မရပ်မနား video ရိုက်ကူးနေခဲ့တဲ့ ပရိသတ် ရိုင်းစိုင်းစွာခြေထောက်တဲ့ကန်ထုတ်ပစ်ခဲ့တဲ့ တရုတ်အဆိုတော်NaYing(ရုပ်/သံ)

တစ်ခါတစ်ရံကိုယ်အကြိုက်ဆုံး Idol တွေနဲ့အပြင်လက်တွေ့ဘဝမှာ တွေ့မြင်ခွင့်ရရှိခဲ့ရင် ရုတ်တရက်အံ့သြဝမ်းသာဖြစ်ပြီး ကိုယ့်ရဲ့ Idol တွေကိုအမိအရ ဓာတ်ပုံတွေ ၊ video တွေရိုက်ကူးမိမှာပါ ။ ကိုယ်တွေနားလည်ထားသလိုပဲ Celebrities တွေရဲ့ဘဝဟာလည်း ပါပါရာဇီတွေရဲ့လိုက်လံနှောင့်ယှက်မှုတွေကြောင့် သူတို့ရဲ့လွတ်လပ်မှုတွေကိုဆုံးရှုံးနေရတယ်ဆိုပေမဲ့လည်း တစ်ခါတစ်ရံမှာတော့လိုက်လံနှောင့်ယှက်လွန်းတဲ့ ပရိသတ်တွေကို ကိုယ်ထိလက်ရောက်ပြုမှုပစ်ခဲ့ကြတဲ့လုပ်ရပ်တွေကတော့ အတော်လေးဆိုးဝါးလွန်းလှပါတယ် ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံရဲ့တကယ့်နာမည်ကြီးအဆိုတော် အသက် 52နှစ်အရွယ် Na Ying (Natasha Na) ဟာ တေးဂီတလောကမှာအတော်လေးကိုအထင်ကြီးရလောက်အောင်လေးစားထိုက်သူတစ်ယောက်လည်းဖြစ်ခဲ့ပြီး ၊ နှစ် 30 အတွင်း သူမ၏ studio albums ပေါင်း 12ခုကို 10 million copies အထိရောင်းချနိုင်ခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ် ။ သူမဟာ ယခုလက်တလောအချိန်တွေမှာတော့ ပုံမှန်ထုတ်လုပ်နေတဲ့အစီအစဉ်တစ်ခုဖြစ်တဲ့ တရုတ်သီချင်းဆိုပြိုင်ပွဲ The Voice မှာ အကဲဖြတ်ဒိုင်တစ်ယောက်အနေနဲ့ တာဝန်ယူပေးနေသူလည်းဖြစ်ပါတယ် ။ ထို့အပြင် သူမရဲ့ဖျော်ဖြေတက်ဆက်မှုတွေဟာလည်း တေးဂီတလောကမှာအတော်လေးကို အောင်မြင်ကြော်ကြားခဲ့ပါတယ် ။

နာမည်ကြီးအဆိုတော်တွေဆိုပေမဲ့လည်း သူတို့တွေချိုးဖောက်ခဲ့တဲ့ လုပ်ရပ်တွေလည်းရှိကြပါတယ် ။ အထူးသဖြင့် Na Ying ဟာ သူမကိုမပြောမဆိုနဲ့အတင်း video လိုက်ရိုက်တဲ့သူမရဲ့ပရိသတ်ကို ခြေထောက်နဲ့ကန်ထုတ်ပစ်ခဲ့ပါတယ် ။ Video ထဲမှာတော့ ပရိသတ်မိန်းကလေးတစ်ယောက်ဟာ Macau shopping mall အခြားမိန်းကလေးတစ်ယောက်နဲ့အတူတွဲလာပြီးလမ်းလျှောက်လာတဲ့အဆိုတော် Na Ying ကို အရှေ့ကနေ videoလိုက်ရိုက်နေခဲ့ပါတယ် ။ Na Ying ကသူမရဲ့ပရိသတ်ကို video မရိုက်ဖို့သတိပေးခဲ့ပေမဲ့လည်း ၊ သူမရဲ့ပရိသတ်ကဂရုမစိုက်ဘဲအတင်းလိုက်ရိုက်နေခဲ့တဲ့အတွက်နောက်ဆုံး ကိုယ်ထိလက်ရောက်သူမ၏ခြေထောက်ဖြင့် ကန်ထုတ်ပစ်ခဲ့ပါတော့တယ် ။

Video ထဲမှာတော့ Na Ying ဟာသူမပရိသတ်ကို အနောက်ဖက်ကနေ ကန်ထုတ်ပစ်ခဲ့တာကို သိသိသာသာမြင်တွေ့ရမှာပါ ။ ၎င်းအဖြစ်အပျက်မျိုးကို မမျှော့်လင့်ထားခဲ့တဲ့သူမရဲ့ပရိသတ်မှာတော့ အတော်လေးကိုအံ့သြထိတ်လန့်သွားခဲ့ရပါတယ် ။ Na Ying ရဲ့ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုဖို့ပြင်ဆင်နေခဲ့တဲ့ ၎င်းပရိသတ်ဟာ ပွဲလတ်မှတ်ကို ဖြဲဆုတ်ပစ်ခဲ့ပါတော့တယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Zawgyi

