားျဖစ္သူနဲ႔စကားမ်ားရန္ျဖစ္ၿပီးေနာက္ ဘယ္ေလာက္ေတာင္မွစိတ္ဒဏ္ရာရ႐ွိခဲ့လို႔ ယခုလိုမ်ိဳးဆံုးျဖတ္ခ်က္ခ်ခဲ့မွန္း မသိရေပမဲ့လည္း ဒီလိုပံုစံနဲ႔ျပသာနာကိုအဆံုးသတ္ဖို႔ေတာ့ မေရြးခ်ယ္သင့္ပါဘူး ။ ထို႔အျပင္ Befrienders လိုေခၚတဲ့ အထီးက်န္လို႔ ၊ စိတ္ဓာတ္က်လို႔ဆိုၿပီး ကိုယ့္ကိုအဆံုးစီရင္ခ်င္ၾကတဲ့သူေတြအတြက္လည္း အပတ္တိုင္း ၊ တစ္ရက္ကို 24နာရီအျပည့္ ဝန္ေဆာင္မႈေပးေနတဲ့ free hotline မ်ားလည္းထား႐ွိထားေပးေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မလေးရှားနိုင်ငံ ၊ Selangor ပြည်နယ်မှာရှိတဲ့ ကုန်တိုက်ကြီးတစ်ခုမှာ အလုပ်လုပ်နေခဲ့တဲ့အမျိုးသမီးတစ်ယောက်ဟာ မနေ့ညက သူမ၏သားဖြစ်သူနှင့် စကားများကာအငြင်းအခုံဖြစ်ကြပြီးနောက် အတော်လေးကိုစိတ်ဒုက္ခရောက်ခဲ့ပြီး တံတားပေါ်ကနေခုန်ချကာ ကိုယ့်ကိုအဆုံးစီရင်ခဲ့ကြောင်း သိရှိရပါတယ် ။ အဆိုပါအမျိုးသမီးဟာ အတော်လေးကို စိတ်ထိခိုက်နေခဲ့ပြီးနောက် Selangor ပြည်နယ်မှာရှိတဲ့ Banting Bridge တံတားကြီးရဲ့ ဘေးဖက်ဘောင်ပေါ်သို့ တက်ခဲ့ပါတယ် ။ ထို့နောက်သူမဟာ အန္တရာယ်များလွန်းတဲ့တံတားရဲ့အစွန်းပေါ်တွင် ရပ်နေခဲ့သဖြင့် ကားလမ်းတစ်လျှောက်ဖြတ်မောင်းလာခဲ့ကြတဲ့ ယာဉ်မောင်းတွေကို အတော်လေးစိတ်တုန်လှုပ်အံ့သြစေခဲ့ပါတယ် ။ Video ကိုတော့ရပ်ကြည့်နေခဲ့သူတစ်ဦးက ရိုက်ယူမှတ်တမ်းတင်ခဲ့တာဖြစ်ပြီး ၊ video ထဲမှာတော့ အမျိုးသားတစ်ဦးဟာ အဆိုပါအမျိုးသမီးကို ကိုယ့်ကိုသတ်သေတဲ့ဆုံးဖြတ်ချက်မျိုးမချရန် ကြိုးစားပြီးဖျောင်းဖျနေခဲ့ပါတယ် ။ ထို့အပြင် အဆိုပါအမျိုးမျိုးသမီးအနားသို့ ချဉ်ကပ်သွားခဲ့ပြီးနောက် တံတားဘောင်ပေါ်ကနေဆင်းလာရန်အတွက် သိမ်းသွင်းစည်းရုံးခဲ့ပါသေးတယ် ။

ကံဆိုးစွာနဲ့ပဲ ဘယ်အရာကမှသူမရဲ့စိတ်ကို မပြောင်းလဲပေးနိုင်ခဲ့ပါဘူး ။ သူမကိုရပ်ကြည့်နေကြတဲ့ လူအုပ်ကြီးရဲ့ရှေ့မှာတင်ပဲ သူမဟာစိတ်ခံစားချက်ဒဏ်ရာအပြည့်နဲ့ တံတားပေါ်ကနေခုန်ချကာ ကိုယ့်ကိုအဆုံးစီရင်ခဲ့ပါတော့တယ် ။ အဆိုပါအမျိုးသမီးကို သတိနှင့်စောင့်ကြည့်နေကြသော ရဲအရာရှိများ ၊ ကယ်ဆယ်ရေးဝန်ထမ်းများကလည်း အစွမ်းကုန်သူမကိုကယ်တယ်နိုင်ဖို့ကြိုးစားခဲ့ပေမဲ့လည်း မမှီခဲ့ပါဘူး ။ တံတားအောက်မှာ ကြွင်းကျန်ရစ်ခဲ့တဲ့ သူမရဲ့ရုပ်အလောင်းကို ဆယ်ယူရုံမျှအပ ဘားမှမလုပ်ပေးနိုင်ခဲ့ပါဘူး ။

အဆိုပါအမျိုးသမီးဟာ သားဖြစ်သူနဲ့စကားများရန်ဖြစ်ပြီးနောက် ဘယ်လောက်တောင်မှစိတ်ဒဏ်ရာရရှိခဲ့လို့ ယခုလိုမျိုးဆုံးဖြတ်ချက်ချခဲ့မှန်း မသိရပေမဲ့လည်း ဒီလိုပုံစံနဲ့ပြသာနာကိုအဆုံးသတ်ဖို့တော့ မရွေးချယ်သင့်ပါဘူး ။ ထို့အပြင် Befrienders လိုခေါ်တဲ့ အထီးကျန်လို့ ၊ စိတ်ဓာတ်ကျလို့ဆိုပြီး ကိုယ့်ကိုအဆုံးစီရင်ချင်ကြတဲ့သူတွေအတွက်လည်း အပတ်တိုင်း ၊ တစ်ရက်ကို 24နာရီအပြည့် ဝန်ဆောင်မှုပေးနေတဲ့ free hotline များလည်းထားရှိထားပေးကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "သားျဖစ္သူႏွင့္စကားမ်ားရန္ျဖစ္ၿပီးေနာက္ တံတားေပၚကေနခုန္ခ်ကာ ကိုယ့္ကိုအဆံုးစီရင္ခဲ့တဲ့ မိခင္"

Leave a comment

Your email address will not be published.


*