Homemade ေခါက္ဆြဲလုပ္စားၾကရင္း တစ္မိသားစုလံုး အဆိပ္သင့္ကာ ေသဆံုးခဲ့ရတဲ့အျဖစ္

ရက္လြန္ေနၿပီျဖစ္တဲ့ အစားအစာေတြဆိုရင္ လံုးဝကို စားသံုးရန္မသင့္ေတာ္ပါဘူးေလ ။ သို႔ေပမဲ့လည္း အခ်ိဳ႕ေသာသူေတြကေတာ့ အစားအေသာက္ေတြကို မစြန္႔ပစ္ျခင္လို႔ဆိုၿပီး ရက္လြန္ေနတဲ့ အစားအစာေတြကို ဆက္ၿပီး စားေသာက္ေနတာမ်ိဳး႐ွိပါတယ္ ။ ဒီတစ္ေခါက္မွာလည္း တ႐ုတ္ႏိုင္ငံ ၊ Jixi ၿမိဳ႕မွာ႐ွိတဲ့ မိသားစုဝင္ 9 ဦးဟာဆိုရင္ ေနအိမ္မွာ ေျပာင္းဖူးေခါက္ဆြဲလုပ္စားၾကရင္း အသက္ေသဆံုးသြားခဲ့ရပါတယ္ ။ မိသားစုဝင္အားလံုး 12 ေယာက္႐ွိၿပီး ၊ ကေလးငယ္ 3 ဦးကေတာ့ ေခါက္ဆြဲအရသာက ထူးဆန္းေနလို႔ဆိုၿပီး စားဖို႔ျငင္းခဲ့ၾကပါတယ္ ။ က်န္တဲ့ မိသားစုဝင္ 9 ဦးဟာ စားေသာက္ၿပီး နာရီအေတာ္ၾကာမွ အဆိပ္သင့္ကာ ေအာ့အန္ခဲ့ၾကၿပီး 8ဦးမွာေတာ့ October 11 ရက္ေန႔မွာ အသက္ေသဆံုးသြားခဲ့ပါတယ္ ။ က်န္ အသက္ 47 ႏွစ္ အမ်ိဳးသမီးမွာေတာ့ ေနာက္တစ္ရက္မွ အသက္ဆံုး႐ႈံးခဲ့ရတာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

အဆိုပါ ေခါက္ဆြဲလုပ္စားဖို႔အသံုးျပဳခဲ့တဲ့ ေအးခဲထားတဲ့ ဟင္းအမယ္ေတြဟာ သက္တမ္းကုန္ဆံုးၿပီး တစ္ႏွစ္နီးပါးၾကာ႐ွိေနၿပီျဖစ္တဲ့ အစားအစာမ်ားျဖစ္ေနေၾကာင္း စစ္ေဆးမႈအရသိ႐ွိရပါတယ္ ။ အဆိုပါအစားအစာကို လူေတြသာမက တိရစာၦန္ေတြစားေသာက္ခဲ့ရင္လည္း အဆိပ္ျပင္းလြန္းလို႔ ကုသႏိုင္မွာမဟုတ္ဘဲ ေသဆံုးႏိုင္တဲ့ အျဖစ္မ်ိဳးျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။ ဒါေၾကာင့္ သက္တမ္းကုန္ဆံုးေနၿပီျဖစ္တဲ့ အစားအေသာက္ေတြကို မႏွေျမာပဲ စြန္႔ပစ္ၾကဖို႔ သတိေပးေျပာဆိုလိုက္ရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ရက်လွန်နေပြီဖြစ်တဲ့ အစားအစာတွေဆိုရင် လုံးဝကို စားသုံးရန်မသင့်တော်ပါဘူးလေ ။ သို့ပေမဲ့လည်း အချို့သောသူတွေကတော့ အစားအသောက်တွေကို မစွန့်ပစ်ခြင်လို့ဆိုပြီး ရက်လွန်နေတဲ့ အစားအစာတွေကို ဆက်ပြီး စားသောက်နေတာမျိုးရှိပါတယ် ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံ ၊ Jixi မြို့မှာရှိတဲ့ မိသားစုဝင် 9 ဦးဟာဆိုရင် နေအိမ်မှာ ပြောင်းဖူးခေါက်ဆွဲလုပ်စားကြရင်း အသက်သေဆုံးသွားခဲ့ရပါတယ် ။ မိသားစုဝင်အားလုံး 12 ယောက်ရှိပြီး ၊ ကလေးငယ် 3 ဦးကတော့ ခေါက်ဆွဲအရသာက ထူးဆန်းနေလို့ဆိုပြီး စားဖို့ငြင်းခဲ့ကြပါတယ် ။ ကျန်တဲ့ မိသားစုဝင် 9 ဦးဟာ စားသောက်ပြီး နာရီအတော်ကြာမှ အဆိပ်သင့်ကာ အော့အန်ခဲ့ကြပြီး 8ဦးမှာတော့ October 11 ရက်နေ့မှာ အသက်သေဆုံးသွားခဲ့ပါတယ် ။ ကျန် အသက် 47 နှစ် အမျိုးသမီးမှာတော့ နောက်တစ်ရက်မှ အသက်ဆုံးရှုံးခဲ့ရတာဖြစ်ကြောင်း သိရှိရပါတယ် ။

အဆိုပါ ခေါက်ဆွဲလုပ်စားဖို့အသုံးပြုခဲ့တဲ့ အေးခဲထားတဲ့ ဟင်းအမယ်တွေဟာ သက်တမ်းကုန်ဆုံးပြီး တစ်နှစ်နီးပါးကြာရှိနေပြီဖြစ်တဲ့ အစားအစာများဖြစ်နေကြောင်း စစ်ဆေးမှုအရသိရှိရပါတယ် ။ အဆိုပါအစားအစာကို လူတွေသာမက တိရစ္ဆာန်တွေစားသောက်ခဲ့ရင်လည်း အဆိပ်ပြင်းလွန်းလို့ ကုသနိုင်မှာမဟုတ်ဘဲ သေဆုံးနိုင်တဲ့ အဖြစ်မျိုးဖြစ်ကြောင်း သိရှိရပါတယ် ။ ဒါကြောင့် သက်တမ်းကုန်ဆုံးနေပြီဖြစ်တဲ့ အစားအသောက်တွေကို မနှမြောပဲ စွန့်ပစ်ကြဖို့ သတိပေးပြောဆိုလိုက်ရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment