ခ်စ္သူရည္းစား 15ေယာက္ထားၿပီး တစ္လကို ျမန္မာေငြသိန္း140ဝန္းက်င္ရေနတဲ့ အမ်ိဳးသား

လူတိုင္းလိုလို လုပ္ခ်င္တဲ့အလုပ္မ်ိဳးက ေန႔စဥ္ေန႔တိုင္းတစ္မာ႐ိုက်ပံုမွန္လုပ္ေနေလ့႐ွိတဲ့ပ်င္းဖို႔ေကာင္းတဲ့ အလုပ္မ်ိဳးမဟုတ္ပါဘူး ။ ဒီတစ္ေခါက္မွာလည္း ဂ်ပန္ႏိုင္ငံက အသက္25ႏွစ္အရြယ္အမ်ိဳးသားဟာ သူလုပ္ခ်င္တဲ့အလုပ္မ်ိဳးကို လုပ္ႏိုင္ခဲ့ပါတယ္ ။ သူ႔ရဲ႕အလုပ္ကေတာ့ အငွါးခ်စ္သူေကာင္ေလးအလုပ္ျဖစ္ၿပီး မိန္းကေလးေတြကေတာ့သူ႔ကို အခ်ိန္အလိုက္ေငြေပးေခ်ရပါတယ္ ။ ၎အမ်ိဳးသားဟာအလုပ္မွာ သတ္မွတ္ထားတဲ့တာဝန္ဝတၱရားေတြေတာ့မ႐ွိပဲ လက္႐ွိမွာေတာ့ လက္ခံထားတဲ့ခ်စ္သူမိန္းကေလး 15ေယာက္႐ွိကာ အဆိုပါမိန္းကေလးမ်ားကလည္း၎အမ်ိဳးသား၏ဝန္ေဆာင္မႈအတြက္ သူအလုပ္လုပ္ေနသည့္ကုမၸဏီသို႔ ေငြေပးေခ်ရေၾကာင္း သိ႐ွိရပါတယ္ ။ Japanese Internet TV station Abema TV မွ၎အမ်ိဳးသား၏အေၾကာင္းကို ႐ိုက္ကူးတင္ဆက္ျပသခဲ့ၾကၿပီး လူအမ်ားကေတာ့၎အမ်ိဳးသားကိုအေတာ္ေလးအားက်ေနခဲ့ၾကပါတယ္ ။ ထို႔အျပင္ ၎အမ်ိဳးသားဟာတစ္ပတ္တြင္ 2ရက္သာခ်စ္သူမိန္းကေလးေတြႏွင့္အတူ႐ွိေနေပးရၿပီး တစ္လကို 1 million yen (ျမန္မာေငြ သိန္း 140 ဝန္းက်င္ခန္႔) ဝင္ေငြရ႐ွိေနေၾကာင္းလည္း သိ႐ွိရပါတယ္ ။ ထို႔အျပင္ ယခုအလုပ္ဟာ သူ႔အတြက္အခ်ိန္ျပည့္အလုပ္ေတြလိုျဖစ္ေနၿပီး ဒီလုပ္ငန္မ်ိဳးကို အသက္ 18ႏွစ္အရြယ္ကတည္းက စၿပီးလုပ္ကိုင္ခဲ့တာျဖစ္ေၾကာင္းလည္း သိ႐ွိရပါတယ္ ။ ယခုခ်ိန္မွာေတာ့ ကိုယ့္ကိုယံုၾကည္ခ်က္ပို႐ွိေနခဲ့ၿပီး ဒီလုပ္ငန္းမ်ိဳးမွာပိုၿပီးကိုယ့္အတြက္ အလားအလာပို႐ွိေနေၾကာင္းကိုလည္း ေျပာဆိုခဲ့ပါေသးတယ္ ။ သို႔ေပမဲ့လည္း မိန္းကေလးေတြတိုင္းနဲ႔ခ်ိန္ေတြ႔ဖို႔ကိုေတာ့ လက္မခံဘဲ ၊ သတ္မွတ္ခ်က္အဆင့္မ်ား ထား႐ွိထားေၾကာင္းလည္းသိ႐ွိရပါတယ္ ။

