ကိုးရီးယားမင္းသား Park Seo Joon ကို အ႐ူးအမူးစြဲလမ္းတဲ့ အသက္ 70 အရြယ္ အဘြားအိုရဲ႕ ေမြးေန႔ပြဲ

ေဆာင္းဦးရြက္ေႂကြခ်စ္သက္ေသဇာတ္ကားအား ကမၻာအႏွံ့ကိုမိတ္ဆက္ေပးလိုက္ၿပီးကတည္းက လူေတြဟာကိုရီးယားနိုင္ငံအေၾကာင္းကို ပိုစိတ္ဝင္တစားရွိလာခဲ့ၾကပါတယ္။ယေန႔ေခတ္မွာေတာ့ မ်ိဳးစုံတဲ့ကိုရီးယားရွိုးပြဲေတြကို onlineေပၚသို့မဟုတ္K-drama ေတြကိုလည္းတီဗီမွာၾကည့္ရွုနိုင္ေနပါၿပီ။K-wave ဟာ ကမၻာႀကီးကိုလႊမ္းမိုးလာတာနဲ႔အမၽွ ဖိလစ္ပိုင္နိုင္ငံရွိ Aurelia လို့ေခၚတဲ့ အသက္၇၀ႏွစ္အရြယ္အဘြားတစ္ဦးဟာ ကိုရီးယားမင္းသား Park Seo-Joon ရဲ့အာမာခံပရိသတ္တစ္ဦးျဖစ္လာခဲ့ပါတယ္။ေအာက္တိုဘာ ၁၅ ရက္ေန႔တြင္သမီးျဖစ္သူ Mel Galarrita Menes ဟာ မိခင္ Aureliaရဲ့ အသက္ ၇၀ ျပည့္ေမြးေန႔အားကိုးရီးယားမင္းသား Park Seo-Joon ရဲ့ပုံတူအ႐ုပ္ေတြႏွင့္ဓာတ္ပုံမ်ားစြာျဖင့္ ေမြးေန႔ပါတီက်င္းပ ေပးခဲ့ပုံကို သူမရဲ့ Facebook ေပၚမၽွေဝခဲ့ၿပီးေနာက္မွာေတာ့ ကမၻာတဝွမ္းရွိပရိသတ္ေတြရဲ့အာ႐ုံစူးစိုက္မွုမ်ားစြာကို ရရွိခဲ့ပါတယ္။ယခုႏွစ္ေရာဂါျဖစ္ပြါးမွုေၾကာင့္ Melဟာ မိခင္အားအခ်ိန္မေပးနိုင္ခဲ့တဲ့အတြက္ေၾကာင့္ မိခင္ျဖစ္သူအား Park Seo Joon မင္းသားႏွင့္အံ့အားသင့္သြားေစမဲ့ပါတီတစ္ခုျပဳလုပ္ေပးရန္ဆုံးျဖတ္ခဲ့ၿပီးေနာက္ သူငယ္ခ်င္းမ်ားႏွင့္မိသားစုအားလုံးဟာ မိခင္ျဖစ္သူႏွင့္အတူေပ်ာ္ရႊင္စြာပါ၀င္ဆင္ႏႊဲခဲ့ၾကပါတယ္။

အစ္ကိုျဖစ္သူCarlo ဟာ မိခင္ႏွင့္အတူရွိေနေပးခဲ့ကာ အစ္ကိုျဖစ္သူPaoloမွာေတာ့ အဆင္တန္ဆာနဲ႔အစားအေသာက္ေတြအတြက္ ေငြေပးေခ်ေပးခဲ့ၿပီး Mel အတြက္လွပခမ္းနားတဲ့ဗီဒီယိုကိုတည္းျဖတ္ေပးခဲ့တာေၾကာင့္ Aureliaရဲ့ဗီဒီယိုဟာအင္တာနက္ထိပ္ဆုံးေပၚသို့ေရာက္သြားခဲ့ပါတယ္။ပရိသတ္ေတြဟာ Melအား ပါတီပြဲရွိ Park Seo Joon ရဲ့ပုံတူအ႐ုပ္ကိုေပးနိုင္မလားဟုေမးေတာ့ သူမက Park Seo Joonပုံတူအ႐ုပ္ဟာ အေမျဖစ္သူရဲ့အခန္းမွာသာ ေနထိုင္ေၾကာင္း ျပန္လည္ေျဖၾကားခဲ့ပါတယ္။Quarantine ကာလမွာ မိခင္ျဖစ္သူဟာ တစ္ေန႔ Park Seo Joon မင္းသားနဲ႔ေတြ႕ဆုံျဖစ္ရင္ စကားေျပာနိုင္ရန္ ကိုးရီးယားဘာသာစကားကိုေလ့လာေနေၾကာင္း ထပ္မံေျပာဆိုခဲ့ပါတယ္။“ Park Seo Joon ကသူမကိုႏုပ်ိဳေစတယ္ ”ဟု Aurelia ကေျပာထားပါေသးတယ္။

