လမ္းေလၽွာက္လို႔မရေတာ့တဲ့ သူငယ္ခ်င္းကို ေန႔တိုင္းေက်ာပိုးၿပီး ေက်ာင္းအတူသြားခဲ့တဲ့ ေကာင္ေလး (႐ုပ္သံ)

ကၽြန္ေတာ္တို့အားလုံးဟာ တစ္ခါတစ္ရံအခက္အခဲေတြၾကဳံလာတဲ့အခါ အႏွီးဆုံးသူငယ္ခ်င္းရဲ့အကူအညီကို ပိုလိုလားတတ္ၾကပါတယ္။တ႐ုတ္နိုင္ငံ Sichuanျပည္နယ္ Meishanၿမိဳ့ရွိ ၁၂ႏွစ္အရြယ္ Xu Bingyang ဟာ လမ္းေလၽွာက္လို့မရတဲ့ႂကြက္သားေဝဒနာကိုခံစားေနရတဲ့သူငယ္ခ်င္း Zhang Ze ကို ပထမတန္းစတက္ကတည္းက ကိုယ္တိုင္ကုန္းပိုးကာ ေန႔တိုင္းေက်ာင္းအတူတူတက္ခဲ့ၾကပါတယ္။အေလးအနက္ထားတတ္တဲ့LAD လူငယ္ Xu ဟာ ခ်စ္ရတဲ့သူငယ္ခ်င္းကို သင္ခန္းစာမ်ားအစ၊ေက်ာင္းသြားေက်ာင္းျပန္ ႏွင့္ ေန႔လည္စာစားဖို့အဆုံးအေသးစိတ္ကူညီေပးခဲ့ပါတယ္။Xu ဟာ Zhangရဲ့ပညာေရးအတြက္လိုအပ္သမၽွကိုကူညီေပးၿပီး အဲ့လိုလုပ္ေပးျခင္းကသူ႔အတြက္ အဆင္မေျပမွုေတြလည္းမရွိပုံရပါတယ္။

“ကၽြန္ေတာ့္အေလးခ်ိန္က (၄၀) ကီလိုဂရမ္ (၈၈ ေပါင္)ထက္ပိုေနေပမဲ့Zhang Ze ရဲ့အေလးခ်ိန္က၂၅ ကီလိုဂရမ္ (၅၅ ေပါင္)ဘဲရွိတာေၾကာင့္ သူ႔ကိုသယ္ရတာအဆင္ေျပပါတယ္”ဟု Xu က MailOnline မွတစ္ဆင့္ရွင္းျပထားပါတယ္။“Xu Bingyangက ကၽြန္ေတာ့္အတြက္အေကာင္းဆုံးျဖစ္ၿပီးအလြန္အေရးပါတဲ့ သူငယ္ခ်င္းပါ။ေန႔တိုင္းသူနဲ႔ကၽြန္ေတာ္အတူရွိေနၿပီးစာေလ့လာတယ္၊စကားေျပာတယ္၊အတူကစားတယ္”ဟု Zhang ကဆိုထားပါတယ္။Zhang ဟာ အသက္၄ႏွစ္အရြယ္တုန္းက ေျခေထာက္ႂကြက္သားေတြကို ထိန္းခ်ဳပ္နိုင္စြမ္းမရွိေတာ့တဲ့ေရာဂါလကၡဏာကိုခံစားရၿပီးေနာက္ သူဟာလမ္းမေလၽွာက္နိုင္ေတာ့ပါဘူး။ဒါေပမဲ့ကံေကာင္းေထာက္မစြာနဲ႔ သူငယ္ခ်င္းေကာင္းရဲ့ၾကင္နာမွုေၾကာင့္ ေက်ာင္းျပန္တက္နိုင္ခဲ့ပါတယ္။

တစ္စုံတစ္ေယာက္ကို တစ္ေန႔လုံးနီးပါးသယ္ေဆာင္သြားလာျခင္းဟာ မလြယ္ကူပါဘူး။ဒါေပမဲ့ Xu ဟာ ေပ်ာ္ရႊင္စြာလုပ္ေဆာင္ေပးခဲ့ၿပီး သူတတ္နိုင္သေလာက္ကူညီေပးရန္မွာသူ႔တာဝန္သာျဖစ္ေၾကာင္းခံယူထားပါေသးတယ္။Xu ဟာ Chengdu စီးပြါးေရးသတင္းခ်န္နယ္မွ “ငါကသူ႔ထက္ႀကီးတယ္။ငါသာသူ႔ကိုမကူညီရင္ဘယ္သူမွကူညီမွာ မဟုတ္ဘူး” လို့ေျဖၾကားခဲ့ပါတယ္။Xu ဟာ ရင့္က်က္ၿပီးအလုပ္အေပၚႀကိဳးစားအားထုတ္တတ္ေၾကာင္း၊ေကာင္းမြန္တဲ့အေလ့အက်င့္ေတြကိုျပဳလုပ္ေလ့ရွိၿပီး ဆရာေတြႏွင့္အတန္းေဖာ္ေတြဆီ ဘယ္ေသာအခါမွ တိုင္ၾကားျခင္းမရွိခဲ့ေၾကာင္း ဆရာျဖစ္သူက ေျဖၾကားခဲ့ပါတယ္။သူတို့ႏွစ္ဦးရဲ့ သူငယ္ခ်င္းသံေယာဇဥ္ေတြကို ထိုးေဖာက္သိျမင္ေနရၿပီး Xiရဲ့ ၾကင္နာၿပီးတာဝန္ယူတတ္တဲ့စိတ္ထားေလးကိုလည္း ဂုဏ္ယူခ်ီးက်ဴးမိပါတယ္။

