မိဘတွေရဲ့ နာမည်မှည့်ခေါ်မှုကြောင့် အသက် 18 နှစ်ပြည့်သည်အထိ Wi-Fi free ရခဲ့တဲ့ ကလေးငယ်



Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဆွစ်ဇာလန်နိုင်ငံရှိ Twifia ဆိုတဲ့ဒီမွေးကင်းစကလေးမလေးဟာ သူမအသက်၁၈နှစ်မပြည့်ခင်အထိသူမလိုအပ်တဲ့WiFiကို အခမဲ့သုံးစွဲနိုင်မှာပါ။ဘာလို့လဲဆိုရင်တော့ Internet service provider ကုမ္ပဏီတစ်ခုက သတ်မှတ်ပေးလိုက်တဲ့နာမည်ကို မိဘဖြစ်သူတွေက သူမအား အမည်မှည့်ပေးခဲ့လို့ပါ။Twifiဆိုတဲ့ Internet service provider ကုမ္ပဏီဟာ သူတို့သတ်မှတ်ထားတဲ့ နာမည်ကို မည်သူမဆို ကိုယ့်ကလေးအား အမည်မှည့်ပေးပါက ၁၈နှစ်တာလုံး အခမဲ့အင်တာနက်ကို သုံးစွဲနိုင်မည်ဖြစ်ကြောင်း ကမ်းလှမ်းကြော်ငြာခဲ့ပါတယ်။သမီးလေးဆိုရင် Twifia ဖြစ်ပြီး သားလေးဆိုရင် Twifius တို့ဘဲ ဖြစ်ပါတယ်။မိဘဘဝကိုစတင်ဝင်ရောက်လာတဲ့ ဇနီးမောင်နှံဟာ သူတို့သမီးဦးလေးရဲ့ second middle nameကို Twifiaဆိုတဲ့နာမည်ဖြင့် အမည်ပေးခဲ့ကြပါတယ်။

Timesnownews သတင်းအရ မိဘတွေက အခမဲ့ WiFiကို သုံးစွဲရင်း စုဆောင်းထားနိုင်တဲ့ငွေတွေကို သမီးဖြစ်သူရဲ့ ငွေစုစာရင်းထဲကို ထည့်မည်ဖြစ်ကြောင်း ဆိုထားပါတယ်။အစပိုင်းမှာ Twifiaရဲ့ မိခင်ဟာ တွန့်ဆုတ်နေခဲ့ပေမဲ့ နောက်ပိုင်းတော့ သဘောတူခဲ့ပါတယ်။သူမက Twifiaဆိုတဲ့နာမည်က ဒီအခြေအနေနဲ့လိုက်ဖက်ပြီး သူလေးရဖို့လည်း ထိုက်တန်နေလို့ဖြစ်မှာပါ။တခြားအဲ့ဒီထက် ဆိုးတဲ့ နာမည်တွေလည်းရှိပါတယ်။Twifia လို့ခေါ်လေလေ ရင်ထဲနွေးထွေးလေလေ ဖြစ်စေမှာပါဟု ဆိုထားပါတယ်။Twifi တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ် Philippen Fotsch က အကယ်လို့ ကုမ္ပဏီဟာ ဂုဏ်ယူစရာကိစ္စအဖြစ် ကျော်ကြားလူသိများသွားခဲ့ရင် အဆိုပါစုံတွဲအတွက် အခမဲ့အင်တာနက်ကို ဝမ်းသာစွာနဲ့ ပေးဆောင်သွားမှာပါ ဟုTimesnownews သတင်းထုတ်ပြန်ချက်အရ ထပ်မံသိရှိရပါတယ်။သင်တို့ကော နာမည်လှလှလေးနဲ့ ၁၈နှစ်လုံး WiFi အခမဲ့သုံးစွဲနိုင်မယ့်အဲ့လိုအစီအစဉ်လေးကို သဘောကျပါသလား။

Jasmine (Mckzone Daily)

Be the first to comment on "မိဘတွေရဲ့ နာမည်မှည့်ခေါ်မှုကြောင့် အသက် 18 နှစ်ပြည့်သည်အထိ Wi-Fi free ရခဲ့တဲ့ ကလေးငယ်"

Leave a comment

Your email address will not be published.


*