California ျပည္နယ္ Dalyၿမိဳ့ရွိ San Francisco တိရိစၧာန္႐ုံႀကီးမွ ခိုးယူခံလိုက္ရတဲ့ ၂၁ႏွစ္အရြယ္ Makiေခၚ လီမာေမ်ာက္အမ်ိဳးအစားေမ်ာက္တစ္ေကာင္ကို အသက္၅ႏွစ္အရြယ္ အာရွအေမရိကန္ကျပားကေလးငယ္တစ္ဦးက Hope Lutheran Day ေက်ာင္းရဲ့ကားရပ္နားရာေနရာတစ္ခုမွာ ေတြ႕ရွိခဲ့ပါတယ္။SFPDရဲ့ အစီရင္ခံစာအရ ၿပီးခဲ့တဲ့ဗုဒၶဟူးေန႔ မနက္မွာ တိရိစၧာန္႐ုံရွိဝန္ထမ္းေတြဟာ လီမာေမ်ာက္ေပ်ာက္ဆုံးေနေၾကာင္းကို သိရွိခဲ့ၿပီးေနာက္ သက္ဆိုင္ရာကို ဆက္သြယ္ခဲ့ၾကကာ အရာရွိမ်ားက အခင္းျဖစ္ပြါးရာ ေမ်ာက္ေလးရဲ့ၿခံဝင္းထဲကို ဝင္ေရာက္စစ္ေဆးခဲ့ၾကေၾကာင္း အာဏာပိုင္ေတြကဆိုထားပါတယ္။အဆိုပါ တိရိစၧာန္႐ုံက ေမ်ာက္ေလးကို မည္သူမဆိုရွာေတြ႕နိုင္ပါက ေဒၚလာ ၂,၁၀၀ဆုခ်ီးျမႇင့္မည္ျဖစ္ေၾကာင္း social mediaေပၚမၽွေဝကာ ျပည္သူရဲ့ အကူအညီကို ေတာင္းခံခဲ့ပါတယ္။
ေနာက္တစ္ရက္မွာေတာ့ Hope Lutheran Dayေက်ာင္းမွ သူငယ္တန္းေက်ာင္းသား James Trinhmက ေမ်ာက္ေလးကို ေဘးကင္းလုံျခဳံစြာ ေတြ႕ရွိခဲ့ပါတယ္။သူဟာ မိခင္ျဖစ္သူ လာအႀကိဳကိုေစာင့္ေနရင္း ကားရပ္နားရာေနရာတစ္ခုမွာ Makiကို ပထမဆုံးေတြ႕ခဲ့သူျဖစ္ေၾကာင္း ABC7 Newsကေဖာ္ျပထားပါတယ္။တိရိစၧာန္ေလးကိုျမင္ေတာ့ Trinhmဟာ သူငယ္ခ်င္းေတြကို ခ်က္ခ်င္းဖုန္းဆက္ခဲ့ကာ သူတို့မိဘေတြပါ လိုက္လာခဲ့ၾကၿပီး ကစားကြင္းမွာ ခိုလွုံေနတဲ့ Makiကို ေစာင့္ၾကည့္ေနခဲ့ၾကရင္း မိဘေတြက ရဲေတြကို ဆက္သြယ္အေၾကာင္းၾကားေပးခဲ့ၾကပါတယ္။ရဲမ်ားက ေမ်ာက္ေလးအား စိတ္ခ်ရတဲ့သူ႔ေနရာကို ျပန္ပို့ေပးခဲ့ၾကၿပီး တစ္ခ်ိန္တည္းမွာဘဲ ခိုးယူေဖာက္ထြင္းမွုနဲ႔ ဆက္ႏြယ္ေနတဲ့ လူတစ္ဦးကိုလည္း ဖမ္းဆီးခဲ့ၾကပါတယ္။
ၿပီးခဲ့တဲ့ ၾကာသပေတးေန႔ ၁၀နာရီခန္႔ San Refael မွာ ထရပ္ကားတစ္စီးခိုးယူမွုျဖင့္ အဖမ္းခံထားရတဲ့ အသက္ ၃၀အရြယ္ Los Angelesမွာေနထိုင္တဲ့ Cory McGillowayဟာ Makiေမ်ာက္ေလးအား ေဖာက္ထြင္းခိုးယူမွုႏွင့္ဆက္ႏြယ္ေနေၾကာင္းကို ရဲမ်ားက သူ႔ဖုန္းအား စစ္ေဆးရင္းသိရွိခဲ့ရၿပီး လက္ရွိ Marin Countyမွာရွိေနတဲ့ McGillowayအား