လူေကာင္းနဲ႔ ေတြ႔ဆံုၿပီး ဒုကၡေတြၾကားထဲက ကံေကာင္းခဲ့တဲ့ ေခြးေလး

မုန္တိုင္းဒဏ္ေၾကာင့္ မိုးသည္းႀကီးမဲႀကီးရြာလို႔ လူေနအိမ္ေတြ ေရျမဳပ္တဲ့အထိ ျဖစ္ေနၾကတဲ့အခ်ိန္မွာ အိမ္ေမြးတိရစာၦန္ေတြကေတာ့ အသက္အႏၱရာယ္ကေနလြတ္ေျမာက္ႏိုင္ဖို႔ အေတာ္ေလးႀကိဳးစားရမွာပါ ။ ေရႀကီးလို႔ လူေတြက အရပ္အျမင့္ေၾကာင့္ သြားလာဖို႔အဆင္ေျပေနၾကေပမဲ့လည္း ေခြးေလးေတြမွာေတာ့ အေတာ္ေလးဒုကၡေရာက္ေနရတာပါ ။ ဒါေၾကာင့္ ဒီတစ္ေခါက္ဓာတ္ပံုထဲမွာေတြ႔ရတဲ့အတိုင္း လမ္းကူးဖို႔အဆင္မေျပတဲ့ေခြးေလးက ပိုင္႐ွင္ျဖစ္သူက ကုန္ပိုးၿပီးသယ္ထုတ္ခဲ့တာပါ ။ အဆိုပါအျဖစ္အပ်က္ဟာ ေခြးေလးအေပၚ ေမတၱာထားတဲ့ သခင္ျဖစ္သူရဲ႕ အျပဳအမႈကိုေတြ႔႐ွိရမွာပါ ။ လူေကာင္းနဲ႔ ေတြ႔ဆံုခဲ့တဲ့ ေခြးေလးမွာလည္း အေတာ္ေလးကံေကာင္းတယ္လို႔ ေျပာရမွာပါပဲ ။

1

2

3

4

Jasmine (Mckzone Daily)

Source: 小回忆 Little Memories

Unicode

မုန်တိုင်းဒဏ်ကြောင့် မိုးသည်းကြီးမဲကြီးရွာလို့ လူနေအိမ်တွေ ရေမြုပ်တဲ့အထိ ဖြစ်နေကြတဲ့အချိန်မှာ အိမ်မွေးတိရစ္ဆာန်တွေကတော့ အသက်အန္တရာယ်ကနေလွတ်မြောက်နိုင်ဖို့ အတော်လေးကြိုးစားရမှာပါ ။ ရေကြီးလို့ လူတွေက အရပ်အမြင့်ကြောင့် သွားလာဖို့အဆင်ပြေနေကြပေမဲ့လည်း ခွေးလေးတွေမှာတော့ အတော်လေးဒုက္ခရောက်နေရတာပါ ။ ဒါကြောင့် ဒီတစ်ခေါက်ဓာတ်ပုံထဲမှာတွေ့ရတဲ့အတိုင်း လမ်းကူးဖို့အဆင်မပြေတဲ့ခွေးလေးက ပိုင်ရှင်ဖြစ်သူက ကုန်ပိုးပြီးသယ်ထုတ်ခဲ့တာပါ ။ အဆိုပါအဖြစ်အပျက်ဟာ ခွေးလေးအပေါ် မေတ္တာထားတဲ့ သခင်ဖြစ်သူရဲ့ အပြုအမှုကိုတွေ့ရှိရမှာပါ ။ လူကောင်းနဲ့ တွေ့ဆုံခဲ့တဲ့ ခွေးလေးမှာလည်း အတော်လေးကံကောင်းတယ်လို့ ပြောရမှာပါပဲ ။

Jasmine (Mckzone Daily)

  • Leave a Comment