လိုအပ္တဲ့သူေတြအတြက္ ကိုယ္ပိုင္မိခင္ႏို႔ရည္ကို online ေပၚကေန ေရာင္းခ်ေပးေနၿပီး ဝင္ေငြေကာင္းေနခဲ့တဲ့ အမ်ိဳးသမီး

ဖေလာ္ရီဒါမွ အသက္၃၂ႏွစ္အရြယ္အမ်ိဳးသမီး Julie Dennis ဟာ မိခင္နို့ရည္ကို onlineမွ သူစိမ္းမ်ားအား ေရာင္းခ်ျခင္းျဖင့္ သူမေဒၚလာ ၂၀၀၀၀ရရွိခဲ့ပုံကို မၽွေဝခဲ့ပါတယ္။သူမဟာ အဌားကိုယ္ဝန္ေဆာင္ကေလးေမြးေပးၿပီးေနာက္ အဆိုပါ စိတ္ကူးကိုရရွိခဲ့ပါတယ္။ေမြးစကေလးေျခာက္လျပည့္သြားခ်ိန္မွာေတာ့ သူမနို့ရည္ဟာ မလိုအပ္ေတာ့ဘဲ ထြက္ေနေသးတာေၾကာင့္ သူမေရာင္းခ်ရန္ စိတ္ဆုံးျဖတ္ခဲ့ပါတယ္။”အဲဒါက ပိုက္ဆံအတြက္ လုံးလုံးလ်ားလ်ားမဟုတ္ေပမယ့္ ကၽြန္မနဲ႔ ကၽြန္မ့မိသားစုအတြက္ တန္ဖိုးရွိတာကို ေသခ်ာေအာင္လုပ္တာပါ”ဟု ကေလးႏွစ္ေယာက္အေမျဖစ္သူ Julieကဆိုပါတယ္။အဲ့လိုေရာင္းခ်ျခင္းက တခ်ိဳ့လူေတြရဲ့ ေဝဖန္ေျပာဆိုမွုေတြကိုလည္း သူမၾကဳံခဲ့ရပါတယ္။နို့ရည္မ်ားထြက္လာေအာင္ သူမရင္သားေတြကို စုပ္စက္ျဖင့္ ခ်ိတ္ဆက္ထားရတာေၾကာင့္ သူမအား တစ္ေနကုန္ နာရီေပါင္းမ်ားစြာ ကုန္ဆုံးေစခဲ့ရၿပီး တျခားအဓိကအလုပ္ျဖစ္တဲ့ စုပ္စက္ေတြကို သန္႔ရွင္းျခင္း၊ပိုးသတ္ျခင္း ႏွင့္ နို့ရည္ေတြကို ေသခ်ာထုတ္ပိုးျခင္းေတြကလည္း ပါဝင္ေနပါတယ္။

“လူေတြ မိခင္နို့ရည္ကို ေစ်းသက္သက္သာသာနဲ႔ရနိုင္ေအာင္လို့ ကၽြန္မ စတိုးဆိုင္ေတြကိုမတင္သြင္းခဲ့ပါဘူး။တစ္ေအာင္စကို တစ္ေဒၚလာဘဲေရာင္းခ်ၿပီး အဲဒါကလည္း လူတစ္ေယာက္ရဲ့ အနည္းဆုံးလုပ္ခလစာထက္ နည္းေနကာ ေျခာက္ပတ္မွ ရွစ္ပတ္ တစ္ႀကိမ္လဲလွယ္ရတဲ့ စုပ္စက္ေတြ၊အိတ္ကုန္က်စရိတ္၊ပိုးသတ္ေဆးက်န္က်စရိတ္စတဲ့ ကုန္က်စရိတ္တန္ဖိုးေတြပါ ထည့္မတြက္ထားပါဘူး။ဒါေတြအားလုံးဟာ ခ်စ္ျခင္းေမတၱာရဲ့လုပ္အားေတြပါ”ဟု Julieက ဆိုထားပါတယ္။ဒါ့အျပင္ သူမဟာ ကေလးႏွစ္ေယာက္အတြက္ လိုအပ္တဲ့ တစ္ႏွစ္စာမိခင္နို့ရည္ေတြကိုလည္း ေထာက္ပံ့ေပးလ်က္ရွိပါတယ္။