ေဖာက္ထြင္းမွု၊တိရိစၧာန္ခိုးယူမွု၊လုယက္မွုႏွင့္ ဖ်က္စီးမွုတို့အတြက္ ႀကိဳတင္စစ္ေဆးေမးျမန္းခံရရန္ San Francisco တိရိစၧာန္႐ုံသို့ လႊဲေျပာင္းရန္ စီစဥ္ထားၾကၿပီး သူဘာေၾကာင့္တိရိစၧာန္႐ုံထဲဝင္ေရာက္ကာ Makiအား သူ႔ရဲ့ၿခံဝင္းမွ ေခၚထုတ္ခဲ့လည္း ဆိုတာကိုေတာ့ ေသခ်ာမသိရွိရေသးပါဘူး။တိရိစၧာန္႐ုံညႊန္ၾကားေရးမွူးTanya Petersonက Hope Lutheran Day ေက်ာင္းကို ေဒၚလာ ၂,၁၀၀ခ်ီးျမႇင့္ခဲ့ၿပီး Trinhmရဲ့ မိသားစုကို တသက္တာတိရိစၧာန္ဥယ်ာဥ္အသင္းဝင္အျဖစ္ ကမ္းလွမ္းခဲ့ေၾကာင္းကို ေဖာ္ျပေၾကာျငာခဲ့ပါတယ္။
This is IT folks!
The moment young James spotted Maki, the missing San Francisco Zoo lemur, in the parking lot of his Daly City school.
Watching James and his Mom freak out w/excitement and call over the other families is the BEST!
I am LIVING for this story. Thank you Maki!! pic.twitter.com/1yiVaKyxxv
— Kate Larsen (@KateABC7) October 16, 2020
Jasmine (Mckzone Daily)
Source: nextshark
Unicode
California ပြည်နယ် Dalyမြို့ရှိ San Francisco တိရိစ္ဆာန်ရုံကြီးမှ ခိုးယူခံလိုက်ရတဲ့ ၂၁နှစ်အရွယ် Makiခေါ် လီမာမျောက်အမျိုးအစားမျောက်တစ်ကောင်ကို အသက်၅နှစ်အရွယ် အာရှအမေရိကန်ကပြားကလေးငယ်တစ်ဦးက Hope Lutheran Day ကျောင်းရဲ့ကားရပ်နားရာနေရာတစ်ခုမှာ တွေ့ရှိခဲ့ပါတယ်။SFPDရဲ့ အစီရင်ခံစာအရ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ မနက်မှာ တိရိစ္ဆာန်ရုံရှိဝန်ထမ်းတွေဟာ လီမာမျောက်ပျောက်ဆုံးနေကြောင်းကို သိရှိခဲ့ပြီးနောက် သက်ဆိုင်ရာကို ဆက်သွယ်ခဲ့ကြကာ အရာရှိများက အခင်းဖြစ်ပွါးရာ မျောက်လေးရဲ့ခြံဝင်းထဲကို ဝင်ရောက်စစ်ဆေးခဲ့ကြကြောင်း အာဏာပိုင်တွေကဆိုထားပါတယ်။အဆိုပါ တိရိစ္ဆာန်ရုံက မျောက်လေးကို မည်သူမဆိုရှာတွေ့နိုင်ပါက ဒေါ်လာ ၂,၁၀၀ဆုချီးမြှင့်မည်ဖြစ်ကြောင်း social mediaပေါ်မျှဝေကာ ပြည်သူရဲ့ အကူအညီကို တောင်းခံခဲ့ပါတယ်။
