COVID-19 လူနာေတြအတြက္ အားရပါးရကျပရင္း နာမည္ႀကီးသြားခဲ့တဲ့ ဆရာဝန္ (႐ုပ္သံ)

COVID-19 လူနာမ်ားအတြက္ ကခုန္ေဖ်ာ္ေျဖေပးခဲ့တဲ့ အိႏၵိယဆရာဝန္တစ္ဦးရဲ့ ဗြီဒီယိုဖိုင္ဟာ Twitter မွာပ်ံ႕ႏွံ့သြားခဲ့ပါတယ္။အိႏၵိယနိုင္ငံရွိ Silchar Medical College မွ မ်က္လုံး၊ႏွာေခါင္းႏွင့္လည္ေခ်ာင္း (ENT) ခြဲစိတ္ဆရာ၀န္ေဒါက္တာ Arup Senapati ဟာ ပုဂၢိဳလ္ေရးအကာအကြယ္ပစၥည္းကိရိယာမ်ား (PPE) ကိုဝတ္ဆင္ၿပီး ကကြက္မ်ားကိုအခက္အခဲမရွိဘဲ ကျပခဲ့ပါတယ္။ Arup ရဲ့ဗြီဒီယိုကိုမၽွေဝခဲ့တဲ့ေဒါက္တာ Syed Faizan Ahmad ဟာ “Arupဟာ COVID-19 လူနာမ်ားေရွ႕မွာကခုန္ေဖ်ာ္ေျဖေပးျခင္းအားျဖင့္ သူတို့အားေပ်ာ္ရႊင္မွုကိုခံစားေစတယ္” ဟုေျပာၾကားခဲ့ပါတယ္။ဗြီဒီယိုမွာေတာ့ Arup ဟာ ၂၀၁၉ခုႏွစ္ေဘာလီးဝုဒ္မွာhitျဖစ္ခဲ့တဲ့”War”႐ုပ္ရွင္ဇာတ္ကားရဲ့ဇာတ္ဝင္ဝင္ေတးသီခ်င္းတစ္ပုဒ္ျဖစ္တဲ့”Ghungroo”သီခ်င္းကို ဟန္ခ်က္ညီစြာ ကခုန္ေနတာကိုေတြ႕ရမွာပါ။အဆိုပါဗြီဒီယိုဟာ မၽွေဝၿပီး တစ္ပတ္အၾကာမွာေတာ့ ၾကည့္ရွူသူေပါင္း ၅.၃ သန္းရရွိထားၿပီးျဖစ္ပါတယ္။မ်ားစြာတဲ့လူေတြဟာ Arup ရဲ့အကစြမ္းရည္ကို ခ်ီးက်ဴးခဲ့ၾကပါတယ္။

အေရးႀကီးဆုံးက အခုလိုခက္ခဲတဲ့အခ်ိန္ေတြမွာ သူ႔ရဲတာဝန္ကိုခ်စ္ျမတ္နိုးျခင္းေၾကာင့္လည္းျဖစ္ပါတယ္။အင္တာနက္အသုံးျပဳသူေတြက”သူဟာအရမ္းေကာင္းတယ္။ဒီစမ္းသပ္မွုကာလမွာ သူႏွင့္ ေရွ႕တန္းစစ္သည္မ်ားအားလုံးကိုဂုဏ္ျပဳပါတယ္။ကၽြန္ေတာ္တို့အားလုံး ေက်းဇူးတင္ပါတယ္။”၊”ဒီလူကိုေလးစားတယ္၊ေလးလံတဲ့အဝတ္အစားကိုဝတ္ၿပီးအက ကျပခဲ့တယ္၊ေအးခ်မ္းေနတဲ့ရာသီဥတုနဲ႔ေဆး႐ုံမွာလုပ္ေနရတယ္၊အရမ္းေလးစားတယ္။”စတဲ့ ဂုဏ္ျပဳစကားမ်ားစြာကိုေရးသားေပးခဲ့ၾကပါတယ္။အခုလိုေရာဂါကာလမွာ ေရွ႕တန္းကေနကာကြယ္ေပးေနၾကတဲ့ေရွ႕တန္းစစ္သည္ေတြလည္း ေဒါက္တာ Arupလို စိတ္လြတ္ကိုယ္လြတ္ကခုန္ရင္း စိတ္၊ခႏၶာကိုယ္ပင္ပန္းႏြမ္းနယ္မွုေတြနည္းနည္းေလးဘဲျဖစ္ျဖစ္ ေျပေပ်ာက္သြားနိုင္မယ္လို့လည္း ေမၽွာ္လင့္မိသလို ေရာဂါေဝသနာခံစားေနၾကရတဲ့ လူနာေတြလည္း စိတ္ဓါတ္ႀကံခိုင္စြာ အားတင္းထားနိုင္ပါေစလို့လည္း ဆုေတာင္းေနမိပါတယ္။

