အိတ်ဆောင်နာရီအဟောင်းတွေကို ပြန်လည်အသုံးပြုကာ ဖန်တီးထားတဲ့ Steampunkပန်းပုအနုပညာလက်ရာများ


1

2

3

4

5

6

7

8

Jasmine (Mckzone Daily)

Source: boredpanda

Unicode

သင်ဟာ သမားရိုးကျsteampunkစတိုင်ရဲ့ ပရိသတ်တစ်ယောက်မဟုတ်ခဲ့ရင်တောင် စေ့စပ်သေချာပြီး မယုံနိုင်အောင်မိမိုက်နေတဲ့ Susan Beatriceရဲ့ အနုစိတ်ကျကျ အလွန်သေးငယ်တဲ့သတ္တုအပိုင်းအစအနုပညာလက်ရာတွေကိုတော့ သဘောကျတန်ဖိုးထားမိနေပါလိမ့်မယ်။Beatriceဟာ လက်ပတ်နာရီအဟောင်းတွေကို ပြန်လည်အသုံးပြုပြီး သူတို့တွေကို လှပပြီးစက်မှုခေတ် ဗစ်တိုးရီးယားဒဏ္ဍရီတွေနဲ့ပြည့်နေတဲ့ပန်းပုရုပ်လေးတွေအဖြစ် ပြောင်းလဲဖန်တီးနိုင်သူတစ်ဦးပါ။သူမရဲ့ဖန်တီးမှုဒီဇိုင်းတွေကိုဆွဲဆောင်နိုင်တဲ့အစိတ်အပိုင်းတစ်ခုမှာ သက်မဲ့စက်ယန္တရားများ၊တင်းကျပ်ထားတဲ့ သဘာဝတရားတွေကိုကြော့ရှင်းသပ်ရပ်စွာဆွဲယူနိုင်တဲ့ သူမရဲ့စွမ်းရည်တွေလည်း ပါဝင်နေပါတယ်။ဂီယာ၊ထုပ်စက်နှင့်တခြား အသေးစားနည်းပညာလက်ပတ်နာရီတွေကို မြင်းရဲ့လည်ပင်း၊လှပတဲ့အမျိုးသမီးတစ်ဦး သို့မဟုတ် ခြင်္သေ့မျက်နှာတွေအဖြစ်သို့ ကျွမ်းကျင်ပိုင်နိုင်စွာ ပြောင်းလဲ ထုထွင်းဖန်တီးထားပါတယ်။အလွန်သေးငယ်တဲ့ Beatriceရဲ့ အနုစိတ်ပန်းပုအနုပညာလက်ရာတွေကို အတူတူကြည့်ရှုခံစားနိုင်ရန် စာဖတ်သူတို့အဖို့ ဖော်ပြပေးခဲ့လိုက်ပါတယ်။

Jasmine (Mckzone Daily)

Be the first to comment on "အိတ်ဆောင်နာရီအဟောင်းတွေကို ပြန်လည်အသုံးပြုကာ ဖန်တီးထားတဲ့ Steampunkပန်းပုအနုပညာလက်ရာများ"

Leave a comment

Your email address will not be published.


*