ရေတပ်ကဖမ်းမှာကြောက်လို့ဆိုပြီး တိရစ္ဆာန်တွေကို အရှင်လတ်လတ်ပင်လယ်ထဲပစ်ခဲ့ကြတဲ့ မှောင်ခိုသမားများ(ရုပ်/သံ)

တောရိုင်တိရစ္ဆာန်တွေ ၊ လူတွေကို မှောင်ခိုကုန်ကူးတဲ့အလုပ်ဟာ အတော်လေးကိုစက်ဆုပ်ရွံရှာဖို့ကောင်းတဲ့ အလုပ်မျိုးပါ ။ အပြစ်မဲ့လွန်းလှတဲ့ တိရစ္ဆာန်တွေကို သတ်ပစ်မယ် မဟုတ်ရင်လည်း သူတို့တစ်ဘဝလုံးကို လှောင်အိမ်အသေးလေးထဲမှာ ပိတ်ထားမယ် ၊ ရောင်ချမယ် စသည်လုပ်ရပ်မျိုးကို ခံစားနေခဲ့ရတာပါ ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံက Java ဒေသကနေ Jakarta မြို့သို့မောင်းနှင်းလာခဲ့တဲ့ သဘောၤတစ်စီးပေါ်မှာလိုက်ပါစီးနှင်းလာကြတဲ့ တိရစ္ဆာန်မှောင်ခိုသမားများဟာ ရေတပ်မှဖမ်းဆီးမှာကို ကြောက်ရွံ့ခဲ့ပြီး ရှားပါးလွန်လှတဲ့တိရစ္ဆာန်တွေကိုထည့်ထားတဲ့ လှောင်အိမ်ကြီးတွေကို ပင်လယ်တွင်းသို့ပစ်ချနေခဲ့ကြပါတယ် ။ ပိုပြီးဆိုးဝါးလွန်းလှတာကတော့ ၎င်းတို့၏သူဋ္ဌေးကိုသက်သေပြဖို့ video ကိုကိုယ်တိုင်ရိုက်ယူခဲ့ကြတာဖြစ်ပြီး တိရစ္ဆာန်များကို မခိုးမဝှက်ထားပဲ အကုန်လုံးရေထဲသို့ ပစ်ချခဲ့ကြောင်း သက်သေပြခဲ့ကြပါတယ် ။ အဆိုပါ စက်ဆုပ်လွန်လှတဲ့လုပ်ရပ်မျိုးရိုက်ကူးထားတဲ့ video ကို Amami Ao အမည်ရှိတဲ့ Facebook အသုံးပြုသူတစ်ဦးက သူ၏စာမျက်နှာပေါ်တွင်ဝေမျှသွားခဲ့ပါတယ် ။

” Java ကနေ Jakarta ကိုသွားနေတဲ့သဘောၤပေါ်မှာ တောရိုင်းတိရစ္ဆာန်တွေကို မှောင်ခိုကြတဲ့သူတွေက သူတို့ကိုရေတပ်ဖွဲ့ကဖမ်းမှာ ကြောက်လို့ဆိုပြီး တိရစ္ဆာန်တွေကိုရေထဲပစ်ချနေခဲ့တာပါ ၊ အဲ့ဒီတိရစ္ဆာန်တွေထဲမှာဆိုရင် စပါးအုံးမြွေ တွေ ၊ ရှားပါးလွန်းလှတဲ့ငှက်တွေနဲ့ တွားသွားတိရစ္ဆာန်တွေ လည်းပါဝင်ပါတယ် ” ဆိုပြီး Amami ကရေးသားထားခဲ့ပါတယ် ။ ပိုပြီးဆိုးဝါးတာက တိရစ္ဆာန်တွေအသက်ရှင်နိုင်ဖို့ အနည်းဆုံးရေကူးပြီးလွတ်မြောက်သွားနိုင်ဖို့ လှောင်ပိတ်ထားတဲ့သေတ္တာလေးတွေကိုတောင် မဖွင့်ပေဘဲ အကုန်လုံးကိုပင်လယ်ထဲပစ်ချခဲ့ပါတယ် ။ အနည်းဆုံး ငှက်လေးတွေက ပျံ့သန်းနိုင်လို့ လွတ်မြောက်နိုင်တယ်ဆိုပေမဲ့ လုံးဝမငဲ့ညာပဲအကုန်လုံးကို ပင်လယ်ထဲပစ်ချခဲ့ကြပါတယ် ။

Video ကိုကြည့်ရှုခဲ့ကြတဲ့ လူအများစုကတော့ အဆိုပါမှောင်ခိုသမားများကို ဖမ်းမိနိုင်ဖို့ မျှော်လင့်နေကြပါတယ် ။ ဘာလို့လည်းဆိုတော့ တိရစ္ဆာန်တွေကို ပင်လယ်ထဲပစ်ချနေခဲ့ကြတဲ့ သူတို့လုပ်ရပ်တွေ နဲ့ ရုပ်ပုံတွေဟာ သက်သေဖြစ်နေလို့ပါပဲ ။ အဆိုပါ video ကိုပြန်ဝေမျှသူတွေလည်း များစွာရှိခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Zawgyi