Jasmine (Mckzone Daily)

Source: nextshark

Unicode

COVID-19 လူနာများအတွက် ကခုန်ဖျော်ဖြေပေးခဲ့တဲ့ အိန္ဒိယဆရာဝန်တစ်ဦးရဲ့ ဗွီဒီယိုဖိုင်ဟာ Twitter မှာပျံ့နှံ့သွားခဲ့ပါတယ်။အိန္ဒိယနိုင်ငံရှိ Silchar Medical College မှ မျက်လုံး၊နှာခေါင်းနှင့်လည်ချောင်း (ENT) ခွဲစိတ်ဆရာဝန်ဒေါက်တာ Arup Senapati ဟာ ပုဂ္ဂိုလ်ရေးအကာအကွယ်ပစ္စည်းကိရိယာများ (PPE) ကိုဝတ်ဆင်ပြီး ကကွက်များကိုအခက်အခဲမရှိဘဲ ကပြခဲ့ပါတယ်။ Arup ရဲ့ဗွီဒီယိုကိုမျှဝေခဲ့တဲ့ဒေါက်တာ Syed Faizan Ahmad ဟာ “Arupဟာ COVID-19 လူနာများရှေ့မှာကခုန်ဖျော်ဖြေပေးခြင်းအားဖြင့် သူတို့အားပျော်ရွှင်မှုကိုခံစားစေတယ်” ဟုပြောကြားခဲ့ပါတယ်။ဗွီဒီယိုမှာတော့ Arup ဟာ ၂၀၁၉ခုနှစ်ဘောလီးဝုဒ်မှာhitဖြစ်ခဲ့တဲ့”War”ရုပ်ရှင်ဇာတ်ကားရဲ့ဇာတ်ဝင်ဝင်တေးသီချင်းတစ်ပုဒ်ဖြစ်တဲ့”Ghungroo”သီချင်းကို ဟန်ချက်ညီစွာ ကခုန်နေတာကိုတွေ့ရမှာပါ။အဆိုပါဗွီဒီယိုဟာ မျှဝေပြီး တစ်ပတ်အကြာမှာတော့ ကြည့်ရှူသူပေါင်း ၅.၃ သန်းရရှိထားပြီးဖြစ်ပါတယ်။များစွာတဲ့လူတွေဟာ Arup ရဲ့အကစွမ်းရည်ကို ချီးကျူးခဲ့ကြပါတယ်။

အရေးကြီးဆုံးက အခုလိုခက်ခဲတဲ့အချိန်တွေမှာ သူ့ရဲတာဝန်ကိုချစ်မြတ်နိုးခြင်းကြောင့်လည်းဖြစ်ပါတယ်။အင်တာနက်အသုံးပြုသူတွေက”သူဟာအရမ်းကောင်းတယ်။ဒီစမ်းသပ်မှုကာလမှာ သူနှင့် ရှေ့တန်းစစ်သည်များအားလုံးကိုဂုဏ်ပြုပါတယ်။ကျွန်တော်တို့အားလုံး ကျေးဇူးတင်ပါတယ်။”၊”ဒီလူကိုလေးစားတယ်၊လေးလံတဲ့အဝတ်အစားကိုဝတ်ပြီးအက ကပြခဲ့တယ်၊အေးချမ်းနေတဲ့ရာသီဥတုနဲ့ဆေးရုံမှာလုပ်နေရတယ်၊အရမ်းလေးစားတယ်။”စတဲ့ ဂုဏ်ပြုစကားများစွာကိုရေးသားပေးခဲ့ကြပါတယ်။အခုလိုရောဂါကာလမှာ ရှေ့တန်းကနေကာကွယ်ပေးနေကြတဲ့ရှေ့တန်းစစ်သည်တွေလည်း ဒေါက်တာ Arupလို စိတ်လွတ်ကိုယ်လွတ်ကခုန်ရင်း စိတ်၊ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်မှုတွေနည်းနည်းလေးဘဲဖြစ်ဖြစ် ပြေပျောက်သွားနိုင်မယ်လို့လည်း မျှော်လင့်မိသလို ရောဂါဝေသနာခံစားနေကြရတဲ့ လူနာတွေလည်း စိတ်ဓါတ်ကြံခိုင်စွာ အားတင်းထားနိုင်ပါစေလို့လည်း ဆုတောင်းနေမိပါတယ်။

Jasmine (Mckzone Daily)

  • Leave a Comment