ထို႔အျပင္ သူအတြက္ခ်စ္သူရည္းစားျဖစ္ဖို႔ အလားအလာ႐ွိတဲ့အမ်ိဳးသမီးမ်ားကိုလည္း ႐ုပ္ရည္မ်ား ႏွင့္ အဆင့္အတန္းမ်ိဳးစံုျဖင့္ခြဲျခားထားပါေသးတယ္ ။ မခ်ိန္းေတြ႔ခင္ကိုလည္း Grade 1, Grade 2, Grade 3 စသည္တို႔ျဖင့္ အရန္အဆင့္ေတြထား႐ွိၿပီးမွ ခ်ိန္ေတြ႔ဖို႔ ဆံုးျဖတ္ခဲ့ေၾကာင္းသိ႐ွိရပါတယ္ ။ အစီအစဥ္႐ိုက္ကူးေရးအဖြဲ႔မ်ားကလည္း ၎အမ်ိဳးသားႏွင့္ ခ်ိန္းေတြ႔ေနတာ 4ႏွစ္ခန္႔႐ွိေနၿပီျဖစ္ေသာ အမ်ိဳးသမီးကိုလည္း ေဖာ္ျပခဲ့ပါေသးတယ္ ။ သူမရဲ႕ေျပာဆိုခ်က္အရ အျခားေကာင္ေလးေတြမွာမ႐ွိတဲ့ခ်စ္ဖို႔ေကာင္းတဲ့အျပဳအမႈေတြ သူ႔မွာသာ႐ွိေၾကာင္းေျပာဆိုခဲ့ၿပီး သူႏွင့္အတူ႐ွိလ်ွင္အေတာ္ေလးကိုေပ်ာ္ရႊင္ရၿပီး မည္သည့္စိတ္ဖိစီးမႈမ်ိဳးမွမ႐ွိေတာ့ေၾကာင္းလည္း ေျပာဆိုသြားခဲ့ပါတယ္ ။

အဆိုပါအမ်ိဳးသား၏ေျပာဆိုခ်က္အရ ေကာင္မေလးေတြကသူ႔ကိုေတြ႔ခ်င္လ်ွင္ သူ႔ကိုအခ်ိန္ပိုေၾကးေပးရၿပီး ခ်ိန္ေတြ႔ေနစဥ္အတြင္းကုန္က်စရိတ္မ်ားကိုလည္း မိန္းကေလးဖက္ကသာ အကုန္ေပးေခ်ရေၾကာင္းလည္းေျပာဆိုသြားခဲ့ပါတယ္ ။ မၾကာေသးခင္ကမွ မိန္းကေလးတစ္ေယာက္က သူ႔ကိုတစ္လ 1million yen ေပးမည္ဟုေျပာၿပီး သူမ လိုအပ္တဲ့အခ်ိန္တိုင္းလာေရာက္ေပးဖို႔ေျပာဆိုခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း အဆိုပါမိန္းကေလး၏ကမ္းလွမ္းခ်က္ကို ျငင္းပယ္ခဲ့ၿပီး ယခုလက္႐ွိအလုပ္ကိုသာ အေတာ္ေလးအားရေက်နပ္မိေနေၾကာင္း ေျပာဆိုသြားခဲ့ပါတယ္ ။ ထို႔အျပင္ ခ်စ္သူမိန္းကေလးေတြနဲ႔ relationship တစ္ခုမွာ လိင္ကိစၥေတြပါဝင္လားဆိုတာကိုေတာ့ ေဖာ္ျပထားျခင္းမ်ိဳးမ႐ွိပါဘူး ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

လူတိုင်းလိုလို လုပ်ချင်တဲ့အလုပ်မျိုးက နေ့စဉ်နေ့တိုင်းတစ်မာရိုကျပုံမှန်လုပ်နေလေ့ရှိတဲ့ပျင်းဖို့ကောင်းတဲ့ အလုပ်မျိုးမဟုတ်ပါဘူး ။ ဒီတစ်ခေါက်မှာလည်း ဂျပန်နိုင်ငံက အသက်25နှစ်အရွယ်အမျိုးသားဟာ သူလုပ်ချင်တဲ့အလုပ်မျိုးကို လုပ်နိုင်ခဲ့ပါတယ် ။ သူ့ရဲ့အလုပ်ကတော့ အငှါးချစ်သူကောင်လေးအလုပ်ဖြစ်ပြီး မိန်းကလေးတွေကတော့သူ့ကို အချိန်အလိုက်ငွေပေးချေရပါတယ် ။ ၎င်းအမျိုးသားဟာအလုပ်မှာ သတ်မှတ်ထားတဲ့တာဝန်ဝတ္တရားတွေတော့မရှိပဲ လက်ရှိမှာတော့ လက်ခံထားတဲ့ချစ်သူမိန်းကလေး 15ယောက်ရှိကာ အဆိုပါမိန်းကလေးများကလည်း၎င်းအမျိုးသား၏ဝန်ဆောင်မှုအတွက် သူအလုပ်လုပ်နေသည့်ကုမ္ပဏီသို့ ငွေပေးချေရကြောင်း သိရှိရပါတယ် ။ Japanese Internet TV station Abema TV မှ၎င်းအမျိုးသား၏အကြောင်းကို ရိုက်ကူးတင်ဆက်ပြသခဲ့ကြပြီး လူအများကတော့၎င်းအမျိုးသားကိုအတော်လေးအားကျနေခဲ့ကြပါတယ် ။ ထို့အပြင် ၎င်းအမျိုးသားဟာတစ်ပတ်တွင် 2ရက်သာချစ်သူမိန်းကလေးတွေနှင့်အတူရှိနေပေးရပြီး တစ်လကို 1 million yen (မြန်မာငွေ သိန်း 140 ဝန်းကျင်ခန့်) ဝင်ငွေရရှိနေကြောင်းလည်း သိရှိရပါတယ် ။ ထို့အပြင် ယခုအလုပ်ဟာ သူ့အတွက်အချိန်ပြည့်အလုပ်တွေလိုဖြစ်နေပြီး ဒီလုပ်ငန်မျိုးကို အသက် 18နှစ်အရွယ်ကတည်းက စပြီးလုပ်ကိုင်ခဲ့တာဖြစ်ကြောင်းလည်း သိရှိရပါတယ် ။ ယခုချိန်မှာတော့ ကိုယ့်ကိုယုံကြည်ချက်ပိုရှိနေခဲ့ပြီး ဒီလုပ်ငန်းမျိုးမှာပိုပြီးကိုယ့်အတွက် အလားအလာပိုရှိနေကြောင်းကိုလည်း ပြောဆိုခဲ့ပါသေးတယ် ။ သို့ပေမဲ့လည်း မိန်းကလေးတွေတိုင်းနဲ့ချိန်တွေ့ဖို့ကိုတော့ လက်မခံဘဲ ၊ သတ်မှတ်ချက်အဆင့်များ ထားရှိထားကြောင်းလည်းသိရှိရပါတယ် ။