နောက်တစ်ရက်မှာတော့ Hope Lutheran Dayကျောင်းမှ သူငယ်တန်းကျောင်းသား James Trinhmက မျောက်လေးကို ဘေးကင်းလုံခြုံစွာ တွေ့ရှိခဲ့ပါတယ်။သူဟာ မိခင်ဖြစ်သူ လာအကြိုကိုစောင့်နေရင်း ကားရပ်နားရာနေရာတစ်ခုမှာ Makiကို ပထမဆုံးတွေ့ခဲ့သူဖြစ်ကြောင်း ABC7 Newsကဖော်ပြထားပါတယ်။တိရိစ္ဆာန်လေးကိုမြင်တော့ Trinhmဟာ သူငယ်ချင်းတွေကို ချက်ချင်းဖုန်းဆက်ခဲ့ကာ သူတို့မိဘတွေပါ လိုက်လာခဲ့ကြပြီး ကစားကွင်းမှာ ခိုလှုံနေတဲ့ Makiကို စောင့်ကြည့်နေခဲ့ကြရင်း မိဘတွေက ရဲတွေကို ဆက်သွယ်အကြောင်းကြားပေးခဲ့ကြပါတယ်။ရဲများက မျောက်လေးအား စိတ်ချရတဲ့သူ့နေရာကို ပြန်ပို့ပေးခဲ့ကြပြီး တစ်ချိန်တည်းမှာဘဲ ခိုးယူဖောက်ထွင်းမှုနဲ့ ဆက်နွယ်နေတဲ့ လူတစ်ဦးကိုလည်း ဖမ်းဆီးခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့ ၁၀နာရီခန့် San Refael မှာ ထရပ်ကားတစ်စီးခိုးယူမှုဖြင့် အဖမ်းခံထားရတဲ့ အသက် ၃၀အရွယ် Los Angelesမှာနေထိုင်တဲ့ Cory McGillowayဟာ Makiမျောက်လေးအား ဖောက်ထွင်းခိုးယူမှုနှင့်ဆက်နွယ်နေကြောင်းကို ရဲများက သူ့ဖုန်းအား စစ်ဆေးရင်းသိရှိခဲ့ရပြီး လက်ရှိ Marin Countyမှာရှိနေတဲ့ McGillowayအား ဖောက်ထွင်းမှု၊တိရိစ္ဆာန်ခိုးယူမှု၊လုယက်မှုနှင့် ဖျက်စီးမှုတို့အတွက် ကြိုတင်စစ်ဆေးမေးမြန်းခံရရန် San Francisco တိရိစ္ဆာန်ရုံသို့ လွှဲပြောင်းရန် စီစဉ်ထားကြပြီး သူဘာကြောင့်တိရိစ္ဆာန်ရုံထဲဝင်ရောက်ကာ Makiအား သူ့ရဲ့ခြံဝင်းမှ ခေါ်ထုတ်ခဲ့လည်း ဆိုတာကိုတော့ သေချာမသိရှိရသေးပါဘူး။တိရိစ္ဆာန်ရုံညွှန်ကြားရေးမှူးTanya Petersonက Hope Lutheran Day ကျောင်းကို ဒေါ်လာ ၂,၁၀၀ချီးမြှင့်ခဲ့ပြီး Trinhmရဲ့ မိသားစုကို တသက်တာတိရိစ္ဆာန်ဥယျာဉ်အသင်းဝင်အဖြစ် ကမ်းလှမ်းခဲ့ကြောင်းကို ဖော်ပြကြောငြာခဲ့ပါတယ်။
Jasmine (Mckzone Daily)
Be the first to comment on "တိရိစၧာန္႐ုံႀကီးမွ ခိုးယူခံလိုက္ရတဲ့ လီမာေမ်ာက္ေလးကို ျပန္လည္ရွာေဖြေပးနိုင္ခဲ့တဲ့ အသက္၅ႏွစ္အရြယ္ ေက်ာင္းသားေလး (႐ုပ္သံ)"