ေရဆာလြန္းလို႔ ကားသမားေတြကိုအကူအညီေတာင္းဖို႔ လမ္းမႀကီးေပၚမွာရပ္ေနခဲ့တဲ့ ‘အမာဒီလို’ အေကာင္ေလး (႐ုပ္သံ)

ဘရာဇီးႏိုင္ငံက ေနအလြန္ပူျပင္းလြန္းတဲ့ ေန႔လည္ခင္းတစ္ခုမွာ Cledson Matias de Oliveira အမည္႐ွိတဲ့ အမ်ိဳးသားက ေက်းလက္ေတာနယ္တစ္ခုဆီသို႔ ကားေမာင္းထြက္လာခဲ့ပါတယ္ ။ ထိုအခ်ိန္မွာပဲ လမ္းမႀကီးရဲ႕အလယ္တည့္တည့္မွာ သင္းေခြခ်ပ္လိုအေၾကးခြံမွာ႐ွိတဲ့ ‘အမာဒီလို’ အေကာင္ေလးက ရပ္ေနခဲ့တာကိုေတြ႔႐ွိခဲ့ပါတယ္ ။ Cledson ကလည္း ခ်က္ခ်င္းပဲ အဆိုပါတိရစာၦန္အငယ္ေလးက အကူအညီလိုအပ္ေနမွန္း ရိပ္မိခဲ့ၿပီး ကားရပ္ခဲ့ပါေတာ့တယ္ ။ ကားေပၚကေနဆင္းၿပီး အမာဒီလို အေကာင္ေလးကို လမ္းမေဘးသို႔ ေခၚေဆာင္သြားခဲ့ၿပီး ၊ ရာသီဥတုက ပူအိုက္လြန္းလို႔ အေကာင္ေလးက ေရဆာၿပီး အကူအညီေတာင္းေနမွန္းသတိထားမိခဲ့ပါေတာ့တယ္ ။ ထိုေၾကာင့္ Cledson က ကားေပၚမွာ ပါလာတဲ့ေရဘူးေလးကို အေျပးအလႊားလွမ္းယူၿပီးေနာက္ အမာဒီလို အေကာင္ေလးကို ေရတိုက္ေကြၽးခဲ့ပါတယ္ ။ အဆိုပါ အျဖစ္အပ်က္ေလးကို Cledson က video ႐ိုက္ယူထားၿပီး YouTube ေပၚ ေဝမ်ွခဲ့ခ်ိန္မွာေတာ့ like 50k အထိ ရ႐ွိခဲ့ေၾကာင္း သိ႐ွိရပါတယ္ ။ ပံုမွန္ဆိုရင္ေတာ့ အမာဒီလို အေကာင္ေလးေတြက လံုးဝလူကပ္မခံတဲ့အေကာင္ေလးေတြပါ ။ သို႔ေပမဲ့လည္း ေရဆာေလာင္လြန္းေနလို႔ လူေတြထံအကူအညီေတာင္းခဲ့ပံုရၿပီး Cledson ကလည္း ကူညီခြင့္ရခဲ့လို႔ အေတာ္ေလးဝမ္းသာေက်နပ္ေနခဲ့ရတာပါ ။

1

2

3

4

5

Jasmine (Mckzone Daily)

Source: boredpanda

Unicode

ဘရာဇီးနိုင်ငံက နေအလွန်ပူပြင်းလွန်းတဲ့ နေ့လည်ခင်းတစ်ခုမှာ Cledson Matias de Oliveira အမည်ရှိတဲ့ အမျိုးသားက ကျေးလက်တောနယ်တစ်ခုဆီသို့ ကားမောင်းထွက်လာခဲ့ပါတယ် ။ ထိုအချိန်မှာပဲ လမ်းမကြီးရဲ့အလယ်တည့်တည့်မှာ သင်းခွေချပ်လိုအကြေးခွံမှာရှိတဲ့ ‘အမာဒီလို’ အကောင်လေးက ရပ်နေခဲ့တာကိုတွေ့ရှိခဲ့ပါတယ် ။ Cledson ကလည်း ချက်ချင်းပဲ အဆိုပါတိရစ္ဆာန်အငယ်လေးက အကူအညီလိုအပ်နေမှန်း ရိပ်မိခဲ့ပြီး ကားရပ်ခဲ့ပါတော့တယ် ။ ကားပေါ်ကနေဆင်းပြီး အမာဒီလို အကောင်လေးကို လမ်းမဘေးသို့ ခေါ်ဆောင်သွားခဲ့ပြီး ၊ ရာသီဥတုက ပူအိုက်လွန်းလို့ အကောင်လေးက ရေဆာပြီး အကူအညီတောင်းနေမှန်းသတိထားမိခဲ့ပါတော့တယ် ။ ထိုကြောင့် Cledson က ကားပေါ်မှာ ပါလာတဲ့ရေဘူးလေးကို အပြေးအလွှားလှမ်းယူပြီးနောက် အမာဒီလို အကောင်လေးကို ရေတိုက်ကျွေးခဲ့ပါတယ် ။ အဆိုပါ အဖြစ်အပျက်လေးကို Cledson က video ရိုက်ယူထားပြီး YouTube ပေါ် ဝေမျှခဲ့ချိန်မှာတော့ like 50k အထိ ရရှိခဲ့ကြောင်း သိရှိရပါတယ် ။ ပုံမှန်ဆိုရင်တော့ အမာဒီလို အကောင်လေးတွေက လုံးဝလူကပ်မခံတဲ့အကောင်လေးတွေပါ ။ သို့ပေမဲ့လည်း ရေဆာလောင်လွန်းနေလို့ လူတွေထံအကူအညီတောင်းခဲ့ပုံရပြီး Cledson ကလည်း ကူညီခွင့်ရခဲ့လို့ အတော်လေးဝမ်းသာကျေနပ်နေခဲ့ရတာပါ ။

Jasmine (Mckzone Daily)

  • Leave a Comment