ထို့အပြင် သူအတွက်ချစ်သူရည်းစားဖြစ်ဖို့ အလားအလာရှိတဲ့အမျိုးသမီးများကိုလည်း ရုပ်ရည်များ နှင့် အဆင့်အတန်းမျိုးစုံဖြင့်ခွဲခြားထားပါသေးတယ် ။ မချိန်းတွေ့ခင်ကိုလည်း Grade 1, Grade 2, Grade 3 စသည်တို့ဖြင့် အရန်အဆင့်တွေထားရှိပြီးမှ ချိန်တွေ့ဖို့ ဆုံးဖြတ်ခဲ့ကြောင်းသိရှိရပါတယ် ။ အစီအစဉ်ရိုက်ကူးရေးအဖွဲ့များကလည်း ၎င်းအမျိုးသားနှင့် ချိန်းတွေ့နေတာ 4နှစ်ခန့်ရှိနေပြီဖြစ်သော အမျိုးသမီးကိုလည်း ဖော်ပြခဲ့ပါသေးတယ် ။ သူမရဲ့ပြောဆိုချက်အရ အခြားကောင်လေးတွေမှာမရှိတဲ့ချစ်ဖို့ကောင်းတဲ့အပြုအမှုတွေ သူ့မှာသာရှိကြောင်းပြောဆိုခဲ့ပြီး သူနှင့်အတူရှိလျှင်အတော်လေးကိုပျော်ရွှင်ရပြီး မည်သည့်စိတ်ဖိစီးမှုမျိုးမှမရှိတော့ကြောင်းလည်း ပြောဆိုသွားခဲ့ပါတယ် ။

အဆိုပါအမျိုးသား၏ပြောဆိုချက်အရ ကောင်မလေးတွေကသူ့ကိုတွေ့ချင်လျှင် သူ့ကိုအချိန်ပိုကြေးပေးရပြီး ချိန်တွေ့နေစဉ်အတွင်းကုန်ကျစရိတ်များကိုလည်း မိန်းကလေးဖက်ကသာ အကုန်ပေးချေရကြောင်းလည်းပြောဆိုသွားခဲ့ပါတယ် ။ မကြာသေးခင်ကမှ မိန်းကလေးတစ်ယောက်က သူ့ကိုတစ်လ 1million yen ပေးမည်ဟုပြောပြီး သူမ လိုအပ်တဲ့အချိန်တိုင်းလာရောက်ပေးဖို့ပြောဆိုခဲ့ပါတယ် ။ သို့ပေမဲ့လည်း အဆိုပါမိန်းကလေး၏ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ပြီး ယခုလက်ရှိအလုပ်ကိုသာ အတော်လေးအားရကျေနပ်မိနေကြောင်း ပြောဆိုသွားခဲ့ပါတယ် ။ ထို့အပြင် ချစ်သူမိန်းကလေးတွေနဲ့ relationship တစ်ခုမှာ လိင်ကိစ္စတွေပါဝင်လားဆိုတာကိုတော့ ဖော်ပြထားခြင်းမျိုးမရှိပါဘူး ။

Jasmine (Mckzone Daily)

Be the first to comment on "ခ်စ္သူရည္းစား 15ေယာက္ထားၿပီး တစ္လကို ျမန္မာေငြသိန္း140ဝန္းက်င္ရေနတဲ့ အမ်ိဳးသား"

Leave a comment

Your email address will not be published.


*