တစ္ခါတစ္ရံကိုယ္အႀကိဳက္ဆံုး Idol ေတြနဲ႔အျပင္လက္ေတြ႔ဘဝမွာ ေတြ႔ျမင္ခြင့္ရ႐ွိခဲ့ရင္ ႐ုတ္တရက္အံ့ၾသဝမ္းသာျဖစ္ၿပီး ကိုယ့္ရဲ႕ Idol ေတြကိုအမိအရ ဓာတ္ပံုေတြ ၊ video ေတြ႐ိုက္ကူးမိမွာပါ ။ ကိုယ္ေတြနားလည္ထားသလိုပဲ Celebrities ေတြရဲ႕ဘဝဟာလည္း ပါပါရာဇီေတြရဲ႕လိုက္လံေႏွာင့္ယွက္မႈေတြေၾကာင့္ သူတို႔ရဲ႕လြတ္လပ္မႈေတြကိုဆံုး႐ႈံးေနရတယ္ဆိုေပမဲ့လည္း တစ္ခါတစ္ရံမွာေတာ့လိုက္လံေႏွာင့္ယွက္လြန္းတဲ့ ပရိသတ္ေတြကို ကိုယ္ထိလက္ေရာက္ျပဳမႈပစ္ခဲ့ၾကတဲ့လုပ္ရပ္ေတြကေတာ့ အေတာ္ေလးဆိုးဝါးလြန္းလွပါတယ္ ။ ဒီတစ္ေခါက္မွာလည္း တ႐ုတ္ႏိုင္ငံရဲ႕တကယ့္နာမည္ႀကီးအဆိုေတာ္ အသက္ 52ႏွစ္အရြယ္ Na Ying (Natasha Na) ဟာ ေတးဂီတေလာကမွာအေတာ္ေလးကိုအထင္ႀကီးရေလာက္ေအာင္ေလးစားထိုက္သူတစ္ေယာက္လည္းျဖစ္ခဲ့ၿပီး ၊ ႏွစ္ 30 အတြင္း သူမ၏ studio albums ေပါင္း 12ခုကို 10 million copies အထိေရာင္းခ်ႏိုင္ခဲ့သူတစ္ေယာက္လည္း ျဖစ္ပါတယ္ ။ သူမဟာ ယခုလက္တေလာအခ်ိန္ေတြမွာေတာ့ ပံုမွန္ထုတ္လုပ္ေနတဲ့အစီအစဥ္တစ္ခုျဖစ္တဲ့ တ႐ုတ္သီခ်င္းဆိုၿပိဳင္ပြဲ The Voice မွာ အကဲျဖတ္ဒိုင္တစ္ေယာက္အေနနဲ႔ တာဝန္ယူေပးေနသူလည္းျဖစ္ပါတယ္ ။ ထို႔အျပင္ သူမရဲ႕ေဖ်ာ္ေျဖတက္ဆက္မႈေတြဟာလည္း ေတးဂီတေလာကမွာအေတာ္ေလးကို ေအာင္ျမင္ေၾကာ္ၾကားခဲ့ပါတယ္ ။

နာမည္ႀကီးအဆိုေတာ္ေတြဆိုေပမဲ့လည္း သူတို႔ေတြခ်ိဳးေဖာက္ခဲ့တဲ့ လုပ္ရပ္ေတြလည္း႐ွိၾကပါတယ္ ။ အထူးသျဖင့္ Na Ying ဟာ သူမကိုမေျပာမဆိုနဲ႔အတင္း video လိုက္႐ိုက္တဲ့သူမရဲ႕ပရိသတ္ကို ေျခေထာက္နဲ႔ကန္ထုတ္ပစ္ခဲ့ပါတယ္ ။ Video ထဲမွာေတာ့ ပရိသတ္မိန္းကေလးတစ္ေယာက္ဟာ Macau shopping mall အျခားမိန္းကေလးတစ္ေယာက္နဲ႔အတူတြဲလာၿပီးလမ္းေလ်ွာက္လာတဲ့အဆိုေတာ္ Na Ying ကို အေ႐ွ႕ကေန videoလိုက္႐ိုက္ေနခဲ့ပါတယ္ ။ Na Ying ကသူမရဲ႕ပရိသတ္ကို video မ႐ိုက္ဖို႔သတိေပးခဲ့ေပမဲ့လည္း ၊ သူမရဲ႕ပရိသတ္ကဂ႐ုမစိုက္ဘဲအတင္းလိုက္႐ိုက္ေနခဲ့တဲ့အတြက္ေနာက္ဆံုး ကိုယ္ထိလက္ေရာက္သူမ၏ေျခေထာက္ျဖင့္ ကန္ထုတ္ပစ္ခဲ့ပါေတာ့တယ္ ။

Video ထဲမွာေတာ့ Na Ying ဟာသူမပရိသတ္ကို အေနာက္ဖက္ကေန ကန္ထုတ္ပစ္ခဲ့တာကို သိသိသာသာျမင္ေတြ႔ရမွာပါ ။ ၎အျဖစ္အပ်က္မ်ိဳးကို မေမ်ွာ့္လင့္ထားခဲ့တဲ့သူမရဲ႕ပရိသတ္မွာေတာ့ အေတာ္ေလးကိုအံ့ၾသထိတ္လန္႔သြားခဲ့ရပါတယ္ ။ Na Ying ရဲ႕ေဖ်ာ္ေျဖပြဲကို လာေရာက္ၾကည့္႐ႈဖို႔ျပင္ဆင္ေနခဲ့တဲ့ ၎ပရိသတ္ဟာ ပြဲလတ္မွတ္ကို ျဖဲဆုတ္ပစ္ခဲ့ပါေတာ့တယ္ ။

Jasmine (Mckzone Daily)

Be the first to comment on "မရပ်မနား video ရိုက်ကူးနေခဲ့တဲ့ ပရိသတ် ရိုင်းစိုင်းစွာခြေထောက်တဲ့ကန်ထုတ်ပစ်ခဲ့တဲ့ တရုတ်အဆိုတော်NaYing(ရုပ်/သံ)"

Leave a comment

Your email address will not be published.


*