သခင့္အိမ္အျပန္ကို ျပတင္းေပါက္နားမွာတင္ ေန႔စဥ္ 10 နာရီခန္႔ မေရြ႔တမ္းေစာင့္ေနခဲ့တဲ့ ေခြးေလး(႐ုပ္သံ)

မၾကာေသးမီက တ႐ုတ္အမ်ိဳးသမီးတစ္ဦးဟာ သူမအိမ္ျပန္လာခ်ိန္ကို နာရီေပါင္းမ်ားစြာ ကုန္ဆုံးရင္း ေစာင့္ဆိုင္းေနခဲ့တဲ့ သူမအိမ္ေမြးတိရိစၧာန္ေလးရဲ့ရင္ထဲခံစားသြားရေစမဲ့ ဗီဒီယိုဖိုင္တစ္ခုကို မၽွေဝခဲ့ၿပီးေနာက္ social media ေပၚပ်ံ႕ႏွံ့သြားၿပီး တျခားအိမ္ေမြးတိရိစၧာန္ပိုင္ရွင္ေတြကလည္း သူ႔တို့အခ်စ္ေတာ္ေလးေတြကို အိမ္မွာထားခဲ့ရတာစိတ္မေကာင္းျဖစ္မိေၾကာင္းေတြကို ဝန္ခံေျပာဆိုခဲ့ၾကပါတယ္။အိမ္တြင္းလုံျခဳံေရးကင္မရာမွတဆင့္ရိုက္ကူးထားတဲ့ ဗီဒီယိုဖိုင္ထဲက border collie ေခြးအမ်ိဳးအစားျဖစ္တဲ့ အသက္၁ႏွစ္အရြယ္ Pi Danဆိုတဲ့ေခြးေလးဟာ ပိုင္ရွင္ျဖစ္သူ မစၥတာ Zhangရဲ့ အိမ္ျပန္လာမယ့္အခ်ိန္ကို ျပတင္းေပါက္နားကေန တေမၽွာ္ေမၽွာ္နဲ႔ မေရႊ႕ဘဲ နာရီေပါင္းမ်ားစြာ ေစာင့္ဆိုင္းေနခဲ့ပါတာကို ေတြ႕ရမွာပါ။Shenyangၿမိဳ့မွာေနထိုင္တဲ့ မစၥတာZhangဟာ ဗီဒီယိုဖိုင္ၾကည့္ၿပီးေနာက္ သူမစိတ္မေကာင္းျဖစ္ရေၾကာင္းကို ဝန္ခံခဲ့ပါတယ္။

“သူအဲလို အျမဲလုပ္တတ္တယ္၊အထူးသျဖင့္ မနက္ခင္းေတြဆိုေစာင့္ရင္း အဲမွာဘဲ အခ်ိန္ကုန္ေနတတ္တယ္၊တစ္ခါတစ္ေလ ေန႔လည္ခင္းဆို တေရးအိပ္ေနတတ္တယ္၊သူအဲ့လို့ေစာင့္ေနရတာက ကၽြန္မရင္ဘတ္ႀကီးကို ဓါးနဲ႔ခြဲေနသလိုခံစားရေပမဲ့ ကၽြန္မမွာ တျခားနည္းလမ္းလည္း မရွိခဲ့ဘူး၊အားလပ္ရက္ေတြမွာ အျပင္ေခၚသြားၿပီး သူ႔နဲ႔အတူကစားေပးဖို့လုပ္ခဲ့ၿပီး ေနာက္ေခြးေလးတစ္ေကာင္ေမြးဖို့ႀကံခဲ့ေပမဲ့ ႏွစ္ေကာင္လုံး ကၽြန္မကို အဲလိုထပ္ေစာင့္ေနမွာကို ေၾကာက္ခဲ့တယ္၊ကၽြန္မ စိတ္မေကာင္းပိုျဖစ္ရတာေပါ့”ဟု Daily Mailသတင္းသို့ ဆိုထားပါတယ္။တစ္ခ်ိန္တည္းမွာဘဲ အျခားေခြးပိုင္ရွင္တစ္ဦးက ေခြးေလးတစ္ေကာင္ေမြးထားရျခင္းက အိမ္မွာတရက္မရွိခဲ့ရင္ သူအျပစ္ရွိသလိုခံစားရၿပီး သူတို့နဲ႔အျမဲအတူရွိေနေအာင္ ႀကိဳးစားရေၾကာင္း၊အဲဒါက အခ်စ္ဇာတ္လမ္းတစ္ခုနဲ႔တူေနေၾကာင္း မွတ္ခ်က္ဝင္ေပးထားပါတယ္။