Jasmine (Mckzone Daily)

Source: worldofbuzz

5

6

7

8

9

10

Unicode

ဆောင်းဦးရွက်ကြွေချစ်သက်သေဇာတ်ကားအား ကမ္ဘာအနှံ့ကိုမိတ်ဆက်ပေးလိုက်ပြီးကတည်းက လူတွေဟာကိုရီးယားနိုင်ငံအကြောင်းကို ပိုစိတ်ဝင်တစားရှိလာခဲ့ကြပါတယ်။ယနေ့ခေတ်မှာတော့ မျိုးစုံတဲ့ကိုရီးယားရှိုးပွဲတွေကို onlineပေါ်သို့မဟုတ်K-drama တွေကိုလည်းတီဗီမှာကြည့်ရှုနိုင်နေပါပြီ။K-wave ဟာ ကမ္ဘာကြီးကိုလွှမ်းမိုးလာတာနဲ့အမျှ ဖိလစ်ပိုင်နိုင်ငံရှိ Aurelia လို့ခေါ်တဲ့ အသက်၇၀နှစ်အရွယ်အဘွားတစ်ဦးဟာ ကိုရီးယားမင်းသား Park Seo-Joon ရဲ့အာမာခံပရိသတ်တစ်ဦးဖြစ်လာခဲ့ပါတယ်။အောက်တိုဘာ ၁၅ ရက်နေ့တွင်သမီးဖြစ်သူ Mel Galarrita Menes ဟာ မိခင် Aureliaရဲ့ အသက် ၇၀ ပြည့်မွေးနေ့အားကိုးရီးယားမင်းသား Park Seo-Joon ရဲ့ပုံတူအရုပ်တွေနှင့်ဓာတ်ပုံများစွာဖြင့် မွေးနေ့ပါတီကျင်းပ ပေးခဲ့ပုံကို သူမရဲ့ Facebook ပေါ်မျှဝေခဲ့ပြီးနောက်မှာတော့ ကမ္ဘာတဝှမ်းရှိပရိသတ်တွေရဲ့အာရုံစူးစိုက်မှုများစွာကို ရရှိခဲ့ပါတယ်။ယခုနှစ်ရောဂါဖြစ်ပွါးမှုကြောင့် Melဟာ မိခင်အားအချိန်မပေးနိုင်ခဲ့တဲ့အတွက်ကြောင့် မိခင်ဖြစ်သူအား Park Seo Joon မင်းသားနှင့်အံ့အားသင့်သွားစေမဲ့ပါတီတစ်ခုပြုလုပ်ပေးရန်ဆုံးဖြတ်ခဲ့ပြီးနောက် သူငယ်ချင်းများနှင့်မိသားစုအားလုံးဟာ မိခင်ဖြစ်သူနှင့်အတူပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

အစ်ကိုဖြစ်သူCarlo ဟာ မိခင်နှင့်အတူရှိနေပေးခဲ့ကာ အစ်ကိုဖြစ်သူPaoloမှာတော့ အဆင်တန်ဆာနဲ့အစားအသောက်တွေအတွက် ငွေပေးချေပေးခဲ့ပြီး Mel အတွက်လှပခမ်းနားတဲ့ဗီဒီယိုကိုတည်းဖြတ်ပေးခဲ့တာကြောင့် Aureliaရဲ့ဗီဒီယိုဟာအင်တာနက်ထိပ်ဆုံးပေါ်သို့ရောက်သွားခဲ့ပါတယ်။ပရိသတ်တွေဟာ Melအား ပါတီပွဲရှိ Park Seo Joon ရဲ့ပုံတူအရုပ်ကိုပေးနိုင်မလားဟုမေးတော့ သူမက Park Seo Joonပုံတူအရုပ်ဟာ အမေဖြစ်သူရဲ့အခန်းမှာသာ နေထိုင်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။Quarantine ကာလမှာ မိခင်ဖြစ်သူဟာ တစ်နေ့ Park Seo Joon မင်းသားနဲ့တွေ့ဆုံဖြစ်ရင် စကားပြောနိုင်ရန် ကိုးရီးယားဘာသာစကားကိုလေ့လာနေကြောင်း ထပ်မံပြောဆိုခဲ့ပါတယ်။“ Park Seo Joon ကသူမကိုနုပျိုစေတယ် ”ဟု Aurelia ကပြောထားပါသေးတယ်။

Jasmine (Mckzone Daily)

Be the first to comment on "ကိုးရီးယားမင္းသား Park Seo Joon ကို အ႐ူးအမူးစြဲလမ္းတဲ့ အသက္ 70 အရြယ္ အဘြားအိုရဲ႕ ေမြးေန႔ပြဲ"

Leave a comment

Your email address will not be published.


*