1
2
3
4
5
6
7
8
Jasmine (Mckzone Daily)
Source: boredpanda
Unicode
Corgi ခွေးအမျိုးအစားဖြစ်တဲ့ အသက်၁နှစ်အရွယ် Wallaceလေးဟာ ထင်ထားတာထက် ပိုချစ်ဖို့ကောင်းနေပြီး သူ့ကိုလမ်းလျှောက်ထွက်ခေါ်သွားရင်တော့ သူ့ဆီမှာ အတော်လေးထူးခြားနေတဲ့ အရာတစ်ခုခုရှိနေတယ်ဆိုတာကို သင်သတိထားမိသွားပါလိမ့်မယ်။Wallaceဟာ ပွေ့ဖက်ခြင်းကို အတော်လေးနှစ်သက်ပြီး ကိုယ့်နဲ့အကျွမ်းတဝင်ရှိတဲ့ မိသားစုနဲ့ သူငယ်ချင်းလေးတွေကိုဘဲ ပွေ့ဖက်တတ်ပါတယ်။အခုလို ရောဂါကာလအတွင်း ပိုင်ရှင်နဲ့လမ်းလျှောက်ထွက်ရန်ကြုံလာတဲ့အခါ သူငယ်ချင်းလေးတွေကို လမ်းမှာတွေ့ရင် သူလေးကမကူညီနိုင်ပေမယ့် နွေးထွေးစွာ နှစ်သိမ့်ပွေ့ဖက်ပေးတတ်ပါတယ်။သူငယ်ချင်းတွေကို ရွေးပြီး မပွေ့ဖက်တတ်သလို ကိုယ့်ထက် ထွားနေရင် ခြေလေးထောက်ကာ ပွေ့ဖက်တတ်ပြီး ပုနေရင်တော့ နူးညံ့သိမ်မွေ့စွာ ပွေ့ဖက်တတ်ပါတယ်။Wallace ဟာ လူအများက စိတ်ဝင်စားလာအောင် သမင်ပွေ့ဖက်ခြင်းမဟုတ်ဘဲ အိမ်မှာလဲ မိသားစုတွေကို တမြတ်တနိုးပွေ့ဖက်တတ်တာပါ။Wallaceလေးကို ပိုင်ရှင်တွေက Michiganပြည်နယ်ရှိမျိုးဆက်မှ မွေးစားခဲ့ကြတာပါ။ခြေထောက်တိုတိုWallaceလေးနဲ့ သူငယ်ချင်းလေးတွေရဲ့နွေးထွေးစွာပွေ့ဖက်နေကြတဲ့ပုံလေးတွေကို ကြည့်ရှုသွားလိုက်ကြပါအုံး။
Jasmine (Mckzone Daily)
Be the first to comment on "လမ်းလျှောက်ထွက်ရင်း social distancingကြောင့် ဝေးကွာခဲ့ရတဲ့သူငယ်ချင်းတွေကို ပွေ့ဖက်နှုတ်ဆက်ခဲ့တဲ့ ခွေးကလေး"