သူမဟာ လစဥ္ မိခင္နို့ရည္ ၁၅၀၀၀ေအာင္စ ဝန္းက်င္ စုပ္ယူစုေဆာင္းနိုင္ၿပီး နို့ရည္အခဲ့ထုပ္အျပည့္ပါတဲ့ ေရခဲပုံးေတြကို သူမဝယ္သူေတြထံသို့ ပို့ေဆာင္ေပးေနၿပီး တစ္ခ်ိန္တည္းမွာဘဲ သူမဟာ မိခင္နို့ရည္က သူမထံမွ အမွန္တကယ္ျဖစ္ေၾကာင္း အေထာက္အထားအျဖစ္ ဗီဒီယိုမ်ားသို့မဟုတ္ ဓါတ္ပုံမ်ားကို ေတာင္းခံၾကတဲ့ အထူးသျဖင့္ အမ်ိဳးသားဝယ္သူေတြထံမွ ပုံမွန္မဟုတ္တဲ့ေတာင္းဆိုမွုေတြကိုလည္း ရရွိခဲ့ရပါတယ္။ဒါေပမဲ့ အဲ့လိုေတာင္းဆိုမွုမ်ိဳးလုပ္တဲ့လူေတြကို သူမအျမဲလ်စ္လ်ဴရွုကာ blockခဲ့ေၾကာင္း Julieက ထပ္မံေျပာဆိုထားပါတယ္။ဘာဘဲျဖစ္ျဖစ္ Julieရဲ့လုပ္ရပ္ဟာ ရွက္စရာလည္းမဟုတ္သလို ရြံရွာစရာလည္းမဟုတ္ပါဘူး။တကယ္ေတာ့ သူမရဲ့မိခင္နို့ရည္ေတြဟာ ကိုယ္ခံအားနည္းတဲ့လူေတြအတြက္အသုံးဝင္ေစနိုင္သလို ကေလးေမြးၿပီးနို့ရည္မထြက္တဲ့မိခင္ေတြအတြက္လည္း အသုံးဝင္ေစမွာပါ။

Jasmine (Mckzone Daily)

Source: elitereaders.

Unicode

ဖလော်ရီဒါမှ အသက်၃၂နှစ်အရွယ်အမျိုးသမီး Julie Dennis ဟာ မိခင်နို့ရည်ကို onlineမှ သူစိမ်းများအား ရောင်းချခြင်းဖြင့် သူမဒေါ်လာ ၂၀၀၀၀ရရှိခဲ့ပုံကို မျှဝေခဲ့ပါတယ်။သူမဟာ အဌားကိုယ်ဝန်ဆောင်ကလေးမွေးပေးပြီးနောက် အဆိုပါ စိတ်ကူးကိုရရှိခဲ့ပါတယ်။မွေးစကလေးခြောက်လပြည့်သွားချိန်မှာတော့ သူမနို့ရည်ဟာ မလိုအပ်တော့ဘဲ ထွက်နေသေးတာကြောင့် သူမရောင်းချရန် စိတ်ဆုံးဖြတ်ခဲ့ပါတယ်။”အဲဒါက ပိုက်ဆံအတွက် လုံးလုံးလျားလျားမဟုတ်ပေမယ့် ကျွန်မနဲ့ ကျွန်မ့မိသားစုအတွက် တန်ဖိုးရှိတာကို သေချာအောင်လုပ်တာပါ”ဟု ကလေးနှစ်ယောက်အမေဖြစ်သူ Julieကဆိုပါတယ်။အဲ့လိုရောင်းချခြင်းက တချို့လူတွေရဲ့ ဝေဖန်ပြောဆိုမှုတွေကိုလည်း သူမကြုံခဲ့ရပါတယ်။နို့ရည်များထွက်လာအောင် သူမရင်သားတွေကို စုပ်စက်ဖြင့် ချိတ်ဆက်ထားရတာကြောင့် သူမအား တစ်နေကုန် နာရီပေါင်းများစွာ ကုန်ဆုံးစေခဲ့ရပြီး တခြားအဓိကအလုပ်ဖြစ်တဲ့ စုပ်စက်တွေကို သန့်ရှင်းခြင်း၊ပိုးသတ်ခြင်း နှင့် နို့ရည်တွေကို သေချာထုတ်ပိုးခြင်းတွေကလည်း ပါဝင်နေပါတယ်။