ခင္ဗ်ားလိုဘဲ အလုပ္ထြက္လုပ္တဲ့ခ်ိန္ အိမ္ကေခြးေလးက အျမဲသူ႔အား ေစာင့္ေနတတ္ေၾကာင္း အျခားတစ္ဦးက ဆိုထားပါေသးတယ္။ဒါ့အျပင္ အေမရိကန္ တိရိစၧာန္ေတြအေပၚရက္စက္မွုကို ကာကြယ္တားဆီးေရးလူ႔အဖြဲ႕အစည္းမွ ေခြးေလးေတြဟာ အုပ္ထိန္းသူနဲ႔ခြဲရလို့ ဝမ္းနည္းလာတဲ့အခါ ခြဲခြါျခင္းရဲ့စိုးရိမ္ပူပန္စိတ္ျဖစ္ေပၚလာတတ္ၾကၿပီး အဲ့ဒါေတြေၾကာင့္နဲ႔ လူေတြကို တိုက္ခိုက္လာတတ္ၾကေၾကာင္း မွတ္ခ်က္ဝင္ေပးထားပါေသးတယ္။ေခြးေလးေတြဟာ ပိုင္ရွင္နဲ႔အျမန္ဆုံး သံေယာဇဥ္တြယ္နိုင္တဲ့ တိရိစၧာန္ေလးေတြပါ။ဒါေၾကာင့္ ေခြးေလးတစ္ေကာင္ေမြးမယ္ႀကံထားရင္ေတာ့ အခ်ိန္ေပးနိုင္မွ ေမြးသင့္တယ္လို့ အႀကံျပဳခဲ့ခ်င္ပါတယ္။

Jasmine (Mckzone Daily)

Source: elitereaders

Unicode

မကြာသေးမီက တရုတ်အမျိုးသမီးတစ်ဦးဟာ သူမအိမ်ပြန်လာချိန်ကို နာရီပေါင်းများစွာ ကုန်ဆုံးရင်း စောင့်ဆိုင်းနေခဲ့တဲ့ သူမအိမ်မွေးတိရိစ္ဆာန်လေးရဲ့ရင်ထဲခံစားသွားရစေမဲ့ ဗီဒီယိုဖိုင်တစ်ခုကို မျှဝေခဲ့ပြီးနောက် social media ပေါ်ပျံ့နှံ့သွားပြီး တခြားအိမ်မွေးတိရိစ္ဆာန်ပိုင်ရှင်တွေကလည်း သူ့တို့အချစ်တော်လေးတွေကို အိမ်မှာထားခဲ့ရတာစိတ်မကောင်းဖြစ်မိကြောင်းတွေကို ဝန်ခံပြောဆိုခဲ့ကြပါတယ်။အိမ်တွင်းလုံခြုံရေးကင်မရာမှတဆင့်ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ထဲက border collie ခွေးအမျိုးအစားဖြစ်တဲ့ အသက်၁နှစ်အရွယ် Pi Danဆိုတဲ့ခွေးလေးဟာ ပိုင်ရှင်ဖြစ်သူ မစ္စတာ Zhangရဲ့ အိမ်ပြန်လာမယ့်အချိန်ကို ပြတင်းပေါက်နားကနေ တမျှော်မျှော်နဲ့ မရွှေ့ဘဲ နာရီပေါင်းများစွာ စောင့်ဆိုင်းနေခဲ့ပါတာကို တွေ့ရမှာပါ။Shenyangမြို့မှာနေထိုင်တဲ့ မစ္စတာZhangဟာ ဗီဒီယိုဖိုင်ကြည့်ပြီးနောက် သူမစိတ်မကောင်းဖြစ်ရကြောင်းကို ဝန်ခံခဲ့ပါတယ်။

