အရိုးကင္ဆာေရာဂါခံစားေနရေပမဲ့ ပတ္ဝန္းက်င္သန္႔ရွင္းေနေစဖို႔အတြက္ အမိႈက္ေတြလိုက္ေကာက္ေနခဲ့တဲ့အမ်ိဳးသား

မေလးရွားနိုင္ငံရွိ လမ္း၊ပန္းၿခံ၊ကမ္းေျခႏွင့္အျခား အမ်ားပိုင္ေနရာေတြရွိ အမွိုက္သရိုက္ေတြဟာ မေလးရွားယဥ္ေက်းမွုထဲကတစ္ခုလိုပါဝင္လာျခင္းမွာ မေလးရွားလူမ်ိဳးေတြအတြက္ အိမ္မက္ဆိုးႀကီးလိုျဖစ္ေနပါတယ္။အသက္၄၂ႏွစ္အရြယ္ မေလးအမ်ိဳးသားတစ္ဦးျဖစ္တဲ့ Umat Usmanေခၚ Pak Long ဟာ လမ္းေပၚ ျပန္႔က်ဲေနတဲ့အမွိုက္သရိုက္မ်ားလာတာကိုျမင္ေတာ့ စိတ္ခုကာ ပလပ္စတစ္အိတ္၊ဘူးခြံ စတဲ့ အမွိုက္ေတြကို ေကာက္ရင္း ဝင္ေငြပါရွာခဲ့ပါတယ္ ။Bernamaသတင္းအရ Pak Long ဟာ ဆုေတာင္းျခင္းအၿပီး Kuala Perlisကမ္းေျခတစ္ေလ်ာက္ ေန႔တိုင္း ကီလို၁၀အကြာအေဝးခန္႔ လမ္းေလၽွာက္ရင္းအမွိုက္သရိုက္စုေဆာင္းကာ သူ႔ရဲ့တစ္ေန႔တာကို စတင္ပါတယ္။”လူေတြကငါ့ကို အမွိုက္ေကာက္သမားလို့ေခၚရင္ ငါစိတ္အေႏွာက္အယွက္မျဖစ္ပါဘူး၊ဒါေပမဲ့ ငါ့မွာ အမွိုက္ေတြ စုေဆာင္းရတဲ့အေၾကာင္းျပခ်က္ေတြရွိတယ္။အမွိုက္ေကာက္တဲ့အလုပ္က အသုံးမက်ေပမဲ့ ပုလင္းေဟာင္းေတြ၊ဘူးခြံေတြနဲ႔ တျခားအမွိုက္ေတြကို ေရာင္းရင္ေတာ့ မင္းကို ဝင္ေငြအနည္းငယ္ရေစလိမ့္မယ္”ဟုဆိုထားပါတယ္။

သူဟာ လစဥ္ ပလပ္စတစ္ဘူးေတြနဲ႔ သံဘူးေတြကို ၁၁၆ကီလိုဂရမ္အထိ စုေဆာင္းနိုင္ၿပီး အဲဒီအတြက္ ရင္းဂစ္ ၂၀၃ခန္႔ရရွိၿပီး”အမွန္က အဲေလာက္ရင္းဂစ္ဘဲရတာ မတန္ဘူး။တျခားသူေတြအတြက္လည္း တန္မွာမဟုတ္ဘူး။ငါလတိုင္း စုေဆာင္းတဲ့အမွိုက္ေတြက ၁၀၀ကီလိုဂရမ္မွ ရင္းဂစ္၂၀၀ေလာက္ဘဲရနိုင္ေပမဲ့ စိတ္ေက်နပ္ေစတာတစ္ခုက ပတ္ဝန္းက်င္ကို တစ္ခ်ိန္တည္းကာကြယ္နိုင္တာကိုဘဲ”ဟု Pak Longကဆိုထားပါတယ္။သူဟာ အရိုးကင္ဆာေရာဂါေဝသနာခံစားေနရေပမဲ့ ကမၻာႀကီးကို ကယ္တင္ဖို့အတြက္ ပိုစိတ္အားထက္သန္ေနခဲ့ပါတယ္။သူဟာ အမွိုက္ကို စည္းကမ္းမရွိစြန္႔ပစ္ျခင္းက ပင္လယ္ျပင္ကို ညစ္ညမ္းေစနိုင္သလို ငါးဖမ္းသမားေတြအတြက္လည္း အခက္ေတြ႕ေစနိုင္တာေၾကာင့္ ကမ္းေျခရွိအမွိုက္ပစ္ေနၾကတာကို ရပ္တန႔္ေစရန္ အမ်ားျပည္သူအားႏွိုးေဆာ္ခဲ့ပါေသးတယ္။

