ဖုတ္ေကာင္ နဲ႔တူခ်င္လြန္းလို႔ ေငြေၾကးအေျမာက္အမ်ား အကုန္အက်ခံၿပီး ျပဳျပင္ေျပာင္းလဲခဲ့သူ

အျခားလူတခ်ိဳ့ေတြက သူတို့ရဲ့ကိုယ္ခႏၶာကိုျမႇင့္တင္ရန္ပိုက္ဆံျဖဳန္းေနၾကခ်ိန္ ဒီအမ်ိဳးသားမွာေတာ့ ဖုတ္ေကာင္အလား သူရဲ့ကိုယ္ခႏၶာကိုျပဳျပင္ရန္ႀကိဳးစားေနပါတယ္။ဟုတ္ပါတယ္ သူတကယ္အဲ့အေၾကာင္းကိုေတာ္ေတာ္ေလး ေလးေလးနက္ရွိေနပုံရပါတယ္။တက္တူးထိုးကာ မတူကြဲျပားတဲ့ခႏၶာကိုယ္ျပဳျပင္ေျပာင္းလဲမွုေတြအတြက္ ေပါင္ ၁၁,၀၀၀ေက်ာ္သုံးစြဲခဲ့တဲ့ LandonရွိCamdenၿမိဳ့မွေမာ္ဒယ္မင္းသားဆိုသလို လမ္းသရဲတက္ႂကြလွုပ္ရွားသူတစ္ဦးလည္းျဖစ္တဲ့Anderson Garcia Rodrigues ဟာ သူ႔ရဲ့ပထမဆုံးတက္တူးကို အသက္၁၇ ႏွစ္အရြယ္မွာ စထိုးခဲ့ပါတယ္။Anderson ဟာ သူ႔ရဲ့ပါးျပင္အခ်ိဳ့ကိုထိုးေပါက္ၿပီးလၽွာကိုလည္းခြဲခဲ့ကာ လူရမ္းကားတစ္ဦးရဲ့အသြင္အျပင္ကိုပိုမိုေပၚလြင္ေစရန္အတြက္လည္း သူ႔ဦးေခါင္းထိပ္ကိုေက်ာက္ခဲႏွင့္ထုခဲ့ပါေသးတယ္။

Anderson ဟာ သူ႔ရဲ့႐ုပ္အသြင္အျပင္အေပၚ လူေတြရဲ့အာ႐ုံစူးစိုက္မွုေတြကို စိတ္ထဲသိပ္မထားေပမယ့္ တစ္ခါတစ္ရံ သူ႔ကိုဓာတ္ပုံရိုက္ခ်င္တဲ့သူေတြထံမွ “လမ္းသရဲေလးအရက္မူးရေအာင္ကူညီပါ”ဟုေျပာကာေငြလွူဒါန္းမွုေတြေတာင္းခံတတ္ပါတယ္။”ကၽြန္ေတာ္ကအျမဲတမ္း ကိုယ့္ကိုကိုယ္ ဘယ္အရာကိုႀကိဳက္ႏွစ္သက္ေၾကာင္းေဖာ္ထုတ္ၿပီး ေရြးခ်ယ္ခဲ့တယ္။ဆယ္ေက်ာ္သက္အရြယ္တုန္းက ကၽြန္ေတာ့္ကို တက္တူးထိုးျခင္းႏွင့္ထိုးေဖာက္ျခင္းပညာကို မိတ္ဆက္ေပးခဲ့တဲ့သူငယ္ခ်င္းအုပ္စုတစ္စုလည္းရွိတယ္ ”ဟု Andersonဆိုခဲ့ၿပီး”အစပိုင္းေတာ့ မိဘေတြက ကၽြန္ေတာ့္ကိုရပ္တန႔္ဖို့ႀကိဳးစားခဲ့ေပမဲ့ အခ်ိန္ေတြၾကာလာေတာ့ သူတို့က အဲ့ဒီအရာကိုျပဳလုပ္ဖို့ ကၽြန္ေတာ့္ကိုေထာက္ခံလာၾကတယ္ “ဟုလည္း ထပ္မံေျပာဆိုခဲ့ပါတယ္။

လူေတြက Andersonကို အက်ည္းတန္ၿပီးအ႐ူးနဲ႔တူတယ္လို့ေျပာေနၾကေပမဲ့ သူဟာ သူ႔ရဲ့ျပဳျပင္မွုေတြကိုရပ္ဆိုင္းလိုက္ဖို့ အစီအစဥ္မရွိခဲ့ပါဘူး။Andersonရဲ့အႀကိဳက္ဆုံးတက္တူးေတြကေတာ့ သူ႔ရဲ့မ်က္လုံးကိုဝိုင္းထားတဲ့အမဲေရာင္ေဘာလုံးတက္တူးနဲ႔ သူ႔ပါးရိုးေပၚရွိသြားရိုးတက္တူးတို့ဘဲျဖစ္ၿပီး လၽွာခြဲျခင္းက အဆိုးရြားဆုံးနာက်င္မွုျဖစ္ေၾကာင္းဝန္ခံခဲ့ပါေသးတယ္။”ကမၻာႀကီးရဲ့တစ္စိတ္တစ္ေနရာမွာရွိတဲ့လူအမ်ားစုကသိဖို့ မလိုအပ္ေပမဲ့ ဒီေန႔ငါဟာပိုေကာင္းတဲ့လူတစ္ေယာက္ျဖစ္လာေနၿပီလို့ငါယုံၾကည္တယ္”ဟုသူကရွင္းျပခဲ့ပါတယ္။တကယ္ေတာ့ လူသားေတြဟာ ဝါသနာနဲ႔ကိုယ့္ဘဝကိုေပ်ာ္ရႊင္စြာေနထိုင္တတ္ၾကတဲ့သူမ်ိဳးျဖစ္ၿပီး ကမၻာႀကီးရဲ့တစ္ေထာင့္တစ္ေနရာမွာ Andersonလိုျပႆနာမရွာဘဲ ယဥ္ယဥ္ေလးဝါသနာ႐ူးေနၾကတဲ့လူေတြလည္း အေျမာက္အမ်ားရွိ​ေနအုံးမွာပါ။

Jasmine (Mckzone Daily)

Source: elitereaders

Unicode

အခြားလူတချို့တွေက သူတို့ရဲ့ကိုယ်ခန္ဓာကိုမြှင့်တင်ရန်ပိုက်ဆံဖြုန်းနေကြချိန် ဒီအမျိုးသားမှာတော့ ဖုတ်ကောင်အလား သူရဲ့ကိုယ်ခန္ဓာကိုပြုပြင်ရန်ကြိုးစားနေပါတယ်။ဟုတ်ပါတယ် သူတကယ်အဲ့အကြောင်းကိုတော်တော်လေး လေးလေးနက်ရှိနေပုံရပါတယ်။တက်တူးထိုးကာ မတူကွဲပြားတဲ့ခန္ဓာကိုယ်ပြုပြင်ပြောင်းလဲမှုတွေအတွက် ပေါင် ၁၁,၀၀၀ကျော်သုံးစွဲခဲ့တဲ့ LandonရှိCamdenမြို့မှမော်ဒယ်မင်းသားဆိုသလို လမ်းသရဲတက်ကြွလှုပ်ရှားသူတစ်ဦးလည်းဖြစ်တဲ့Anderson Garcia Rodrigues ဟာ သူ့ရဲ့ပထမဆုံးတက်တူးကို အသက်၁၇ နှစ်အရွယ်မှာ စထိုးခဲ့ပါတယ်။Anderson ဟာ သူ့ရဲ့ပါးပြင်အချို့ကိုထိုးပေါက်ပြီးလျှာကိုလည်းခွဲခဲ့ကာ လူရမ်းကားတစ်ဦးရဲ့အသွင်အပြင်ကိုပိုမိုပေါ်လွင်စေရန်အတွက်လည်း သူ့ဦးခေါင်းထိပ်ကိုကျောက်ခဲနှင့်ထုခဲ့ပါသေးတယ်။