ေတာ႐ိုင္တိရစာၦန္ေတြ ၊ လူေတြကို ေမွာင္ခိုကုန္ကူးတဲ့အလုပ္ဟာ အေတာ္ေလးကိုစက္ဆုပ္ရြံ႐ွာဖို႔ေကာင္းတဲ့ အလုပ္မ်ိဳးပါ ။ အျပစ္မဲ့လြန္းလွတဲ့ တိရစာၦန္ေတြကို သတ္ပစ္မယ္ မဟုတ္ရင္လည္း သူတို႔တစ္ဘဝလံုးကို ေလွာင္အိမ္အေသးေလးထဲမွာ ပိတ္ထားမယ္ ၊ ေရာင္ခ်မယ္ စသည္လုပ္ရပ္မ်ိဳးကို ခံစားေနခဲ့ရတာပါ ။ ဒီတစ္ေခါက္မွာလည္း မေလး႐ွားႏိုင္ငံက Java ေဒသကေန Jakarta ၿမိဳ႕သို႔ေမာင္းႏွင္းလာခဲ့တဲ့ သေဘာၤတစ္စီးေပၚမွာလိုက္ပါစီးႏွင္းလာၾကတဲ့ တိရစာၦန္ေမွာင္ခိုသမားမ်ားဟာ ေရတပ္မွဖမ္းဆီးမွာကို ေၾကာက္ရြံ႔ခဲ့ၿပီး ႐ွားပါးလြန္လွတဲ့တိရစာၦန္ေတြကိုထည့္ထားတဲ့ ေလွာင္အိမ္ႀကီးေတြကို ပင္လယ္တြင္းသို႔ပစ္ခ်ေနခဲ့ၾကပါတယ္ ။ ပိုၿပီးဆိုးဝါးလြန္းလွတာကေတာ့ ၎တို႔၏သူေ႒းကိုသက္ေသျပဖို႔ video ကိုကိုယ္တိုင္႐ိုက္ယူခဲ့ၾကတာျဖစ္ၿပီး တိရစာၦန္မ်ားကို မခိုးမဝွက္ထားပဲ အကုန္လံုးေရထဲသို႔ ပစ္ခ်ခဲ့ေၾကာင္း သက္ေသျပခဲ့ၾကပါတယ္ ။ အဆိုပါ စက္ဆုပ္လြန္လွတဲ့လုပ္ရပ္မ်ိဳး႐ိုက္ကူးထားတဲ့ video ကို Amami Ao အမည္႐ွိတဲ့ Facebook အသံုးျပဳသူတစ္ဦးက သူ၏စာမ်က္ႏွာေပၚတြင္ေဝမ်ွသြားခဲ့ပါတယ္ ။

” Java ကေန Jakarta ကိုသြားေနတဲ့သေဘာၤေပၚမွာ ေတာ႐ိုင္းတိရစာၦန္ေတြကို ေမွာင္ခိုၾကတဲ့သူေတြက သူတို႔ကိုေရတပ္ဖြဲ႔ကဖမ္းမွာ ေၾကာက္လို႔ဆိုၿပီး တိရစာၦန္ေတြကိုေရထဲပစ္ခ်ေနခဲ့တာပါ ၊ အဲ့ဒီတိရစာၦန္ေတြထဲမွာဆိုရင္ စပါးအံုးေႁမြ ေတြ ၊ ႐ွားပါးလြန္းလွတဲ့ငွက္ေတြနဲ႔ တြားသြားတိရစာၦန္ေတြ လည္းပါဝင္ပါတယ္ ” ဆိုၿပီး Amami ကေရးသားထားခဲ့ပါတယ္ ။ ပိုၿပီးဆိုးဝါးတာက တိရစာၦန္ေတြအသက္႐ွင္ႏိုင္ဖို႔ အနည္းဆံုးေရကူးၿပီးလြတ္ေျမာက္သြားႏိုင္ဖို႔ ေလွာင္ပိတ္ထားတဲ့ေသတာၱေလးေတြကိုေတာင္ မဖြင့္ေပဘဲ အကုန္လံုးကိုပင္လယ္ထဲပစ္ခ်ခဲ့ပါတယ္ ။ အနည္းဆံုး ငွက္ေလးေတြက ပ်ံ့သန္းႏိုင္လို႔ လြတ္ေျမာက္ႏိုင္တယ္ဆိုေပမဲ့ လံုးဝမငဲ့ညာပဲအကုန္လံုးကို ပင္လယ္ထဲပစ္ခ်ခဲ့ၾကပါတယ္ ။

Video ကိုၾကည့္႐ႈခဲ့ၾကတဲ့ လူအမ်ားစုကေတာ့ အဆိုပါေမွာင္ခိုသမားမ်ားကို ဖမ္းမိႏိုင္ဖို႔ ေမ်ွာ္လင့္ေနၾကပါတယ္ ။ ဘာလို႔လည္းဆိုေတာ့ တိရစာၦန္ေတြကို ပင္လယ္ထဲပစ္ခ်ေနခဲ့ၾကတဲ့ သူတို႔လုပ္ရပ္ေတြ နဲ႔ ႐ုပ္ပံုေတြဟာ သက္ေသျဖစ္ေနလို႔ပါပဲ ။ အဆိုပါ video ကိုျပန္ေဝမ်ွသူေတြလည္း မ်ားစြာ႐ွိခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Be the first to comment on "ရေတပ်ကဖမ်းမှာကြောက်လို့ဆိုပြီး တိရစ္ဆာန်တွေကို အရှင်လတ်လတ်ပင်လယ်ထဲပစ်ခဲ့ကြတဲ့ မှောင်ခိုသမားများ(ရုပ်/သံ)"

Leave a comment

Your email address will not be published.


*