အေလးခ်ိန္မနည္းတဲ့ေရႊေခ်ာင္းေတြကို ဖင္ထဲထိုးထည့္ျပီး ​ေမွာင္ခိုသယ္ေဆာင္လာတဲ့ ခရီးသည္တစ္ဦးရဲ႕အျဖစ္

ေလဆိပ္မွာထူးဆန္းစြာလမ္းေလၽွာက္ေနခဲ့တဲ့ အိႏၵိယနိုင္ငံသားတစ္ဦးအား သက္ဆိုင္ရာအရာရွိမ်ားက တားဆီးခဲ့ၾကၿပီးေနာက္ အဆိုပါအမ်ိဳးသားရဲ့ဖင္ထဲမွာ ေရႊေခ်ာင္းတခ်ိဳ့ပါရွိေနေၾကာင္းကို သိရွိခဲ့ရပါတယ္။အာဏာပိုင္မ်ားကအမည္မေဖာ္ျပခဲ့တဲ့ထိုအမ်ိဳးသားဟာ Go Air Dubai-Kerala ေလယာဥ္ခရီးစဥ္ျဖင့္ေရာက္ရွိလာခဲ့ၿပီး လုံျခဳံေရးႏွင့္ေလေၾကာင္းေထာက္လွမ္းေရးအဖြဲ႕ (AIU)အရာရွိမ်ားက သူ႔ရဲ့ထူးဆန္းစြာလမ္းေလၽွာက္ေနပုံကိုသတိျပဳမိၾကတဲ့အခါ သူ႔ဆီခ်က္ခ်င္းခ်ဥ္းကပ္ခဲ့ၿပီး လုံျခဳံစိတ္ခ်ရတဲ့ေနရာတစ္ခုသို့ေခၚေဆာင္သြားခဲ့ၾကပါတယ္။သူဟာ အံ့ဩစရာေကာင္းေလာက္ေအာင္ သူရဲ့တင္ပါးဆုံနားမွာ စုစုေပါင္းအေလးခ်ိန္ ၁၄၇၀ ဂရမ္ရွိတဲ့ေရႊေခ်ာင္းေတြကိုဖြက္ထားခဲ့ေၾကာင္း အရာရွိမ်ားက သိရွိအတည္ျပဳခဲ့ၾကပါတယ္။ထိုအမ်ိဳးသားဟာ Kannur အျပည္ျပည္ဆိုင္ရာေလဆိပ္မွာ ၁၈% အခြန္ေပးေဆာင္ျခင္းမရွိဘဲ ေရႊေခ်ာင္းေတြကိုေမွာင္ခိုသယ္ေဆာင္ရန္ႀကိဳးစားေနပုံရပါတယ္။

AIUက”ဒူဘိုင္းမွေလယာဥ္ခရီးစဥ္အမွတ္ G8 4013ျဖင့္ စီးႏွင္းလာတဲ့ခရီးသည္တစ္ဦးထံမွ သူ႔ရဲ့စအိုထဲဖြက္လာတဲ့၁၄၇၀ ဂရမ္ရွိတဲ့ေရႊေခ်ာင္းမ်ားကို AIUကသိမ္းဆည္းရမိ”ဟု သိမ္းဆည္းရမိတဲ့ေရႊေခ်ာင္းပုံႏွင့္တကြ onlineမွာ မၽွေဝခဲ့တာေၾကာင့္ လူသိမ်ားသြားခဲ့ပါတယ္။Netizen အမ်ားစုက အဆိုပါအမ်ိဳးသားရဲ့စတန္႔အဆန္းေၾကာင့္ စိတ္ရွုပ္ေထြးသြားခဲ့ၿပီး တခ်ိဳ့ေတြက သူရဲ့ဖင္ထဲကို ဘယ္လိုေတာင္ ထည့္ၿပီး ဖြက္နိုင္ရေၾကာင္းဆိုတဲ့ ေမးခြန္းေတြေမးခဲ့ၾကပါတယ္။နည္းတဲ့အေလးခ်ိန္ႀကီးမဟုတ္တဲ့ ေရႊေခ်ာင္းေတြကိုဖင္ထဲထည့္ကာ ေလဆိပ္တစ္ဝိုက္လမ္းေလၽွာက္ေနတဲ့ ဘယ္ေလာက္မ်ားေတာင္ေနရခက္ေနမဲ့အဆိုပါအမ်ိဳးသားရဲ့ပုံရိပ္ကို ျမင္ေယာင္ၾကည့္မိပါလား။အခြန္လြတ္ရန္အတြက္ အဆိုပါအမ်ိဳးသားကဲ့သို့ ေပါေၾကာင္ေၾကာင္နိုင္တဲ့လုပ္ရပ္ေတြကို လုပ္တတ္တဲ့လူအမ်ားစုေတြလည္းရွိေနၾကအုန္းမွာပါ။

