နားတစ္ဖက္က ယား​ေနသလို႔ ၾကည့္လိုက္ခ်ိန္မွာမွ နားၾကပ္ထဲမွာအေမြးထူၿပီးအဆိပ္ျပင္းတဲ့ပင့္ကူကို ေတြ႔ခဲ့ရတဲ့အျဖစ္ (႐ုပ္သံ)

ဩစေၾတးလ်နိုင္ငံသားျဖစ္တဲ့ Olly Hurts ဟာသူ႔နားမွာယားေနတဲ့အရာတစ္ခုခုခံစားခဲ့ရတဲ့အတြက္ အလုပ္မွာအာ႐ုံစူးစိုက္ဖို့ခဲယဥ္းခဲ့ပါတယ္။ဒါေၾကာင့္ Hurts ဟာ သူ႔နားၾကပ္ေတြကိုခၽြတ္လိုက္ၿပီးေနာက္ သူရဲ့နားၾကပ္တစ္ဖက္ထဲမွာ ပင့္ကူတစ္ေကာင္ရွိေနတာကိုေတြ႕လိုက္ရပါတယ္။Hurts ျမင္ခဲ့တဲ့အရာဟာ တခ်ိဳ့သူေတြအတြက္အိပ္မက္ဆိုးလိုျဖစ္ေနနိုင္ေပမဲ့ သူကနည္းနည္းေလးေတာင္မေၾကာက္ခဲ့ပါဘူး။”ကၽြန္ေတာ္လုံးဝသိတယ္၊ ငါ့နားထဲမွာယားေနတဲ့အရာတစ္ခုခုခံစားမိတယ္။Hmm အလကား! “ဟုဆိုခဲ့ပါတယ္။သူမၽွေဝခဲ့တဲ့ ဗီဒီယိုတစ္ခုမွာ Hurts ဟာ arachnidပင့္ကူထြက္သြားေအာင္နားၾကပ္ကိုလွုပ္ခါခဲ့ေပမဲ့ပင့္ကူကေရြ႕ေတာင္မေရြ႕ခဲ့ပါဘူး။”ပင့္ကူကအျပင္ကိုထြက္မလာခ်င္ဘူး။သူကအဲဒီေနရာမွာေပ်ာ္ရႊင္ေနတယ္”ဟု Hurtsက ဆိုထားပါတယ္။

ဩစေၾတးလ်ရွိအဆိုပါပင့္ကူေတြဟာ အဆိပ္ျပင္းမုဆိုးပင့္ကူ သို့မဟုတ္ ဧရာမဂဏန္းပင့္ကူ လို့ေခၚၾကၿပီး အိမ္နံရံ ဒါမွမဟုတ္ ပလက္ေဖာင္းေတြေပၚတြားသြားတတ္တဲ့ အေမြးထူၿပီးအဆိပ္ျပင္းတဲ့ပင့္ကူလို့လည္းလူသိမ်ားပါတယ္။အမေတြရဲ့ခႏၶာကိုယ္ဟာ မ်ားေသာအားျဖင့္ ၂ စင္တီမီတာအရွည္ရွိၿပီးအထီးေတြမွာ ၁.၆ စင္တီမီတာသာရွိေၾကာင္းဩစေၾတးလ်ျပတိုက္အဆိုအရသိရပါတယ္။ဒါေပမဲ့ သူတို့ရဲ့ေျခေထာက္ဟာ ၁၅ စင္တီမီတာ သို့မဟုတ္ ၆ လက္မအထိရွိပါတယ္။သူတို့ဟာအင္းဆက္ပိုးမႊားေတြနဲ႔အျခားေက်ာရိုးမဲ့သတၱဝါေတြကို ဖမ္းယူစားသုံးၾကၿပီး ဧရာမဂဏန္းပင့္ကူေတြဟာ ေယဘုယ်အားျဖင့္ အႏၲရာယ္မရွိဟုယူဆထားၾကေပမဲ့လည္း အဆိပ္ျပင္းေနဆဲျဖစ္ၿပီးအကိုက္ခံရရင္ မေကာင္းတဲ့အက်ိဳးဆက္ကိုလည္းခံစားရနိုင္ပါတယ္။

ဗီဒီယိုအဆုံးမွာေတာ့ Hurtsက မေၾကာက္မလန္႔နဲ႔ရယ္ေမာၿပီးနားၾကပ္ကိုေျမေပၚပစ္ခ်လိုက္ပါေသးတယ္။အဆိုပါဗီဒီယိုကိုၾကည့္တဲ့အင္တာနက္အသုံးျပဳသူေတြဟာ”အိုး .. ဘုရားဘုရား..ငါဆိုေအာ္ဟစ္ၿပီးေတာ့သူတို့နဲ႔ေဝးရာကိုေျပးထြက္သြားမိလိမ့္မယ္”၊”ခင္ဗ်ားရဲ့နားၾကပ္ထဲကအရာကိုျမင္တဲ့အခါ ခင္ဗ်ားႏွလုံးေရာဂါမျဖစ္ခဲ့ဘူးဆိုတာကိုအံ့ၾသမိတယ္”၊”နားၾကပ္အသစ္ေတြဝယ္ၿပီး ပင့္ကူကိုသူ႔အိမ္အသစ္ေဆာက္ခြင့္ျပဳလိုက္ပါ”စတဲ့ မွတ္ခ်က္မ်ားစြာကိုေပးခဲ့ၾကပါတယ္။ကံေကာင္းေထာက္မစြာနဲ႔ ဩစေၾတးလ်အဆိပ္ျပင္းပင့္ကူဟာ Hurtsကို ကိုက္ဖို့တြန႔္ဆုတ္ေနခဲ့ၿပီးသာမန္အားျဖင့္ပင့္ကူေတြဟာ ရန္လိုျခင္းထက္ ထြက္ေျပးတာ၊ပုန္းေနတတ္တာကို ပိုျပဳလုပ္တတ္ၾကပါတယ္။