“သူအဲလို အမြဲလုပ်တတ်တယ်၊အထူးသဖြင့် မနက်ခင်းတွေဆိုစောင့်ရင်း အဲမှာဘဲ အချိန်ကုန်နေတတ်တယ်၊တစ်ခါတစ်လေ နေ့လည်ခင်းဆို တရေးအိပ်နေတတ်တယ်၊သူအဲ့လို့စောင့်နေရတာက ကျွန်မရင်ဘတ်ကြီးကို ဓါးနဲ့ခွဲနေသလိုခံစားရပေမဲ့ ကျွန်မမှာ တခြားနည်းလမ်းလည်း မရှိခဲ့ဘူး၊အားလပ်ရက်တွေမှာ အပြင်ခေါ်သွားပြီး သူ့နဲ့အတူကစားပေးဖို့လုပ်ခဲ့ပြီး နောက်ခွေးလေးတစ်ကောင်မွေးဖို့ကြံခဲ့ပေမဲ့ နှစ်ကောင်လုံး ကျွန်မကို အဲလိုထပ်စောင့်နေမှာကို ကြောက်ခဲ့တယ်၊ကျွန်မ စိတ်မကောင်းပိုဖြစ်ရတာပေါ့”ဟု Daily Mailသတင်းသို့ ဆိုထားပါတယ်။တစ်ချိန်တည်းမှာဘဲ အခြားခွေးပိုင်ရှင်တစ်ဦးက ခွေးလေးတစ်ကောင်မွေးထားရခြင်းက အိမ်မှာတရက်မရှိခဲ့ရင် သူအပြစ်ရှိသလိုခံစားရပြီး သူတို့နဲ့အမြဲအတူရှိနေအောင် ကြိုးစားရကြောင်း၊အဲဒါက အချစ်ဇာတ်လမ်းတစ်ခုနဲ့တူနေကြောင်း မှတ်ချက်ဝင်ပေးထားပါတယ်။

ခင်ဗျားလိုဘဲ အလုပ်ထွက်လုပ်တဲ့ချိန် အိမ်ကခွေးလေးက အမြဲသူ့အား စောင့်နေတတ်ကြောင်း အခြားတစ်ဦးက ဆိုထားပါသေးတယ်။ဒါ့အပြင် အမေရိကန် တိရိစ္ဆာန်တွေအပေါ်ရက်စက်မှုကို ကာကွယ်တားဆီးရေးလူ့အဖွဲ့အစည်းမှ ခွေးလေးတွေဟာ အုပ်ထိန်းသူနဲ့ခွဲရလို့ ဝမ်းနည်းလာတဲ့အခါ ခွဲခွါခြင်းရဲ့စိုးရိမ်ပူပန်စိတ်ဖြစ်ပေါ်လာတတ်ကြပြီး အဲ့ဒါတွေကြောင့်နဲ့ လူတွေကို တိုက်ခိုက်လာတတ်ကြကြောင်း မှတ်ချက်ဝင်ပေးထားပါသေးတယ်။ခွေးလေးတွေဟာ ပိုင်ရှင်နဲ့အမြန်ဆုံး သံယောဇဉ်တွယ်နိုင်တဲ့ တိရိစ္ဆာန်လေးတွေပါ။ဒါကြောင့် ခွေးလေးတစ်ကောင်မွေးမယ်ကြံထားရင်တော့ အချိန်ပေးနိုင်မှ မွေးသင့်တယ်လို့ အကြံပြုခဲ့ချင်ပါတယ်။

Jasmine (Mckzone Daily)

  • Leave a Comment