Jasmine (Mckzone Daily)

Source: elitereaders

Unicode

လေဆိပ်မှာထူးဆန်းစွာလမ်းလျှောက်နေခဲ့တဲ့ အိန္ဒိယနိုင်ငံသားတစ်ဦးအား သက်ဆိုင်ရာအရာရှိများက တားဆီးခဲ့ကြပြီးနောက် အဆိုပါအမျိုးသားရဲ့ဖင်ထဲမှာ ရွှေချောင်းတချို့ပါရှိနေကြောင်းကို သိရှိခဲ့ရပါတယ်။အာဏာပိုင်များကအမည်မဖော်ပြခဲ့တဲ့ထိုအမျိုးသားဟာ Go Air Dubai-Kerala လေယာဉ်ခရီးစဉ်ဖြင့်ရောက်ရှိလာခဲ့ပြီး လုံခြုံရေးနှင့်လေကြောင်းထောက်လှမ်းရေးအဖွဲ့ (AIU)အရာရှိများက သူ့ရဲ့ထူးဆန်းစွာလမ်းလျှောက်နေပုံကိုသတိပြုမိကြတဲ့အခါ သူ့ဆီချက်ချင်းချဉ်းကပ်ခဲ့ပြီး လုံခြုံစိတ်ချရတဲ့နေရာတစ်ခုသို့ခေါ်ဆောင်သွားခဲ့ကြပါတယ်။သူဟာ အံ့ဩစရာကောင်းလောက်အောင် သူရဲ့တင်ပါးဆုံနားမှာ စုစုပေါင်းအလေးချိန် ၁၄၇၀ ဂရမ်ရှိတဲ့ရွှေချောင်းတွေကိုဖွက်ထားခဲ့ကြောင်း အရာရှိများက သိရှိအတည်ပြုခဲ့ကြပါတယ်။ထိုအမျိုးသားဟာ Kannur အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ၁၈% အခွန်ပေးဆောင်ခြင်းမရှိဘဲ ရွှေချောင်းတွေကိုမှောင်ခိုသယ်ဆောင်ရန်ကြိုးစားနေပုံရပါတယ်။

AIUက”ဒူဘိုင်းမှလေယာဉ်ခရီးစဉ်အမှတ် G8 4013ဖြင့် စီးနှင်းလာတဲ့ခရီးသည်တစ်ဦးထံမှ သူ့ရဲ့စအိုထဲဖွက်လာတဲ့၁၄၇၀ ဂရမ်ရှိတဲ့ရွှေချောင်းများကို AIUကသိမ်းဆည်းရမိ”ဟု သိမ်းဆည်းရမိတဲ့ရွှေချောင်းပုံနှင့်တကွ onlineမှာ မျှဝေခဲ့တာကြောင့် လူသိများသွားခဲ့ပါတယ်။Netizen အများစုက အဆိုပါအမျိုးသားရဲ့စတန့်အဆန်းကြောင့် စိတ်ရှုပ်ထွေးသွားခဲ့ပြီး တချို့တွေက သူရဲ့ဖင်ထဲကို ဘယ်လိုတောင် ထည့်ပြီး ဖွက်နိုင်ရကြောင်းဆိုတဲ့ မေးခွန်းတွေမေးခဲ့ကြပါတယ်။နည်းတဲ့အလေးချိန်ကြီးမဟုတ်တဲ့ ရွှေချောင်းတွေကိုဖင်ထဲထည့်ကာ လေဆိပ်တစ်ဝိုက်လမ်းလျှောက်နေတဲ့ ဘယ်လောက်များတောင်နေရခက်နေမဲ့အဆိုပါအမျိုးသားရဲ့ပုံရိပ်ကို မြင်ယောင်ကြည့်မိပါလား။အခွန်လွတ်ရန်အတွက် အဆိုပါအမျိုးသားကဲ့သို့ ပေါကြောင်ကြောင်နိုင်တဲ့လုပ်ရပ်တွေကို လုပ်တတ်တဲ့လူအများစုတွေလည်းရှိနေကြအုန်းမှာပါ။

Jasmine (Mckzone Daily)

  • Leave a Comment