မ်က္လုံးတစ္ဖက္တည္းပါတဲ့ ငါးမန္းေပါက္ေလးကို ေတြ႕ၿပီးေနာက္ စိတ္ရွုပ္ေထြးသြားခဲ့ရတဲ့ တံငါသည္မ်ား

အင္ဒိုနီးရွားနိုင္ငံ၊ Maluku ျပည္နယ္မွာရွိတဲ့ငါးဖမ္းသမားမ်ားဟာ မ်က္လုံးတစ္ဖက္တည္းပါတဲ့ ငါးမန္းေပါက္ေလးကို ငါးမန္းမႀကီးတစ္ေကာင္ထဲမွာေတြ႕ရွိခဲ့ၾကပါတယ္။အင္ဒိုနီးရွားတံငါသည္ေတြဟာ Malukuျပည္နယ္ရွိ အျဖဴေရာင္ကိုယ္ထည္နဲ႔မ်က္လုံးတစ္ဖက္တည္းသာပါရွိတဲ့ငါးမန္းေပါက္ေလးကို ေတြ႕ရွိၿပီးေနာက္ ဦးေႏွာက္ရွုပ္သြားခဲ့ၾကပါတယ္။”ငါးမန္းမႀကီးတစ္ေကာင္ထဲမွာ အေကာင္ေပါက္သုံးေကာင္ကိုကၽြန္ေတာ္တို့ေတြ႕ခဲ့တယ္၊ဒါေပမယ့္တစ္ေကာင္က မ်က္လုံးတစ္လုံးတည္းရွိေနၿပီးသူ႔အေရာင္ကလည္း နို့အေရာင္လိုထူးဆန္းေနခဲ့တယ္”ဟု တံငါသည္ေတြထဲမွ၂၉ ႏွစ္အရြယ္ရွိ Andy ကေျပာျပခဲ့ပါတယ္။ထူးဆန္းတဲ့လကၡဏာေတြေၾကာင့္ငါးမန္းေပါက္ဟာ လူတိုင္းရဲ့အာ႐ုံကိုဖမ္းစားခဲ့ပါတယ္။စိတ္ဝင္စားစရာေကာင္းတဲ့ရွာေဖြေတြ႕ရွိမွုအၿပီးမွာေတာ့ သူတို့ဟာ ငါးမန္းေပါက္ေတြကိုစမ္းသပ္ဖို့အတြက္ ေရေၾကာင္းအာဏာပိုင္ေတြကိုခ်က္ခ်င္းသတိေပးခဲ့ၾကပါတယ္။The Sun သတင္းေဖာ္ျပခ်က္တစ္ခုအရ အဆိုပါ ငါးမန္းေပါက္မွာ `Cyclopia’ ဟုေခၚတဲ့ရွားပါးေမြးရာပါေရာဂါရွိေနေၾကာင္း သိရွိရၿပီး ထို့အျပင္ငါးမန္းေပါက္မွာ နို့ကဲ့သို့ေသာအေရာင္ျဖစ္ေနျခင္းဟာ ျဖဴေရာင္စြဲေရာဂါရွိေနျခင္းေၾကာင့္ ျဖစ္ပါတယ္။အဆိုပါငါးမန္းေပါက္အေၾကာင္းဟာ onlineေပၚပ်ံ႕ႏွံ့သြားခဲ့ၿပီး အခ်ိဳ့အင္တာနက္အသုံးျပဳသူေတြက ထူးျခားတဲ့လကၡဏာေတြနဲ႔ငါးမန္းေပါက္ကို Monsters University၊ Monsters,Inc စတဲ့ကာတြန္း႐ုပ္ရွင္ဇာတ္ကားေတြထဲက ဇာတ္ေကာင္ Mike Wazowski ႏွင့္တူေၾကာင္းႏွိုင္းယွဥ္ခဲ့ၾကပါေသးတယ္။

1

2

3

4

Jasmine (Mckzone Daily)

Source: elitereaders

Unicode

အင်ဒိုနီးရှားနိုင်ငံ၊ Maluku ပြည်နယ်မှာရှိတဲ့ငါးဖမ်းသမားများဟာ မျက်လုံးတစ်ဖက်တည်းပါတဲ့ ငါးမန်းပေါက်လေးကို ငါးမန်းမကြီးတစ်ကောင်ထဲမှာတွေ့ရှိခဲ့ကြပါတယ်။အင်ဒိုနီးရှားတံငါသည်တွေဟာ Malukuပြည်နယ်ရှိ အဖြူရောင်ကိုယ်ထည်နဲ့မျက်လုံးတစ်ဖက်တည်းသာပါရှိတဲ့ငါးမန်းပေါက်လေးကို တွေ့ရှိပြီးနောက် ဦးနှောက်ရှုပ်သွားခဲ့ကြပါတယ်။”ငါးမန်းမကြီးတစ်ကောင်ထဲမှာ အကောင်ပေါက်သုံးကောင်ကိုကျွန်တော်တို့တွေ့ခဲ့တယ်၊ဒါပေမယ့်တစ်ကောင်က မျက်လုံးတစ်လုံးတည်းရှိနေပြီးသူ့အရောင်ကလည်း နို့အရောင်လိုထူးဆန်းနေခဲ့တယ်”ဟု တံငါသည်တွေထဲမှ၂၉ နှစ်အရွယ်ရှိ Andy ကပြောပြခဲ့ပါတယ်။ထူးဆန်းတဲ့လက္ခဏာတွေကြောင့်ငါးမန်းပေါက်ဟာ လူတိုင်းရဲ့အာရုံကိုဖမ်းစားခဲ့ပါတယ်။စိတ်ဝင်စားစရာကောင်းတဲ့ရှာဖွေတွေ့ရှိမှုအပြီးမှာတော့ သူတို့ဟာ ငါးမန်းပေါက်တွေကိုစမ်းသပ်ဖို့အတွက် ရေကြောင်းအာဏာပိုင်တွေကိုချက်ချင်းသတိပေးခဲ့ကြပါတယ်။The Sun သတင်းဖော်ပြချက်တစ်ခုအရ အဆိုပါ ငါးမန်းပေါက်မှာ `Cyclopia’ ဟုခေါ်တဲ့ရှားပါးမွေးရာပါရောဂါရှိနေကြောင်း သိရှိရပြီး ထို့အပြင်ငါးမန်းပေါက်မှာ နို့ကဲ့သို့သောအရောင်ဖြစ်နေခြင်းဟာ ဖြူရောင်စွဲရောဂါရှိနေခြင်းကြောင့် ဖြစ်ပါတယ်။အဆိုပါငါးမန်းပေါက်အကြောင်းဟာ onlineပေါ်ပျံ့နှံ့သွားခဲ့ပြီး အချို့အင်တာနက်အသုံးပြုသူတွေက ထူးခြားတဲ့လက္ခဏာတွေနဲ့ငါးမန်းပေါက်ကို Monsters University၊ Monsters,Inc စတဲ့ကာတွန်းရုပ်ရှင်ဇာတ်ကားတွေထဲက ဇာတ်ကောင် Mike Wazowski နှင့်တူကြောင်းနှိုင်းယှဉ်ခဲ့ကြပါသေးတယ်။

Jasmine (Mckzone Daily)

Be the first to comment on "မ်က္လုံးတစ္ဖက္တည္းပါတဲ့ ငါးမန္းေပါက္ေလးကို ေတြ႕ၿပီးေနာက္ စိတ္ရွုပ္ေထြးသြားခဲ့ရတဲ့ တံငါသည္မ်ား"

Leave a comment

Your email address will not be published.


*