Jasmine (Mckzone Daily)

Source: elitereaders

Unicode

ဩစတြေးလျနိုင်ငံသားဖြစ်တဲ့ Olly Hurts ဟာသူ့နားမှာယားနေတဲ့အရာတစ်ခုခုခံစားခဲ့ရတဲ့အတွက် အလုပ်မှာအာရုံစူးစိုက်ဖို့ခဲယဉ်းခဲ့ပါတယ်။ဒါကြောင့် Hurts ဟာ သူ့နားကြပ်တွေကိုချွတ်လိုက်ပြီးနောက် သူရဲ့နားကြပ်တစ်ဖက်ထဲမှာ ပင့်ကူတစ်ကောင်ရှိနေတာကိုတွေ့လိုက်ရပါတယ်။Hurts မြင်ခဲ့တဲ့အရာဟာ တချို့သူတွေအတွက်အိပ်မက်ဆိုးလိုဖြစ်နေနိုင်ပေမဲ့ သူကနည်းနည်းလေးတောင်မကြောက်ခဲ့ပါဘူး။”ကျွန်တော်လုံးဝသိတယ်၊ ငါ့နားထဲမှာယားနေတဲ့အရာတစ်ခုခုခံစားမိတယ်။Hmm အလကား! “ဟုဆိုခဲ့ပါတယ်။သူမျှဝေခဲ့တဲ့ ဗီဒီယိုတစ်ခုမှာ Hurts ဟာ arachnidပင့်ကူထွက်သွားအောင်နားကြပ်ကိုလှုပ်ခါခဲ့ပေမဲ့ပင့်ကူကရွေ့တောင်မရွေ့ခဲ့ပါဘူး။”ပင့်ကူကအပြင်ကိုထွက်မလာချင်ဘူး။သူကအဲဒီနေရာမှာပျော်ရွှင်နေတယ်”ဟု Hurtsက ဆိုထားပါတယ်။

ဩစတြေးလျရှိအဆိုပါပင့်ကူတွေဟာ အဆိပ်ပြင်းမုဆိုးပင့်ကူ သို့မဟုတ် ဧရာမဂဏန်းပင့်ကူ လို့ခေါ်ကြပြီး အိမ်နံရံ ဒါမှမဟုတ် ပလက်ဖောင်းတွေပေါ်တွားသွားတတ်တဲ့ အမွေးထူပြီးအဆိပ်ပြင်းတဲ့ပင့်ကူလို့လည်းလူသိများပါတယ်။အမတွေရဲ့ခန္ဓာကိုယ်ဟာ များသောအားဖြင့် ၂ စင်တီမီတာအရှည်ရှိပြီးအထီးတွေမှာ ၁.၆ စင်တီမီတာသာရှိကြောင်းဩစတြေးလျပြတိုက်အဆိုအရသိရပါတယ်။ဒါပေမဲ့ သူတို့ရဲ့ခြေထောက်ဟာ ၁၅ စင်တီမီတာ သို့မဟုတ် ၆ လက်မအထိရှိပါတယ်။သူတို့ဟာအင်းဆက်ပိုးမွှားတွေနဲ့အခြားကျောရိုးမဲ့သတ္တဝါတွေကို ဖမ်းယူစားသုံးကြပြီး ဧရာမဂဏန်းပင့်ကူတွေဟာ ယေဘုယျအားဖြင့် အန္တရာယ်မရှိဟုယူဆထားကြပေမဲ့လည်း အဆိပ်ပြင်းနေဆဲဖြစ်ပြီးအကိုက်ခံရရင် မကောင်းတဲ့အကျိုးဆက်ကိုလည်းခံစားရနိုင်ပါတယ်။

ဗီဒီယိုအဆုံးမှာတော့ Hurtsက မကြောက်မလန့်နဲ့ရယ်မောပြီးနားကြပ်ကိုမြေပေါ်ပစ်ချလိုက်ပါသေးတယ်။အဆိုပါဗီဒီယိုကိုကြည့်တဲ့အင်တာနက်အသုံးပြုသူတွေဟာ”အိုး .. ဘုရားဘုရား..ငါဆိုအော်ဟစ်ပြီးတော့သူတို့နဲ့ဝေးရာကိုပြေးထွက်သွားမိလိမ့်မယ်”၊”ခင်ဗျားရဲ့နားကြပ်ထဲကအရာကိုမြင်တဲ့အခါ ခင်ဗျားနှလုံးရောဂါမဖြစ်ခဲ့ဘူးဆိုတာကိုအံ့သြမိတယ်”၊”နားကြပ်အသစ်တွေဝယ်ပြီး ပင့်ကူကိုသူ့အိမ်အသစ်ဆောက်ခွင့်ပြုလိုက်ပါ”စတဲ့ မှတ်ချက်များစွာကိုပေးခဲ့ကြပါတယ်။ကံကောင်းထောက်မစွာနဲ့ ဩစတြေးလျအဆိပ်ပြင်းပင့်ကူဟာ Hurtsကို ကိုက်ဖို့တွန့်ဆုတ်နေခဲ့ပြီးသာမန်အားဖြင့်ပင့်ကူတွေဟာ ရန်လိုခြင်းထက် ထွက်ပြေးတာ၊ပုန်းနေတတ်တာကို ပိုပြုလုပ်တတ်ကြပါတယ်။

Jasmine (Mckzone Daily)

  • Leave a Comment