မာကျောလွန်းတဲ့ ကျောက်တုံးတွေကို ပျော့ပျောင်းနူးညံ့တဲ့အရာတွေအဖြစ် ဖန်တီးထုဆစ်ပြခဲ့သူ


1

2

3

4

5

6

7

8

9

10

11

12

13

14

15

16

17

18

19

20

21

22

23

24

25

Jasmine (Mckzone Daily)

Source: boredpanda

Unicode

José Manuel Castro Lópezဆိုတဲ့ စပိန်အနုပညာရှင်တစ်ဦးဟာ ရွှံ့စေးကဲသို့ ပျော့ပျောင်းပြီး အလွယ်တကူပြုလုပ်နိုင်တယ်လို့ထင်မှားရနိုင်တဲ့ ကျောက်တုံးလေးတွေကို ကျွမ်းကျင်စွာ ကိုင်တွယ်ထုဆစ်နိုင်သူတစ်ဦးဖြစ်ပါတယ်။အလိမ်အလှည့်၊အကောက်အကွေ့တွေနဲ့စုံလင်နေတဲ့ သူ့ရဲ့ကျောက်ဆစ်ပန်းပုပုံတွေဟာ မာကျောခိုင်ခံတဲ့အရာတွေနဲ့ သိသိသာသာကွဲထွက်နေပြီး သင်အား ရူပဗေဒနိယာမဆိုတာ ဘာပါလိမ့်ဆိုတဲ့ မေးခွန်းတွေထုတ်နေစေမှာပါ။Lópezဟာ”ကျောက်တုံးနဲ့ကျွန်တော်ရဲ့ဆက်ဆံရေးက ရုပ်ပိုင်းဆိုင်ရာနဲ့မဟုတ်ပေမဲ့ မျက်လှည့်ဆန်တယ်”ဆိုတဲ့ Indo-Europeanဘာသာစကားတစ်ခုရဲ့Galicianဒဏ္ဏရီကို ကိုးကားထုဆစ်ထားပါတယ်။”အဲတာတွေက ငါ့ကိုသိတယ်၊ငါတို့အချင်းချင်းနားလည်နေတယ်၊ကျွန်တော့်ကျောက်တုံးတွေက သက်မဲ့မဟုတ်ပါဘူး၊သူတို့က ထင်ရှားစွာ သူတို့ကိုယ်သူတို့ ပြတတ်တယ်”ဟုဆိုထားပြီး Lópezဟာ အဲ့လို ချောမွတ်တဲ့ ကျောက်ဖွဲ့စည်းတည်ဆောက်ပုံတွေဖြစ်လာအောင် လင်းကျောက်နဲ့ ကျောက်ပြားတွေကို အထူးအသုံးပြုထားပါတယ်။မာကျောတဲ့ကျောက်တွေလို့တောင် မထင်ရတော့တဲ့ Lópezရဲ့ ကျောက်ဆစ်ပန်းပုပုံတချို့ကို စာဖတ်သူတို့အဖို့ ဖော်ပြပေးခဲ့လိုက်ပါတယ်။

Jasmine (Mckzone Daily)

  • Leave a Comment