“ဒီမွာ ငါးဖမ္းသမားတခ်ိဳ့ကသူတို့ငါးဖမ္းပိုက္ေတြထဲ ငါးထက္ အမွိုက္ပိုမ်ားလာတယ္လို့ ၿငီးျငဴလာၾကတယ္”ဟုဆိုထားပါေသးတယ္။Perlis ပတ္ဝန္းက်င္ဦးစီးဌာန(DOE)ဒါရိုက္တာ Azman Shah lsmailဟာ Pak Longရဲ့လုပ္ရပ္ေတြကို ခ်ီးက်ဴးေျပာဆိုခဲ့႐ုံသာမက သူ႔အတြက္ေဆးဖိုးဝါးခေတြပါလွူဒါန္းခဲ့ၿပီးပတ္ဝန္းက်င္ထိန္းသိမ္းမွုကို ျမႇင့္တင္ရန္လည္း လူထုအား တိုက္တြန္းခဲ့ပါတယ္။တကယ္ေတာ့ ပတ္ဝန္းက်င္ကို ထိန္းသိမ္းကာကြယ္ျခင္းဟာ ကၽြန္ေတာ္တို့လူသားအားလုံးရဲ့တာဝန္ဝတၱရားတစ္ခုဘဲျဖစ္ပါတယ္။ဒါေၾကာင့္ ကၽြန္ေတာ္တို့ကမၻာႀကီးကိုကာကြယ္နိုင္ရန္အတြက္ စာဖတ္သူတို့လည္း Pak Longလို့ မလုပ္နိုင္ခဲ့ရင္ေတာင္ နည္းနည္းေလးဘဲျဖစ္ျဖစ္ပါဝင္ပူးေပါင္းကူညီနိုင္မယ္လို့လည္း ေမၽွာ္လင့္မိပါတယ္။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မလေးရှားနိုင်ငံရှိ လမ်း၊ပန်းခြံ၊ကမ်းခြေနှင့်အခြား အများပိုင်နေရာတွေရှိ အမှိုက်သရိုက်တွေဟာ မလေးရှားယဉ်ကျေးမှုထဲကတစ်ခုလိုပါဝင်လာခြင်းမှာ မလေးရှားလူမျိုးတွေအတွက် အိမ်မက်ဆိုးကြီးလိုဖြစ်နေပါတယ်။အသက်၄၂နှစ်အရွယ် မလေးအမျိုးသားတစ်ဦးဖြစ်တဲ့ Umat Usmanခေါ် Pak Long ဟာ လမ်းပေါ် ပြန့်ကျဲနေတဲ့အမှိုက်သရိုက်များလာတာကိုမြင်တော့ စိတ်ခုကာ ပလပ်စတစ်အိတ်၊ဘူးခွံ စတဲ့ အမှိုက်တွေကို ကောက်ရင်း ဝင်ငွေပါရှာခဲ့ပါတယ် ။Bernamaသတင်းအရ Pak Long ဟာ ဆုတောင်းခြင်းအပြီး Kuala Perlisကမ်းခြေတစ်လျောက် နေ့တိုင်း ကီလို၁၀အကွာအဝေးခန့် လမ်းလျှောက်ရင်းအမှိုက်သရိုက်စုဆောင်းကာ သူ့ရဲ့တစ်နေ့တာကို စတင်ပါတယ်။”လူတွေကငါ့ကို အမှိုက်ကောက်သမားလို့ခေါ်ရင် ငါစိတ်အနှောက်အယှက်မဖြစ်ပါဘူး၊ဒါပေမဲ့ ငါ့မှာ အမှိုက်တွေ စုဆောင်းရတဲ့အကြောင်းပြချက်တွေရှိတယ်။အမှိုက်ကောက်တဲ့အလုပ်က အသုံးမကျပေမဲ့ ပုလင်းဟောင်းတွေ၊ဘူးခွံတွေနဲ့ တခြားအမှိုက်တွေကို ရောင်းရင်တော့ မင်းကို ဝင်ငွေအနည်းငယ်ရစေလိမ့်မယ်”ဟုဆိုထားပါတယ်။