“လူတွေ မိခင်နို့ရည်ကို ဈေးသက်သက်သာသာနဲ့ရနိုင်အောင်လို့ ကျွန်မ စတိုးဆိုင်တွေကိုမတင်သွင်းခဲ့ပါဘူး။တစ်အောင်စကို တစ်ဒေါ်လာဘဲရောင်းချပြီး အဲဒါကလည်း လူတစ်ယောက်ရဲ့ အနည်းဆုံးလုပ်ခလစာထက် နည်းနေကာ ခြောက်ပတ်မှ ရှစ်ပတ် တစ်ကြိမ်လဲလှယ်ရတဲ့ စုပ်စက်တွေ၊အိတ်ကုန်ကျစရိတ်၊ပိုးသတ်ဆေးကျန်ကျစရိတ်စတဲ့ ကုန်ကျစရိတ်တန်ဖိုးတွေပါ ထည့်မတွက်ထားပါဘူး။ဒါတွေအားလုံးဟာ ချစ်ခြင်းမေတ္တာရဲ့လုပ်အားတွေပါ”ဟု Julieက ဆိုထားပါတယ်။ဒါ့အပြင် သူမဟာ ကလေးနှစ်ယောက်အတွက် လိုအပ်တဲ့ တစ်နှစ်စာမိခင်နို့ရည်တွေကိုလည်း ထောက်ပံ့ပေးလျက်ရှိပါတယ်။

သူမဟာ လစဉ် မိခင်နို့ရည် ၁၅၀၀၀အောင်စ ဝန်းကျင် စုပ်ယူစုဆောင်းနိုင်ပြီး နို့ရည်အခဲ့ထုပ်အပြည့်ပါတဲ့ ရေခဲပုံးတွေကို သူမဝယ်သူတွေထံသို့ ပို့ဆောင်ပေးနေပြီး တစ်ချိန်တည်းမှာဘဲ သူမဟာ မိခင်နို့ရည်က သူမထံမှ အမှန်တကယ်ဖြစ်ကြောင်း အထောက်အထားအဖြစ် ဗီဒီယိုများသို့မဟုတ် ဓါတ်ပုံများကို တောင်းခံကြတဲ့ အထူးသဖြင့် အမျိုးသားဝယ်သူတွေထံမှ ပုံမှန်မဟုတ်တဲ့တောင်းဆိုမှုတွေကိုလည်း ရရှိခဲ့ရပါတယ်။ဒါပေမဲ့ အဲ့လိုတောင်းဆိုမှုမျိုးလုပ်တဲ့လူတွေကို သူမအမြဲလျစ်လျူရှုကာ blockခဲ့ကြောင်း Julieက ထပ်မံပြောဆိုထားပါတယ်။ဘာဘဲဖြစ်ဖြစ် Julieရဲ့လုပ်ရပ်ဟာ ရှက်စရာလည်းမဟုတ်သလို ရွံရှာစရာလည်းမဟုတ်ပါဘူး။တကယ်တော့ သူမရဲ့မိခင်နို့ရည်တွေဟာ ကိုယ်ခံအားနည်းတဲ့လူတွေအတွက်အသုံးဝင်စေနိုင်သလို ကလေးမွေးပြီးနို့ရည်မထွက်တဲ့မိခင်တွေအတွက်လည်း အသုံးဝင်စေမှာပါ။

Jasmine (Mckzone Daily)

  • Leave a Comment