Jasmine (Mckzone Daily)

Source: ladbible

Unicode

ကျွန်တော်တို့အားလုံးဟာ တစ်ခါတစ်ရံအခက်အခဲတွေကြုံလာတဲ့အခါ အနှီးဆုံးသူငယ်ချင်းရဲ့အကူအညီကို ပိုလိုလားတတ်ကြပါတယ်။တရုတ်နိုင်ငံ Sichuanပြည်နယ် Meishanမြို့ရှိ ၁၂နှစ်အရွယ် Xu Bingyang ဟာ လမ်းလျှောက်လို့မရတဲ့ကြွက်သားဝေဒနာကိုခံစားနေရတဲ့သူငယ်ချင်း Zhang Ze ကို ပထမတန်းစတက်ကတည်းက ကိုယ်တိုင်ကုန်းပိုးကာ နေ့တိုင်းကျောင်းအတူတူတက်ခဲ့ကြပါတယ်။အလေးအနက်ထားတတ်တဲ့LAD လူငယ် Xu ဟာ ချစ်ရတဲ့သူငယ်ချင်းကို သင်ခန်းစာများအစ၊ကျောင်းသွားကျောင်းပြန် နှင့် နေ့လည်စာစားဖို့အဆုံးအသေးစိတ်ကူညီပေးခဲ့ပါတယ်။Xu ဟာ Zhangရဲ့ပညာရေးအတွက်လိုအပ်သမျှကိုကူညီပေးပြီး အဲ့လိုလုပ်ပေးခြင်းကသူ့အတွက် အဆင်မပြေမှုတွေလည်းမရှိပုံရပါတယ်။

“ကျွန်တော့်အလေးချိန်က (၄၀) ကီလိုဂရမ် (၈၈ ပေါင်)ထက်ပိုနေပေမဲ့Zhang Ze ရဲ့အလေးချိန်က၂၅ ကီလိုဂရမ် (၅၅ ပေါင်)ဘဲရှိတာကြောင့် သူ့ကိုသယ်ရတာအဆင်ပြေပါတယ်”ဟု Xu က MailOnline မှတစ်ဆင့်ရှင်းပြထားပါတယ်။“Xu Bingyangက ကျွန်တော့်အတွက်အကောင်းဆုံးဖြစ်ပြီးအလွန်အရေးပါတဲ့ သူငယ်ချင်းပါ။နေ့တိုင်းသူနဲ့ကျွန်တော်အတူရှိနေပြီးစာလေ့လာတယ်၊စကားပြောတယ်၊အတူကစားတယ်”ဟု Zhang ကဆိုထားပါတယ်။Zhang ဟာ အသက်၄နှစ်အရွယ်တုန်းက ခြေထောက်ကြွက်သားတွေကို ထိန်းချုပ်နိုင်စွမ်းမရှိတော့တဲ့ရောဂါလက္ခဏာကိုခံစားရပြီးနောက် သူဟာလမ်းမလျှောက်နိုင်တော့ပါဘူး။ဒါပေမဲ့ကံကောင်းထောက်မစွာနဲ့ သူငယ်ချင်းကောင်းရဲ့ကြင်နာမှုကြောင့် ကျောင်းပြန်တက်နိုင်ခဲ့ပါတယ်။

တစ်စုံတစ်ယောက်ကို တစ်နေ့လုံးနီးပါးသယ်ဆောင်သွားလာခြင်းဟာ မလွယ်ကူပါဘူး။ဒါပေမဲ့ Xu ဟာ ပျော်ရွှင်စွာလုပ်ဆောင်ပေးခဲ့ပြီး သူတတ်နိုင်သလောက်ကူညီပေးရန်မှာသူ့တာဝန်သာဖြစ်ကြောင်းခံယူထားပါသေးတယ်။Xu ဟာ Chengdu စီးပွါးရေးသတင်းချန်နယ်မှ “ငါကသူ့ထက်ကြီးတယ်။ငါသာသူ့ကိုမကူညီရင်ဘယ်သူမှကူညီမှာ မဟုတ်ဘူး” လို့ဖြေကြားခဲ့ပါတယ်။Xu ဟာ ရင့်ကျက်ပြီးအလုပ်အပေါ်ကြိုးစားအားထုတ်တတ်ကြောင်း၊ကောင်းမွန်တဲ့အလေ့အကျင့်တွေကိုပြုလုပ်လေ့ရှိပြီး ဆရာတွေနှင့်အတန်းဖော်တွေဆီ ဘယ်သောအခါမှ တိုင်ကြားခြင်းမရှိခဲ့ကြောင်း ဆရာဖြစ်သူက ဖြေကြားခဲ့ပါတယ်။သူတို့နှစ်ဦးရဲ့ သူငယ်ချင်းသံယောဇဉ်တွေကို ထိုးဖောက်သိမြင်နေရပြီး Xiရဲ့ ကြင်နာပြီးတာဝန်ယူတတ်တဲ့စိတ်ထားလေးကိုလည်း ဂုဏ်ယူချီးကျူးမိပါတယ်။

Jasmine (Mckzone Daily)

  • Leave a Comment