Anderson ဟာ သူ့ရဲ့ရုပ်အသွင်အပြင်အပေါ် လူတွေရဲ့အာရုံစူးစိုက်မှုတွေကို စိတ်ထဲသိပ်မထားပေမယ့် တစ်ခါတစ်ရံ သူ့ကိုဓာတ်ပုံရိုက်ချင်တဲ့သူတွေထံမှ “လမ်းသရဲလေးအရက်မူးရအောင်ကူညီပါ”ဟုပြောကာငွေလှူဒါန်းမှုတွေတောင်းခံတတ်ပါတယ်။”ကျွန်တော်ကအမြဲတမ်း ကိုယ့်ကိုကိုယ် ဘယ်အရာကိုကြိုက်နှစ်သက်ကြောင်းဖော်ထုတ်ပြီး ရွေးချယ်ခဲ့တယ်။ဆယ်ကျော်သက်အရွယ်တုန်းက ကျွန်တော့်ကို တက်တူးထိုးခြင်းနှင့်ထိုးဖောက်ခြင်းပညာကို မိတ်ဆက်ပေးခဲ့တဲ့သူငယ်ချင်းအုပ်စုတစ်စုလည်းရှိတယ် ”ဟု Andersonဆိုခဲ့ပြီး”အစပိုင်းတော့ မိဘတွေက ကျွန်တော့်ကိုရပ်တန့်ဖို့ကြိုးစားခဲ့ပေမဲ့ အချိန်တွေကြာလာတော့ သူတို့က အဲ့ဒီအရာကိုပြုလုပ်ဖို့ ကျွန်တော့်ကိုထောက်ခံလာကြတယ် “ဟုလည်း ထပ်မံပြောဆိုခဲ့ပါတယ်။

လူတွေက Andersonကို အကျည်းတန်ပြီးအရူးနဲ့တူတယ်လို့ပြောနေကြပေမဲ့ သူဟာ သူ့ရဲ့ပြုပြင်မှုတွေကိုရပ်ဆိုင်းလိုက်ဖို့ အစီအစဉ်မရှိခဲ့ပါဘူး။Andersonရဲ့အကြိုက်ဆုံးတက်တူးတွေကတော့ သူ့ရဲ့မျက်လုံးကိုဝိုင်းထားတဲ့အမဲရောင်ဘောလုံးတက်တူးနဲ့ သူ့ပါးရိုးပေါ်ရှိသွားရိုးတက်တူးတို့ဘဲဖြစ်ပြီး လျှာခွဲခြင်းက အဆိုးရွားဆုံးနာကျင်မှုဖြစ်ကြောင်းဝန်ခံခဲ့ပါသေးတယ်။”ကမ္ဘာကြီးရဲ့တစ်စိတ်တစ်နေရာမှာရှိတဲ့လူအများစုကသိဖို့ မလိုအပ်ပေမဲ့ ဒီနေ့ငါဟာပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာနေပြီလို့ငါယုံကြည်တယ်”ဟုသူကရှင်းပြခဲ့ပါတယ်။တကယ်တော့ လူသားတွေဟာ ဝါသနာနဲ့ကိုယ့်ဘဝကိုပျော်ရွှင်စွာနေထိုင်တတ်ကြတဲ့သူမျိုးဖြစ်ပြီး ကမ္ဘာကြီးရဲ့တစ်ထောင့်တစ်နေရာမှာ Andersonလိုပြဿနာမရှာဘဲ ယဉ်ယဉ်လေးဝါသနာရူးနေကြတဲ့လူတွေလည်း အမြောက်အများရှိနေအုံးမှာပါ။

Jasmine (Mckzone Daily)

  • Leave a Comment