သူဟာ လစဉ် ပလပ်စတစ်ဘူးတွေနဲ့ သံဘူးတွေကို ၁၁၆ကီလိုဂရမ်အထိ စုဆောင်းနိုင်ပြီး အဲဒီအတွက် ရင်းဂစ် ၂၀၃ခန့်ရရှိပြီး”အမှန်က အဲလောက်ရင်းဂစ်ဘဲရတာ မတန်ဘူး။တခြားသူတွေအတွက်လည်း တန်မှာမဟုတ်ဘူး။ငါလတိုင်း စုဆောင်းတဲ့အမှိုက်တွေက ၁၀၀ကီလိုဂရမ်မှ ရင်းဂစ်၂၀၀လောက်ဘဲရနိုင်ပေမဲ့ စိတ်ကျေနပ်စေတာတစ်ခုက ပတ်ဝန်းကျင်ကို တစ်ချိန်တည်းကာကွယ်နိုင်တာကိုဘဲ”ဟု Pak Longကဆိုထားပါတယ်။သူဟာ အရိုးကင်ဆာရောဂါဝေသနာခံစားနေရပေမဲ့ ကမ္ဘာကြီးကို ကယ်တင်ဖို့အတွက် ပိုစိတ်အားထက်သန်နေခဲ့ပါတယ်။သူဟာ အမှိုက်ကို စည်းကမ်းမရှိစွန့်ပစ်ခြင်းက ပင်လယ်ပြင်ကို ညစ်ညမ်းစေနိုင်သလို ငါးဖမ်းသမားတွေအတွက်လည်း အခက်တွေ့စေနိုင်တာကြောင့် ကမ်းခြေရှိအမှိုက်ပစ်နေကြတာကို ရပ်တန့်စေရန် အများပြည်သူအားနှိုးဆော်ခဲ့ပါသေးတယ်။

“ဒီမှာ ငါးဖမ်းသမားတချို့ကသူတို့ငါးဖမ်းပိုက်တွေထဲ ငါးထက် အမှိုက်ပိုများလာတယ်လို့ ငြီးငြူလာကြတယ်”ဟုဆိုထားပါသေးတယ်။Perlis ပတ်ဝန်းကျင်ဦးစီးဌာန(DOE)ဒါရိုက်တာ Azman Shah lsmailဟာ Pak Longရဲ့လုပ်ရပ်တွေကို ချီးကျူးပြောဆိုခဲ့ရုံသာမက သူ့အတွက်ဆေးဖိုးဝါးခတွေပါလှူဒါန်းခဲ့ပြီးပတ်ဝန်းကျင်ထိန်းသိမ်းမှုကို မြှင့်တင်ရန်လည်း လူထုအား တိုက်တွန်းခဲ့ပါတယ်။တကယ်တော့ ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ခြင်းဟာ ကျွန်တော်တို့လူသားအားလုံးရဲ့တာဝန်ဝတ္တရားတစ်ခုဘဲဖြစ်ပါတယ်။ဒါကြောင့် ကျွန်တော်တို့ကမ္ဘာကြီးကိုကာကွယ်နိုင်ရန်အတွက် စာဖတ်သူတို့လည်း Pak Longလို့ မလုပ်နိုင်ခဲ့ရင်တောင် နည်းနည်းလေးဘဲဖြစ်ဖြစ်ပါဝင်ပူးပေါင်းကူညီနိုင်မယ်လို့လည်း မျှော်လင့်မိပါတယ်။

Jasmine (Mckzone Daily)

  • Leave a Comment